Latest News

Wednesday, March 15, 2017

ဒေါပုံမြို့နယ်က တိုက်ခန်းငါးခန်း စရန် ၃၀ ရာခိုင်နှုန်းနဲ့ ကျန်ငွေ  တစ်နှစ်ခွဲအရစ်ကျ

ဒေါပုံမြို့နယ်က တိုက်ခန်းငါးခန်း စရန် ၃၀ ရာခိုင်နှုန်းနဲ့ ကျန်ငွေ  တစ်နှစ်ခွဲအရစ်ကျ

ရန်ကုန်၊ မတ် ၉ - နဝရတ်အိမ်ခြံမြေရောင်းဝယ်ရေးကုမ္မဏီမှာ စရန်ငွေ ၃၀ ရာခိုင်နှုန်းစရန်ပေးပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို တစ်နှစ်ခွဲ လစဉ်အရစ်ကျ ပေးသွင်းရုံနဲ့ တိုက်ခန်းငါးခန်းကို ဝယ်ယူနိုင်မယ်လို့ သိရပါ တယ်။

အခန်း ငါးခန်းလုံးရဲ့ အကျယ်ကတော့ ၁၂ ပေခွဲ x ပေ ၅၀ ရှိပါ တယ်။ ရောင်းချမယ့်အခန်းကတော့ ငါးခန်းရှိပါတယ်။ ဈေးနှုန်းတွေကတော့ ကျပ်သိန်း ၃၂၀၊ သိန်း၂၈၀၊ သိန်း ၂၆၀အမျိုး မျိုးရှိပါတယ်။ ၅၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးနေပြီး ကြိုပွိုင့်အနေနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ တိုက်တည်ရှိတဲ့နေရာကတော့ ဒေါပုံမြို့နယ်ယမုံနာ(၂) ရပ်ကွက်၊ စံပြ (၄) လမ်း၊ အမှတ်(၂၉၂/က)မှာ ဖြစ်ပါတယ်။

‘ဝယ်ယူသူတွေအနေနဲ့ ပထမဝယ်ယူတာနဲ့ ၃၀ ရာခိုင်နှုန်းပေး သွင်းပြီး တော့ ကျန် ၇၀ ရာခိုင်နှုန်းကိုတော့ ဈေးနှုန်းအလိုက် အချိုးကျတစ်လစီ တစ်နှစ်ခွဲအကြာ ပေးသွင်းနိုင်ပါတယ်၊ လူနေထိုင်မှုကိုတော့ ငွေပေးချေမှု ၇၀ ရာခိုင်နှုန်းကျေပြီးတာနဲ့ နေထိုင်ခွင့်ပေးမယ်၊ တိုက်ကတော့ ၂၀၁၇ ဒီဇင်ဘာလမှာဆောက် လုပ်ပြီးစီးမှာဖြစ်ပြီး လူနေနိုင်ခွင့်လဲ ဒီနှစ်ကုန်လောက်ရရှိမှာဖြစ်တယ် လို့ နဝရတ် အိမ် ခြံ မြေရောင်းဝယ်ရေး ကုမ္မဏီတာဝန်ရှိသူ   ဦးသန်းမြင့် ပြောပါတယ်။

အရစ်ကျနဲ့ရောင်းချရတဲ့ ရည်ရွယ်ချက်ကိုလည်း ဦးသန်းမြင့်က အလုပ်သမားတွေ၊ ဝန်ထမ်းတွေ၊ ပြည်သူလူထုတွေအတွက် အကျိုးရှိလိမ့်မယ်ထင်ပါတယ်၊သူတို့တွေအနေနဲ့ ငွေအကျေချေပြီး ဝယ်ယူဖို့ဆိုရင် မဖြစ်နိုင်တဲ့သူတွေရှိတယ်၊ အရစ်ကျနဲ့ရောင်းတော့ သူတို့တွေအတွက်ငွေပေးမှုက လစဉ်ပေးသွင်းရမှာဆိုတော့ တဖြည်းဖြည်းနဲ့ အနည်းငယ်စီပေးသွင်းရုံနဲ့ အလုပ်သမားတွေ၊ ဝန်ထမ်းတွေတိုက်ခန်းပိုင်ဆိုင်နိုင်မှာပါလို့ ပြောပါတယ်။


မေသက်

Kumudra


No comments:

Post a Comment