Latest News

Friday, March 10, 2017

နဂါးလေးကို မူးယစ်ဆေးမှုအတွက် အရှေ့ ပိုင်းခရိုင်တရားရုံးကို တရားစွဲတင်ပို


နဂါးလေးကို မူးယစ်ဆေးမှုအတွက် အရှေ့ ပိုင်းခရိုင်တရားရုံးကို တရားစွဲတင်ပို

ရန်ကုန် မတ်လ ၁၀ - ဒဂုံမြို့ သစ်တောင်ပိုင်းမြို့ နယ် ဘုန်းကြီးကျောင်းကွေ့ မှာ ရဲတပ်ဖွဲ့ ဝင်များ သေနတ်နဲ ပြစ်ခတ် ဖမ်းစီးခဲ့ရတဲ့ လူမိုက်ခေါင်းဆောင် နဂါးလေးကို မူယစ်ဆေးဝါးမှုနဲ့ အရှေ့ ပိုင်းခရိုင်တရားရုံးကို ယနေ့တရားစွဲတင်ပို့ ပါတယ်။ “ အပြေးမှုနဲ့ ထားတဲ့ ပုဒ်မအတိုင်းဘဲ မူးယစ်ဆေးဝါးမှုနဲ့ စွဲမှာပါ ”ဒဂုံမြို့ သစ်တောင်ပိုင်းမြို့ မရဲစခန်းက ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဖြစ်စဉ်မှာ ဒဂုံမြို့ သစ်တောင်ပိုင်းမြို့ နယ် ၂၀ ရပ်ကွက်လှော်ကားလမ်း နဲဥသဘုရားလမ်းဆုံမှာ မူးယစ်ဆေးဝါးမှု၊လုယက်မှုများနဲ့ ရဲတပ်ဖွဲ့ ကအလိုရှိတဲ့တရားခံပြေး နဂါးလေး(ခ) အောင်နိုင်မြင့်ကိုသ တင်းအရ လိုက်လံဖမ်းစီးရာ အဖမ်းမခံဘဲ ကားနဲ့ တိုက်ထွက်ပြေးလို့ ရဲတပ်ဖွဲ့ ကသေနတ်နဲ့ ပစ်ခတ် ဖီးစီးရာ ဖမ်းမမိခဲ့သူဖြစ်ပါတယ်။

လွတ်သွားတဲ့ နဂါးလေးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှုခင်းအကူဌာနက လိုက်လံစုံစမ်းဖမ်းစီးရာ မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့ ၊မကျီးချောင်း ၄ ရပ်ကွက်ရှိ သူ့ ရဲ့အဒေါ်တော်စပ်သူ နေအိမ်မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ က ဖမ်းစီးရမိသူဖြစ်ပါတယ်။ လုယက်မှုနဲ့ ပတ်သတ်ပြီး လမ်းမတော်မြို့ နယ်တရားရုံးမှာ နဂါးလေး(ခ) အောင်နိုင်မြင့်ကိုယခု လ ပထမပတ်က ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ပါတယ်။

မူးယစ်မှု၊ လုယက်မှုနဲ့ ရဲတပ်ဖွဲ့ ကဖမ်းစီးခဲ့တဲ့ န ဂါးလေး(ခ)အောင်နိုင်မြင့်ဟာ တရားလွတ်တော်ရှေ့ နေဦးကိုနီ လုပ်ကြံဖို့ ငွေပေးစေခိုင်းခံရသူတစ်ဦး ဖြစ်ခဲ့ပြီး ငွေသိန်း၂၀၀ နဲ့ ကားတစ်စီးယူပြီးမှ လုပ်ကြံမပေးဘဲ ထွက်ပြေးတိမ်းရှောင်နေသူဖြစ်တယ်လို့  ဦးကိုနီလုပ်ကြံခံရမှုသတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ဇော်ဝင်းကပြောခဲပါတယ်။

နဂါးလေး(ခ)အောင်နိုင်မြင့်ကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့ မရဲစခန်းက (ပ)၁၃/၂၀၁၆ မူးယစ်ဆေး ၀ါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရှေ့ ပိုင်းခရိုင် တရားရုံးကိုတရားစွဲတင်ပို့ မှာဖြစ်ပါတယ်။ လမ်းမတော်မြို့ မရဲစခန်းက (ပ)၉/၂၀၁၆ ရာဇသတ်ကြီးဥပ ဒေပုဒ်မ ၃၈၆/၃၂၃/၁၁၄ နဲ့ တရားစွဲဆိုထားပါတယ်။

Author လူမွန်

Kumudra

No comments:

Post a Comment