Latest News

Wednesday, March 15, 2017

နေပြည်တော်ကို ပြည်သူ့ မြို့တော်ဖြစ်ဖို့ ပုံဖော်နေပြီ

နေပြည်တော်ကို ပြည်သူ့ မြို့တော်ဖြစ်ဖို့ ပုံဖော်နေပြီ

နေပြည်တော်၊ မတ် ၁၂ - အုပ်ချုပ်မှုမြို့တော် ဖြစ်တဲ့ နေပြည်တော်ကို အခုအစိုးရလက်ထက်မှာ Smart City အဖြစ် ပုံဖော်ဖို့ ကြိုးစားလာကြပါတယ်။

Smart City ဆိုတာ ပညာရေးကို အခြေခံတဲ့ မြို့တော်ဖြစ်ရမယ်။  မီးခိုးငွေ့နဲ့ အညစ်အကြေးတွေ ကင်းစင်ပြီး သန့်ရှင်း သပ်ရပ်သာယာလှပတဲ့ မြို့တော်ဖြစ်ရမယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို  လက်ခံမှာ ဖြစ်ပေမဲ့ လက်ရှိအနေအထားမှာ အကြီး စားစက်မှုလုပ်ငန်းတွေအတွက်တော့ ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုများတဲ့ စက်ရုံမျိုးတွေ ခွင့်ပြုမှာ မဟုတ်ပါဘူး။ အထူးသဖြင့်အလုပ်အကိုင်အခွင့်အလမ်းပေါ် ပေါက်စေတဲ့ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေကို အားပေးမယ့်မြို့အဖြစ် အကောင်အထည်ဖော်မှာပါ။

နေပြည်တော်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် (၂) ဦးမင်းသူက ‘နေ ပြည်တော် တည်ဆောက်ရေးဟာ အနာ ဂတ်လုပ်ငန်းတစ်ခုလို့လဲ ပြောလို့ရပါ တယ်၊ အဲဒီထဲမှာ Smart City မြို့တော် တစ်ခုဖြစ်အောင် သတ်မှတ်ထားတယ်၊ ပြည်သူများနေထိုင်ရေးဆိုင်ရာ အဆင့် မြှင့်တင်ဖို့တည်ဆောက်မှာ ဖြစ်ပါတယ်˘ လို့ ပြောပါတယ်။

နပြည်တော်ကို တည်ဆောက်တဲ့ အခါမှာ ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေတွေကို သိမ်းဆည်းခဲ့တယ်။ သစ်တောဖုံးလွှမ်းတဲ့ နယ်မြေကို သစ်တောကနေ ပယ်ဖျက်ပြီးတော့မှ ပြည် ထဲရေးကတစ်ဆင့် နေပြည်တော်တည် ဆောက်ရေးအတွက် အထူးစီမံကိန်းအဖွဲ့ကနေ လွှဲယူခဲ့တာဖြစ်ပါတယ်။

အမေ့ခံလည်း ဆွဲခေါ်ပါ

နေပြည်တော်ရဲ့ အသုံးစရိတ်ကို နှစ်စဉ်တာင်းခံခဲ့ရာ လမ်းပြုပြင်ရေးလုပ် ငန်း၊ မီး၊ ရေနဲ့ အဆောက်အအုံထိန်းသိမ်းရေးတွေ များခဲ့ပါတယ်။ မြို့တော်စိမ်း လန်းရေးအတွက် သစ်ပင်ပန်းပင်တွေ ရေလောင်းကားတွေအတွက် ဆီအသုံးစရိတ် ကုန်ကျစရိတ်တွေ တောင်းခံခဲ့ပါတယ်။ လမ်းမီးတိုင်တွေ ထိန်ထိန်ညီးနေအောင် ထွန်းတာကိုလျှော့ချဖို့နဲ့ နေ့ဘက်တွေမှာ လမ်းမီးတွေ မပိတ်ဘဲ ထွန်းထားတာတွေ မလုပ်ဖို့ကို အရင်အစိုးရလက်ထက်ကတည်းက ဝေဖန်ခဲ့ကြပါတယ်။

သည်နေ့ထိ မပြုပြင်နိုင်သေးပါဘူး။ ဝန်ကြီးဌာနသွားရာလမ်း၊ ဝန်ထမ်းအိမ် ရာလမ်းနဲ့ လွှတ်တော်သွားရာလမ်းမီးတိုင်တွေဟာ နေ့ဘက်တွေမှာပါ မီးတေမပိတ်ပါဘူး။

နေပြည်တော်မှာ မြို့သစ်အတွက်ပဲ နှစ်စဉ်မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြတယ်။ ပျဉ်းမနား၊ လယ်ဝေးနဲ့ တပ်ကုန်းမြို့နယ်တွေရဲ့ မြို့စွန်တွေမှာတော့ ကျေးရွာချင်းဆက်လမ်းတွေ မကောင်းတာတွေ  မီးမရသေးတဲ့ ကျေးရွာတွေ အများအပြားရှိနေပါတယ်။

နေပြည်တော်ရဲ့ လျှပ်စစ်သုံးစွဲမှုက အများဆုံး ၁၁၆ မဂ္ဂါဝပ်ရှိပါတယ်။ နေပြည်တော်ရဲ့ အရှေ့ဘက်မှာရှိတဲ့ စက် တပ်ဆင်စွမ်းအား ၂၈၀ မဂ္ဂါဝပ်ထုတ်လုပ် နိုင်တဲ့ ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံကနေ အဓိက ဖြည့်တင်းပေးနေတယ်။ လိုအပ်ချက်ကို မဟာဓာတ်အားလိုင်းက ရယူနေပါတယ်။

နေပြည်တော်လို့ ပြောလိုက်ရင် အများစုက မီးတွေ ထိန်ထိန်လင်းပြီး ဖြောင့် ဖြူးညီညာနေတဲ့ လမ်းတွေကိုသာ မြင်တတ်ကြတယ်။ အလှမ်းကွာတဲ့ အမေ့ခံ ကျေးရွာတွေကိုတော့ သတိမထားမိကြပါဘူး။  အရင်အစိုးရကတည်းက အမေ့ခံရ သူတွေမှာ အခုအစိုးရလက်ထက်မှာလည်း ထူးခြားတဲ့လုပ်ငန်းစီမံကိန်းတွေ မပါသေးဘူးလို့ လွှတ်တော် ဘတ်ဂျက်စိ စစ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

နေပြည်တော်ကောင်စီနယ်မြေရဲ့ ဘတ်ဂျက်ကို စိစစ်ရတဲ့ ဘတ်ဂျက်စိစစ် ရေးအဖွဲ့ (၁) အဖွဲ့ဝင် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) က ဦးစောမိုးမြင့်က “သီရိမြို့နယ်တွေကို များများတောင်းပြီး မြို့ဟောင်းတွေအတွက် နည်းတယ်၊ မြို့ ဟောင်းတွေက ရွာချင်းဆက်လမ်းတွေ လုပ်ပေးသင့်တယ်၊ ပါတော့ပါတယ်နည်းတယ်” လို့ ဆိုပါတယ်။

နေပြည်တော်မှာ ဇဗ္မူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ လယ်ဝေးနဲ့ တပ်ကုန်းမြို့နယ် ဆိုပြီး ရှစ်မြို့နယ်ရှိတယ်။ ၂၇၂၄့၇၅ စတုရန်းမိုင်ကျယ်ဝန်းပါတယ်။ ရန်ကုန်မြို့ ရဲ့ မြောက်ဘက် ၂၂၄ မိုင်အကွာအဝေး မှာ တည်ရှိတယ်။ လူဦးရေ တစ်သန်းကျော် နေထိုင်ပါတယ်။

တောင်းတိုင်းမပေးနိုင်

NLD အစိုးရလက်ထက် ပထမဆုံး  ရေးဆွဲတဲ့ အခုဘတ်ဂျက်မှာ နေပြည် တော်အတွက် တောင်းတဲ့ငွေ လုပ်ငန်း စီမံကိန်းတွေကို လူထုက စိတ်ဝင်စားကြပါ တယ်။ ပွင့်လင်းမြင်သာမှုမရှိဘဲ ဆောက်ခဲ့တဲ့ အဆောက်အအုံတွေ၊ လမ်းတွေရဲ့ နှစ်စဉ်အသုံးစရိတ်က သည်နှစ်မှာတော့ ပြောင်းလဲသုံးစွဲလိမ့်မယ်လို့ တွေးဆမှုတွေ ရှိနေပါတယ်။

ဒါပေမဲ့ နေပြည်တော်ကောင်စီနယ် မြေအတွက် သည်နှစ်ဘတ်ဂျက်တောင်းခံ မှုကတော့ လုပ်ငန်းရော စီမံကိန်းတောင်းခံပုံတွေရောက အရင်အတိုင်းပဲလို့ ဘတ် ဂျက်စိစစ်ရေးအဖွဲ့ဝင်တွေက ဆိုပါတယ်။

တည်ဆောက်ရေးလုပ်ငန်းတွေမှာ နေရာတူပေမဲ့ PAE နှုန်းတွေမတူတာ၊ နှစ်စဉ်တောင်းခံနေကျ မော်တော်ယာဉ် ပြု ပြင်ထိန်းသိမ်းစရိတ်၊ အဆောက်အအုံထိန်းသိမ်းစရိတ်၊ အဆောက်အအုံအသစ် ဆောက်လုပ်ဖို့ တောင်းခံမှု၊ အဆောက်အအုံအမိုးပြင်ခြင်း၊ချဲ့ထွင်ခြင်းစတဲ့စရိတ်တွေကငါးနှစ်သက်တမ်းလောက်သာရှိသေးတဲ့အဆောက်အအုံတွေအတွက် မတောင်းသင့်တာတွေကို တောင်းခံနေသလို လွှတ်တော်အတွက်လည်း ခွင့်ပြုပေး နေရတာဖြစ်ပါတယ်။

ဦးစောမိုးမြင့်က ‘တည်ဆောက်ရေး ကာလက ဘာမှမကြာသေးဘဲ ထိန်းသိမ်း စရိတ်တွေထပ်ထပ်တောင်းနေတာ သဘာဝမကျဘူး၊ ဖြတ်တယ်၊ စတိလောက်ပဲ၊ နောက်နှစ်ကျရင် ဒီထက်စနစ် တကျ စိစစ်နိုင်ဖို့လိုတယ်˘လို့ ဆိုပါ တယ်။

သည်နှစ်အတွက် မြေယာပြုပြင်ရေး လုပ်ငန်းတွေလုပ်ဖို့ နေပြည်တော်စည်ပင် က တင်ပြလာတာယ်။ တင်ဒါပေးတာ မတွေ့ရသေးတာကြောင့် တင်ဒါပေးပြီး လုပ်ဖို့ အကြံပြုတိုက်တွန်းပါတယ်။ ဘတ်ဂျက်မှာတော့ခွင့်မပြုဘဲ ဖြတ်တောက်ခဲ့ ပါတယ်။ ဝန်ကြီးဌာနတွေအတွက် အဆောက်အဦး ၄၃ ခု တည်ဆောက်မှုမှာ လည်း တစ်လုံးစီရဲ့ PAE တန်ဖိုးတွေက မတူဘဲ အသေးစိတ်တွေ မပါလို့ ဖြတ် တောက်ခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးမင်းသူက ‘လုပ်ငန်းရှင်တွေဆိုတာက တကယ့်ကို အလုပ်လုပ် ချင်တဲ့သူတွေကို ပွင့်လင်းမြင်သာမှုရှိတဲ့ စနစ်နဲ့ ပေးရမှာဖြစ်တယ်၊ အဲဒီလိုမဟုတ်ဘဲ ဩဇာကြီးတဲ့ ကုမဏီတစ်ခု၊ လုပ်ငန်း တစ်ခုကို ပေးမယ်ဆိုရင် သူကနေတစ် ဆင့် ပြန်ပေးတော့ မှန်ကန်တဲ့ အရည်အသွေးလဲ မရဘူး၊ လွှတ်တော်မှာ အကြိတ် အနယ်ဆွေးနွေးကြတယ်”လို့ ပြောပါတယ်။

၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်အတွက် နေပြည်တော်ကောင်စီရဲ့ တင်ပြတောင်းခံငွေက ကျပ် ၂၇ ဘီလျံဖြစ်တယ်။ နေပြည် တော်စည်ပင်ရဲ့ ကျပ် ၄၀ ဘီလျံကျော် တောင်းခံမှုကိုတော့ ၁၀ ဘီလျံဖြတ် တောက်ပြီး ၃၀ ဘီလျံပဲ ခွင့်ပြုဖို့ လွှတ် တော်ကော်မတီတွေနဲ့ ဆွေးနွေးနေကြပါ တယ်။ ဒါကြောင့် နေပြည်တော်ရဲ့ အသုံးစရိတ်က ကျပ်သန်း ၁၀ဝ၀ တိတိ ဖြတ် တောက်ခံရမှာဖြစ်ပါတယ်။

‘တောင်းတိုင်းလဲ မပေးနိုင်ပါဘူး၊ ဒီ ခြောက်လအတွင်းမှာ ဘာရှိလဲ ပြန်ကြည့် ရမယ်၊ နောက်ခြောက်လမှာ ပြန်ကြည့် မယ်” လို့ ဦးစောမိုးမြင့်က ပြောပါတယ်။

နေပြည်တော်စည်ပင်

နေပြည်တော် စည်ပင်သာယာရေး ကော်မတီဟာ ၂၀ဝ၆ ခုနှစ်ကစပြီး ပေါ် ပေါက်ခဲ့တယ်။ သည်နှစ်မှာ ၁၁ နှစ်ရှိပါ ပြီ။ နေပြည်တော်စည်ပင်ဟာ တည်ဆောက်ရေး ဖွံ့ဖြိုးရေးကို အဓိကထား ဆောင်ရွက်ပါတယ်။

အရပ်သားအစိုးရ တက်လာပြီး နောက် ၂၀၁၁ ခုနှစ်မှာ အထူးစီမံကိန်းအနေနဲ့ နေပြည်တော်တစ်ခုလုံးကို စီမံအုပ် ချုပ်တဲ့ အာဏာပိုင်အဖွဲ့အစည်းအဖြစ် နေ ပြည်တော်ကောင်စီ ပေါ်ပေါက်လာ တယ်။

၂၀၁၃ ခုနှစ်က နေပြည်တော် တည် ဆောက်ခဲ့စဉ်က မြေပေါ်မှာ တည်ဆောက် တာနဲ့ပတ်သက်ပြီး မြေခွန်မကောက်ခံခဲ့ပါ ဘူး။ အရင်တုန်းက မြို့ဟောင်းသုံးခုဖြစ်တဲ့ ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေးမှာတော့ မြေငှားခကို အရင်စည်ပင်သာယာရေး ကော်မတီက ကောက်ခဲ့တာ ရှိပါတယ်။ ဒါ ပေမဲ့ မြို့သစ်တည်ဆောက်ပြီးကတည်းက မြေငှားခွန်မကောက်ပါဘူး။ လာမယ့်နှစ်ကစပြီး မြေငှားခတွေ ကောက်ခံတော့မှာ ဖြစ်ပါတယ်။

ကျူးသက်တမ်း ၁၀ နှစ်

နေပြည်တော်စတင်တည်ဆောက်ချိန် ကနေ သည်နေ့အချိန်ထိ နေပြည်တော် တည်ဆောက်ရေးရဲ့ လိုအပ်တဲ့နေရာတွေကိုသာ ကြိုးလှန်ပေးပြီး လယ်မြေအများစု မှာ သစ်တောမြေအဖြစ်ကနေ ကြိုးလှန်မ ပေးသေးပါဘူး။ တောင်သူတွေရဲ့ တောင်းဆိုမှုအများစုက လယ်မြေတွေကို ကြိုးလှန် ပေးဖို့၊ ပုံစံ (၇) ရရှိရေးကို တောင်းဆိုနေကြ တာပါ။

နေပြည်တော်ရှိ ကျေးရွာနေထိုင်သူအများစုက တောင်သူတွေ ဖြစ်တယ်။ ပဲခူး ရိုးမနဲ့ နီးစပ်တဲ့လယ်မြေယာမြေတွေက သစ်တောမြေအဖြစ် သတ်မှတ်ခံထားရ တာ ဖြစ်ပါတယ်။ သစ်တောကြိုးဝိုင်းတွေက တောင်ညိုကြိုးဝိုင်း၊ ကိုင်းကြိုးဝိုင်းနဲ့ ငလိုက်ကြိုးဝိုင်းတို့ ရှိကြပါတယ်။ ဥတ္တသီရိ မြို့နယ်တစ်ခုလုံးမှာ ဝန်ကြီးရုံးတွေနဲ့ ရွှေနံ့ သာရပ်ကွက်ကလွဲလို့ ကျန်မြို့နယ်တွေက သစ်တောမြေတွေပါ။

အရင်အစိုးရလက်ထက်ဖြစ်တဲ့ ၂၀၁၃ ခုနှစ်မှာ ကျူးကျော်နေထိုင်မှု ၁၀ နှစ်နဲ့အထက်ကိုသာ နေထိုင်ခွင့်ပေးမှာဖြစ်ပြီး ထပ် မံကျူးကျော်သူတွေကို ဥပဒေနဲ့အညီ တရားစွဲဆိုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လက်ရှိအစိုးရလက် ထက်မှာ နေပြည်တော်ကောင်စီရှိ သစ် တောနယ်မြေအတွင်း နှစ်ကာလကြာရှည်စွာ ကျူးကျော်အခြေချနေထိုင်မှုများအ တွက် ၂၀၁၃ ခုနှစ် စာရင်းကောက်ယူခဲ့တဲ့ ပြည်ထဲရေးအမည်ပေါက်အိမ်ခြေ ၅၀ နှင့် အထက် ကျေးရွာရဲ့ ရွာမြေလယ်မြေနဲ့ သာ သနာအများပိုင်မြေများကို ပယ်ဖျက်ပေးရန် နေပြည်တော်ကောင်စီရဲ့ ၂၀၁၆ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာကျင်းပတဲ့ အစည်းအ ဝေးအမှတ်စဉ် ၇/၂၀၁၆ ဆုံးဖြတ်ချက်အ ပိုင်း ၁၁ အရ နေပြည်တော်ကောင်စီနယ် မြေ သစ်တောနယ်မြေအတွင်းမှာ ပြည်ထဲ ရေးအမည်ပေါက် ၄၉ ရွာ ပယ်ဖျက်ခွင့်ရရှိဖို့ ဆောင်ရွက်နေတယ်လို့ ရှင်းပြပါတယ်။

နှစ်ရှည်စီမံကိန်း

နေပြည်တော်ကို အဓိက သတ်မှတ် ထားတာက Smart City ဖြစ်အောင် လုပ် မယ်။ သည်ကြားထဲမှာ ပညာရေးအခြေခံ၊ ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့် အလမ်းရရှိနိုင်တဲ့ လုပ်ငန်းမျိုးတွေနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေကို အဓိကဦးစားပေးသွားမှာ ဖြစ်ပါ တယ်။

မြို့ပြစီမံကိန်းတစ်ခုဟာ လူဦးရေ အခြေအနေ၊ တည်ဆောက်ထားတဲ့ မြို့ပြအ ခြေအနေအရ အနာဂတ်စီမံကိန်းအတွက် မဖြစ်မနေရေးဆွဲထားရတယ်။ အဲသည်လို ရေးဆွဲပြီးမှ လာမယ့်အနှစ် ၅၀ မှာ လူဦးရေ ဘယ်လောက်တိုးပွားမလဲ၊ မြို့ပြအခြေအနေက ဘယ်လိုတိုးတက်နေရမလဲစတဲ့ စီမံကိန်းတွေ ရေးဆွဲအကောင်အထည်ဖော် ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မြို့ပြစီမံ ကိန်းတည်ဆောက်တဲ့ နေရာမှာ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး မြို့တော်ဝန်က ဦးစီးပြီး ရေးဆွုနေတယ်လို့ သိရပါတယ်။

“၂၀၁၆ ခုနှစ် နိုဝင်ဘာလလောက်မှ စတင်ခဲ့တာ၊ ဒီဇင်ဘာလောက်မှာ RB Plan ရေးဆွဲရေးအဖွဲ့တစ်ဖွဲ့ကို ဦးစီးကော် မတီဖွံ့ပြီးမှ လုပ်ငန်းအကောင်အထည် ဖော်တဲ့ အဖွဲ့ကို စတင်နေပါပြီ”လို့ ဦးမင်းသူ က ပြောပါတယ်။

‘နေပြည်တော်ဟာ အစိုးရရဲ့ မြို့တော် ဖြစ်တယ်လို့ စိတ်ခံစားမှုအပေါ်မှာ ပြည်သူတွေရဲ့ မြို့တော် ဖြစ်တယ်ဆိုတာ သိသွားအောင် ဒါကို    အဓိကထားပြီးမှ ဆောင်ရွက်ပေးနေတယ်။    ပြည်သူကိုယ်တိုင်ပါဝင်တဲ့ ပြည်သူ့မြို့တော် ဖြစ်လာအောင် အဓိကထားပြီးတော့ ရေးဆွဲနေတာ ဖြစ်ပါ တယ်”လို့ ဦးမင်းသူက ပြောပါတယ်။

စားဝတ် နေ ရေး ကြောင့်လည်းကောင်း၊ ရာသီဥတုကြောင့်လည်းကောင်း၊  လယ်ယာမြေသိမ်းခံရမှုကြောင့်လည်း ကောင်း၊ နေထိုင်ရေးဆိုင်ရာ ခက်ခဲမှုရှိတဲ့ ဒေသခံပါမကဘူး နိုင်ငံသားတွေ နေထိုင်ရေးဆိုင်ရာစီမံကိန်းတွေ၊ အိမ်ရာစီမံကိန်း တွေ ဖြစ်တဲ့သည်အချက်ကြီး လေးချက်ထဲက ပြည်သူများ ဘဝ လုံခြုံအေးချမ်းစွာနဲ့ ဖွံ့ ဖြိုးတိုးတက်ရေးဆိုတဲ့ မဲဆွယ်စည်းရုံးစဉ်က ပြည်သူကို ကတိပေးထားတဲ့ ခေါင်းစဉ်အောက်ကပဲ ဆောင်ရွက်နေတယ်လို့ ဦး မင်းသူက ပြောပါတယ်။

နေပြည်တော်ကို သဘာဝ သစ်တောတွေကို  အခြေခံတဲ့ သစ်တောဖုံးလွှမ်းတဲ့ မြို့တော် ဖြစ်ရမယ်ဆိုတာ အခု အစိုးရရဲ့ ရည်မှန်းချက်တစ်ရပ် ဖြစ်ပါတယ်။ ဒါ ကြောင့် နှစ် ၃၀ နှစ် ၅၀ ရည်မှန်းပြီးမှ နေ ပြည်တော်ကို တိုးပွားလာမယ့် အခြေအနေ ပေါ်မှာ ရေးဆွဲနေပါတယ်။လတ်တလောမှာ တော့ ပြည်သူအတွက် လိုလားချက်ကို ပြည့်မီအောင် ဖြည့် ဆည်းပေးဖို့က နေပြည်တော်ကောင်စီနယ် မြေအုပ်ချုပ်သူတွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။

နေပြည်တော် တည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀ဝ၃ ခုနှစ် ဇူလိုင် ၂ ရက်မှာ အထူးဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းကြီးကြပ် မှု ကော်မတီက စတင်ဆောင်ရွက်ခဲ့ရာ အစိုးရအဖွဲ့အစည်းတွေနဲ့ ဝန်ကြီးဌာနတွေကိုတော့ ၂၀ဝ၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက် က နေစပြီး နေပြည်တော်ကို ပြောင်းရွှေ့ခဲ့ကာ အုပ်ချုပ်ရေးမြို့တော် အဖြစ် စတင်ရုံးစိုက် ခဲ့ကြတာ ဖြစ်တယ်လို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

ချိုဇင်မာဝင့်၊ မိုးမိုး

Kumudra




No comments:

Post a Comment