Latest News

Wednesday, March 8, 2017

၂၀၁၆ ခုနှစ်အတွင်း ဧရာဝတီတိုင်း အတွင်း၌ လိင်အကြမ်းဖက် ခံရသည့် ကလေးသူငယ်ပေါင်း ၁၀၃ ဦးထိ ရှိ

၂၀၁၆ ခုနှစ်အတွင်း ဧရာဝတီတိုင်း အတွင်း၌ လိင်အကြမ်းဖက် ခံရသည့် ကလေးသူငယ်ပေါင်း ၁၀၃ ဦးထိ ရှိ

၂၀၁၆ ခုနှစ်အတွင်း ဧရာဝတီတိုင်း ဒေသကြီးအတွင်း၌ လိင်အကြမ်းဖက်မှု ၁၉၈ မှုထိ ဖြစ်ပွားခဲ့ပြီး လိင်အကြမ်းဖက်ခံရသည့် ကလေးသူငယ်ပေါင်း ၁၀၃ ဦး၊ အမျိုးသမီး ၆၄ ဦးနှင့် မသန်စွမ်းသူ ငါးဦးထိရှိခဲ့ကြောင်း မတ် ၈ ရက်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ပြောကြားသည်။

လိင်အကြမ်းဖက်မှု အမှုများအား သက်ဆိုင်ရာ ခရိုင်တရားရုံးများတွင် စစ်ဆေးပြီး စီးခဲ့သည့် အမှုများနှင့် စစ်ဆေးနေဆဲ အမှုများအရ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များ အလိုက် ပုသိမ်ခရိုင်တွင် လိင်အကြမ်းဖက်မှု ၄၀ မှု၊ ဟင်္သာတခရိုင်တွင် ၃၅ မှု၊ ဖျာပုံခရိုင်တွင် ၅၄ မှု၊ မအူပင်ခရိုင်တွင် ၂၄ မှု၊ မြောင်းမြခရိုင်တွင် ၂၄ မှု၊ လပွတ္တာခရိုင်တွင် ၁၆ မှု ဖြစ်ပွားခဲ့ကြောင်း ၀ါးခယ်မမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ဒေါ်မြင့်မြင့်စန်း၏ မြန်မာနိုင်ငံ အနေဖြင့် ယခုအခါ သက်ငယ်၊ သက်ကြီးနှင့် မသန်စွမ်းသူ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်ခံရမှုနှင့် လူကုန်ကူးခံရမှု ဖြစ်စဉ်များမှ စိုးရိမ်ထိတ်လန့်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေပါသဖြင့် အမျိုးသမီးများဘ၀ လုံခြုံမှုရှိဖို့အတွက် ကူညီစောင့်ရှောက်ရေးပေးနှင့် စပ်လျဉ်းသည့် မေးခွန်းကို လွှတ်တော်သို့ မေးမြန်းမှုအား ဗိုလ်မှူးကြီးကျော်စွာလှိုင်က ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်း လိင်အကြမ်းဖက်မှုများအပြင် လူကုန်ကူးမှု ၁၁ မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူ အားလုံးအား ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment