Latest News

Friday, March 10, 2017

တောင်ကိုရီးယားတွင် ပက်ဂွမ်ဟေး သမ္မတအဖြစ်မှ ဖယ်ရှားခံရမှု ကန့်ကွက်ဆန္ဒပြပွဲအတွင်း နှစ်ဦး သေဆုံး

တောင်ကိုရီးယားတွင် ပက်ဂွမ်ဟေး သမ္မတအဖြစ်မှ ဖယ်ရှားခံရမှု ကန့်ကွက်ဆန္ဒပြပွဲအတွင်း နှစ်ဦး သေဆုံ


တောင်ကိုရီးယားတွင် ယနေ့ မတ်လ ၁၀ ရက်က ပက်ဂွမ်ဟေး သမ္မတ ရာထူးမှ ဖယ်ရှားခံလိုက်ရမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် လူနှစ်ဦးထက် မနည်း သေဆုံးခဲ့ရကြောင်း ရဲများက ပြောသည်။

ခြစားမှုကိစ္စတွင် ပါဝင်ပတ်သက်ထားမှုဖြင့် စွပ်စွဲပြစ်တင်ခံထားရသော ပက်ဂွမ်ဟေးအား တရားစွဲဆိုရန် လွှတ်တော်၏ မဲခွဲဆုံးဖြတ်မှုကို ယခုအခါ နိုင်ငံ၏အမြင့်ဆုံး ဖွဲ့စည်းပုံတရားရုံးကပါ အတည်ပြုပေးလိုက်ဖြစ်သည်။

ထိုကဲ့သို့ ပက်ဂွမ်ဟေးကို ရာထူးမှ ဖယ်ရှားရန် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်သူ အုပ်စုများက မတ်လ ၁၀ ရက်တွင် စုဝေးချီတက်ဆန္ဒပြခဲ့ကြပြီး ယင်းဆန္ဒပြပွဲများအတွင်း ပါဝင်ခဲ့သူနှစ်ဦး ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်ဟု သိရသည်။

Yonhap သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အသက် ၇၂ နှစ်အရွယ် အဖိုးအိုတစ်ဦးမှာ တရားရုံးအနီး ဦးခေါင်းသွေးထွက်ဒဏ်ရာဖြင့် တွေ့ရသဖြင့် ဆေးရုံသို့ တင်ပို့သော်လည်း အသက်မမှီခဲ့ကြောင်း သိရသည်။

အလားတူ ရုန်းရင်းဆန်ခတ် အခြေအနေများအတွင်း သေဆုံးသူ နောက်တစ်ဦး ထပ်ရှိခဲ့ကြောင်း သတင်းများအရ သိရသည်။

ယင်းနိုင်ငံတွင် ပက်ဂွမ်ဟေးကို အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှုတိုဖြင့် စွပ်စွဲပြစ်တင်ထားပြီး တရားစွဲဆိုသွားရန် တရားရုံးက ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ပက်အား ထောက်ခံသူ၊ ဆန့်ကျင်သူထောင်ပေါင်းများစွာတို့မှာ လမ်းများပေါ်သို့ ရောက်ရှိ ဆန္ဒပြနေခဲ့ကြခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အဆိုပါ ဆန္ဒပြမှုများကြောင့် ယခုအခါ ဖွဲ့စည်းပုံတရားရုံးတစ်ဝိုက်တွင် လုံခြုံရေးအစောင့်အကြပ်များ ထူထဲစွာ ချထားပြီး ဆန္ဒပြသူများကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းနေရကြောင်းလည်း သိရသည်။

Mizzima

No comments:

Post a Comment