Latest News

Tuesday, March 21, 2017

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဖံွ့ဖြိုးရေးဆောင်ရွက်ဖို့ ငွေကျပ်သိန်းပေါင်း ၃သောင်းကျော်ရှိကြောင်း ကချင်ဝန်ကြီးချုပ်ပြော

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဖံွ့ဖြိုးရေးဆောင်ရွက်ဖို့ ငွေကျပ်သိန်းပေါင်း ၃သောင်းကျော်ရှိကြောင်း ကချင်ဝန်ကြီးချုပ်ပြော

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးစွဲဖို့ ရန်ပုံငွေ ကျပ်သိန်းပေါင်း ၃ သောင်း ကျော်ရှိပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ တောင်းခံလာရင် စိစစ်ပြီး ထုတ်ပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ပြောကြားလိုက်ပါတယ်။

ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ကျောက်စိမ်းရောင်းရငွေကနေ ရရှိတဲ့ရန်ပုံငွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်နယ်လွှတ်တော်မှာ မေးမြန်းရာ ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ဖြေကြားခဲ့တာဖြစ်ပါတယ်။

အဲဒီငွေတွေဟာ လူမှုတာဝန်ခံမှု CSR - Corporate social responsibility ရန်ပုံငွေဖြစ်ပါတယ်။ ကျောက်မျက်ရတနာလုပ်ငန်းရှင်တွေက ကျောက်စိမ်းရောင်းရငွေထဲကနေ သတ်မှတ်အခွန်ငွေနှုတ်ပြီး ကျန်ငွေအပေါ်မှာ ၁ ရာခိုင်နှုန်းထည့်ဝင်ထားတဲ့ငွေ ဖြစ်ပါတယ်။  အဲဒီရန်ပုံငွေတွေနဲ့ ဖားကန့်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြုရမှာဖြစ်ပါတယ်။

အဲဒီငွေတွေကို  ရတနာနယ်မြေတွေရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ၂၀၁၆ ခုနှစ်အတွင်း ပြည်ထောင်စု အစိုးရကနေ ကချင်ပြည်နယ်အစိုးရကို လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။

လတ်တလော ဖားကန့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတချို့မှာ အသုံးပြုနေတဲ့ ယာဉ်ယန္တရားတွေအတွက် ကုန်ကျငွေ ကျပ်သိန်းပေါင်း ၃ ထောင်ကျော်ကို ထုတ်ပေးဖို့ တင်ပြလာတာရှိပေမယ့် လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အတွက် မထုတ်ပေးနိုင်သေးကြောင်း အကြောင်းပြန်ထားတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

မိုးညှင်းခရိုင်အတွင်းက လုံးခင်း-ဖားကန့် နဲ့ မော်လူး-မော်ဟန် ရတနာနယ်မြေတွေဟာ အဖိုးတန်ကျောက်စိမ်းတွေထွက်ရှိတဲ့ ဒေသဖြစ်ပါတယ်။

Photo: Kyaw Myo Min/RFA

No comments:

Post a Comment