Latest News

Wednesday, March 8, 2017

တောင်ကိုရီးယားသမ္မတကို စွဲချက်တင်၊ မတင် မတ် ၁၀ ရက်နေ့ အမိန့်ချမည်

တောင်ကိုရီးယားသမ္မတကို စွဲချက်တင်၊ မတင် မတ် ၁၀ ရက်နေ့ အမိန့်ချမည်

တောင်ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံတရားရုံးဟာ သမ္မတ ပတ်ဂွန်းဟေးကို တရားဝင် စွဲချက်တင်၊ မတင် မတ် ၁၀ ရက်နေ့မှာ အပြီးသတ်အမိန့်ချမယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား ဖွဲ့စည်းပုံတရားရုံးရဲ့ လူထုသတင်းနဲ့ ပြန်ကြားရေးအရာရှိက သမ္မတကို လာဘ်စားမှုနဲ့ စွဲချက်တင်၊ မတင် မတ် ၁၀ ရက် မနက် ၁၁ နာရီ မှာ တရားဝင်ကြေညာပါမယ်လို့ ရှင်းပြသွားပါတယ်။

ဖွဲ့စည်းပုံတရားရုံးရဲ့ တရားသူကြီး ၈ ဦး အနက် ၆ ဦးက စွဲချက်တင်မယ်လို့ ဆုံးဖြတ်မှသာ သမ္မတ ပတ်ကို လာဘ်စားမှုနဲ့ တရားဝင် စွဲချက်တင်ပြီး ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။

မူလက ဖွဲ့စည်းပုံတရားရုံးမှာ စုစုပေါင်း တရားသူကြီး ၉ ဦး ရှိပြီး အကြီးဆုံးတရားသူကြီးချုပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အငြိမ်းစားယူသွားတဲ့အတွက် သမ္မတ ပတ်ရဲ့ အမှုနဲ့ပတ်သက်ပြီး လာမယ့်မတ် ၁၀ ရက်နေ့မှာ မဲပေးဆုံးဖြတ်နိုင်ခြင်း မရှိပါဘူး။

မတ် ၁၀ ရက်နေ့မှာ လုပ်မယ့် ဖွဲ့စည်းပုံတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ရုပ်သံတချို့ကနေ တိုက်ရိုက်ထုတ်လွှင့်မယ်လို့ ဖွဲ့စည်းပုံတရားရုံးပြန်ကြားရေးအရာရှိက ရိုက်တာသတင်းထောက်ကို ပြောပြခဲ့ပါတယ်။

DVB

No comments:

Post a Comment