Latest News

Monday, March 6, 2017

ကလိထိုးရင် ဘာလို့ရယ်ချင်သလဲ

ကလိထိုးရင် ဘာလို့ရယ်ချင်သလဲ

ခါးနေရာကို ကလိထိုးရင် ယားတတ်ပါသလား။ ချိုင်း၊ လည်ချောင်းနား၊ ခြေဖဝါးနားနေရာတွေကို မထိတထိလုပ်ရင်ကော ယားတတ်ပါသလား။ ဘာလို့ ဒီလိုယားတာလဲ၊ ယားတာတင်မဟုတ်ဘဲ ရယ်ပါရယ်ချင်သလို ဖြစ်တာကို ကြုံဖူးမှာပါ။

ကိုယ်ခန္ဓာရဲ့ တချို့နေရာတွေက အရေပြားကို ထိမိရင် အဲဒီ အရေပြားရဲ့ အပေါ်ဆုံး အလွှာမှာရှိတဲ့ အာရုံကြောတွေက အရမ်းကို အာရုံခံမှုကောင်းကြပါတယ်။ သူတို့က အရေပြားကို ထိတာနဲ့ ဦးနှောက်ဆီကို ချက်ချင်း အချက်ပြပေးပို့ပါတယ်။ ဇီဝဗေဒ ပညာရှင်တွေနဲ့ အာရုံကြော သိပံ္ပပညာရှင်တွေက ကလိထိုးခံရသူဟာ ဦးနှောက်ကနေ နာကျင်မှု ဆန်တဲ့ခံစားမှုကို သိလာတယ်လို့ ဆိုကြပါတယ်။

အထိ မခံချင်တဲ့ နေရာတွေ ဖြစ်တဲ့ ချိုင်း၊ လည်ချောင်းနား၊ ခြေဖဝါးနားနေရာတွေကို သူများက လာတို့တာ၊ ကလိထိုးတာ၊ မထိတထိလုပ်တာ စသဖြင့် အထိခံရရင် မခံချင်တာမို့ ဒီမှာ ကလိထိုးနေပြီလို့ လှမ်းအချက်ပို့လိုက်တယ်။ အဲအခါမှာ ဦးနှောက်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ မယားအောင် ကိုယ်ခန္ဓာကြီးကို ချက်ချင်း တောင့်တင်းထားတတ်ပါတယ်။

ကိုယ့်ဖာသာကော ကလိထိုးရင်ကျတော့ ဘာလို့ မရယ်ချင်ရတာလဲ။ ကိုယ့်ဖာသာကိုယ် ထိုးတယ်ဆိုတာကို  အဲဒါ ကိုယ့်ဖာသာကိုယ်ထိုးနေတာချည်းပဲဆိုပြီး ဦးနှောက်က အသိရှိနေတာကြောင့် ရယ်ချင်စိတ်တစိမှ မဖြစ်ရတာပါလို့ ဆိုပါတယ်။


Source : HowStuffWorks

Duwun

No comments:

Post a Comment