Latest News

Friday, March 17, 2017

ဆန္ဒပြ သူနာပြုတွေနဲ့ ကျန်းမာရေး ဝန်ကြီး ဌာန ပြေလည်မှု ရရှိ

ဆန္ဒပြ သူနာပြုတွေနဲ့ ကျန်းမာရေး ဝန်ကြီး ဌာန ပြေလည်မှု ရရှိ


ရန်ကုန်၊ မတ် ၁၇

ရန်ကုန်သူနာပြုတက္ကသိုလ် ကျောင်းသားကျောင်းသူတွေဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေးနဲ့တွေ့ဆုံကာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ အချက်တွေ ပြေလည်မှုရရှိ သွားခဲ့တယ် လို့ သိရပါတယ်။

“လိုင်စင်ထုတ်ပေးမှာပေါ့ ကျောင်းပြီးတာနဲ့ ပေးမှာပါ” လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေး က ပြောပါတယ်။

ဝန်ကြီးနဲ့ ကျောင်းသားတွေဟာ မတ်လ ၁၇ရက်နေ့ ညနေ ၄နာရီမှာ ရန်ကုန်သူနာပြုတက္ကသိုလ်မှာ တွေ့ဆုံ ခဲ့ကြတာဖြစ်ပါတယ်။

သူနာပြုတက္ကသိုလ်ကျောင်းသားကျောင်းသူတွေဘက်က မတ်လ၁၅ရက်နေ့မှာ
တောင်းဆိုချက် ၆ချက်နဲ့ တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“တောင်းဆိုတဲ့ ၆ချက်လုံးထက်ကို ပိုပြီးတော့ကျေနပ်အားရစရာအဖြေတစ်ခုကို ရခဲ့ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးနဲ့ ဆွေးနွေးခဲ့တဲ့ ကျောင်းသားကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တဲ့ မကေခိုင်ထွန်းက ပြောပါတယ်။

ဆက်လက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကျောင်းသားတွေကို အရေးမယူကြောင်း၊နောက်နောင် အရေးကိစ္စတွေပေါ်လာပါကလည်း ဌာနအတွင်း မိသားစုသဖွယ်ညှိနှိုင်းဆွေးနွေးသွားမယ်လို့ သိရပါတယ်။အဲ့ဒါတွေအပြင် တောင်းဆိုထားတဲ့ အချက်အတိုင်း နိုင်ငံတာဝန်ထမ်းဆောင်သူများအား လိုင်စင်လက်ဝယ်ကိုင်ဆောင်ခွင့်ပြုမှာ ဖြစ်ပါတယ်။

 သူနာပြုတက္ကသိုလ်ဝင်ရောက်ချိန်က ချုပ်ဆိုခဲ့တဲ့ စာချုပ်အတိုင်း နိင်ငံတာဝန်ကို မပျက်မကွက်ထမ်းဆောင်ရန်လည်း ညှိနှိုင်း သဘောတူညီမှုရခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်စာနဲ့ ပတ်သတ်ပြီး ဆန္ဒထုတ်ဖော်မှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တောင်းဆိုချက် ၆ချက်မှာ ဖေဖော်ဝါရီ ၁ရက်နေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်စာကို ရုတ်သိမ်းရေး၊သူနာပြုများအလုပ်ထွက်ခြင်းအတွက်သေချာစစ်တမ်းကောက်ယူပြီး ပြဿ နာ ကို ဖြေရှင်းရန် ၊ နိုင်ငံဝန်ထမ်းထမ်းဆောင်သူများကိုအမြဲတမ်း လိုင်စင်ထုတ်ပေးရန်နဲ့ အခြား အချက်များ ပါဝင်တယ်လို့သိရပါတယ်။



အောင်လေး( Kumudra )

No comments:

Post a Comment