Latest News

Monday, March 20, 2017

တရားမ၀င်ရွှေမျောလုပ်ငန်းလုပ်ကိုင်နေသူများနှင့် လုပ်ငန်းအသုံးပြုဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

တရားမ၀င်ရွှေမျောလုပ်ငန်းလုပ်ကိုင်နေသူများနှင့် လုပ်ငန်းအသုံးပြုဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းသည် မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် တုံပေကျေးရွာ၏အရှေ့တောင်ဘက် ၁ မိုင်ခွဲခန့် အကွာ၌ တရားမ၀င်ရွှေမျောလုပ်ငန်းများလုပ်ကိုင်နေသည့် ဦးဆိုင်းအောင်(ဘ)ဦးအဲလှနှင့် ဦးသောင်းတန်(ဘ) ဦးမောင်ရွှေတို့ကို ရွှေမျောလုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် အင်ဂျင်လေးလုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ မတ် ၁၉ ရက် နံနက် ၁၁ နာရီခန့်တွင်လည်း ကသာမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နန့်စီးအောင်ကျေးရွာ၏အနောက်တောင်ဘက် ၄ မိုင်ခန့်အကွာ၌ တရားမ၀င်ရွှေမျောလုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် အင်ဂျင်လေးလုံးနှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့်အတူ သိမ်းဆည်းရမိ ဆက်စပ်ပစ္စည်းများအား မိုင်းကိုင်နယ်မြေရဲစခန်းနှင့် နန့်စီးအောင်နယ်မြေရဲစခန်းများသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှသတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment