Latest News

Thursday, March 23, 2017

နိုင်ငံရေးအရ ဗိုလ်ချုပ်အောင်ဆန်းနာမည်မပျောက်စေရန် တံတားအမည်ပေးဟု မွန်ဝန်ကြီးချုပ်ဆို

နိုင်ငံရေးအရ ဗိုလ်ချုပ်အောင်ဆန်းနာမည်မပျောက်စေရန် တံတားအမည်ပေးဟု မွန်ဝန်ကြီးချုပ်ဆို

မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့သို့ ဆက်သွယ်ထားသော တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးခြင်းသည် နိုင်ငံရေးအရ ဗိုလ်ချုပ်အောင်ဆန်း နာမည်ပျောက်ကွယ်မသွားရန် ပေးခြင်းဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။


‘‘တိုင်းပြည်ကို ဖက်ဒရယ် စနစ်ဖြစ်ကို ဖြစ်ရမယ်ဆိုပြီး ဗိုလ် ချုပ်အောင်ဆန်းက ပြောတယ်။ ဖက်ဒရယ်လည်း ဖြစ်ရမယ်၊ ဒီမို ကရေစီလည်း ဖြစ်ရမယ်လို့ ဗိုလ် ချုပ်အောင်ဆန်းပြောထားတဲ့အ ထဲမှာ ပါတယ်။ ပထမဦးဆုံး နား လည်ဖို့လိုတယ်။ ၂၀ ရာစု ပင်လုံ စာချုပ် အပိုဒ် (၅)၊ (၆)မှာ ဒီမိုကရေစီပေးမယ်၊ တိုင်းရင်းသား တွေကို ဖက်ဒရယ်ပေးမယ်ဆိုပြီး အတိအလင်းရေးထားတယ်။ အခု၂၁ ရာစု ပင်လုံလုပ်မယ်။ အဲဒီမှာဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို တိုင်းရင်းသားတွေကို ကတိပေးထားတဲ့ အတိုင်း ဆောင်ရွက်မယ်။ အဲဒါ ဘယ်သူလုပ်ထားလဲ၊ ဗိုလ်ချုပ် အောင်ဆန်းလုပ်ထားတယ်။ ဗိုလ် ချုပ်အောင်ဆန်းရှိရင် ဖက်ဒရယ် နဲ့ ဒီမိုကရေစီရှိမယ်၊ ဗိုလ်ချုပ် အောင်ဆန်းမရှိရင် ဖက်ဒရယ်နဲ့ ဒီမိုကရေစီပျောက်မယ်။ ၂၁ ပင် လုံစာချုပ် ချုပ်ဆိုနိုင်ရင် ဖက် ဒရယ်လည်း ရမယ်၊ ဒီမိုကရေစီ လည်း ရမယ်။ နိုင်ငံရေးအရ ဗိုလ် ချုပ်အောင်ဆန်း နာမည်မပျောက် စေဖို့ နာမည်ပေးတာ’’ဟု မွန်ပြည် နယ်ဝန်ကြီးချုပ်က ပြောသည်။


၂၁ ပင်လုံစာချုပ် လက်မှတ် မရေးထိုးမီအတွင်း တံတားကိုဗိုလ်ချုပ်အောင်ဆန်းတံတားအ မည်ပေးခြင်းဖြစ်ကြောင်း၊ တံတား အမည်ကို ကန့်ကွက်နေသူများ သည် ဗိုလ်ချုပ်အောင်ဆန်းအ မည် ပျောက်စေရန် ကန့်ကွက်နေခြင်းဖြစ်ကြောင်း ယမန်နေ့ကလွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များအား ပြောကြားသည်။

‘‘ဗိုလ်ချုပ်ပျောက်ရင် ဒီမိုကရေစီဝါဒနဲ့ ဖက်ဒရယ်လမ်းစဉ် ပျောက်နိုင်တယ်။ ဒါတစ်ချိန်က လည်း ပျောက်အောင် ကျွန်တော် တို့ ဖြတ်သန်းခဲ့ရတယ်။ ပျောက် အောင်လုပ်တဲ့ကာလကြီးကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတယ်။ ဒါလေးကိုတော့  ကိုယ်စားလှယ်များ သတိမပျက်ဖို့တော့လိုတယ်။ သတိရှိဖို့တော့လိုတယ်။ ဗိုလ်ချုပ် ချမှတ်ခဲ့တဲ့ ဒီမိုကရေစီဝါဒနဲ့ ဖက် ဒရယ်လမ်းစဉ်မပျောက်ဖို့ဆိုရင် မိဘပြည်သူ မဲဆန္ဒရှင်တွေကို ဒါ လေးကို ရှင်းလင်းပေးဖို့တော့လို တယ်’’ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က မတ်လ ၂၂ ရက်တွင် မွန်ပြည်နယ်လွှတ်တော် ၌ ပြောကြားသည်။ ( 7Day )

 

No comments:

Post a Comment