Latest News

Monday, March 6, 2017

တိုက်ပွဲများစွန့်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းဦးတည်ရန် လောက်ကိုင် တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

တိုက်ပွဲများစွန့်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းဦးတည်ရန် လောက်ကိုင်

တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း



အပြစ်မဲ့ပြည်သူများဒုက္ခ ရောက်စေသည့် လက်နက်ကိုင် တိုက်ခိုက်မှုများကို စွန့်လွှတ်၍ ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ဦးတည် ကြရန်နှင့် တိုင်းရင်းသားပြည်သူ အားလုံး ခေတ်အဆက်ဆက်မျှော် လင့်နေသည့် ငြိမ်းချမ်းရေးခရီးကို အတူလျှောက်လှမ်းကြရန်အလေးအနက် တိုက်တွန်းကြောင်း ဒေါ်အောင်ဆန်းစုကြည် က လောက်ကိုင်ဒေသ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ယမန်နေ့က ထုတ်ပြန်ကြေညာသည်။

ရှမ်းပြည်နယ် လောက်ကိုင် ဒေသတွင် မတ်လ ၆ ရက်က ဖြစ် ပွားခဲ့သည့် တိုက်ခိုက်မှုများနှင့်စပ် လျဉ်း၍ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်အောင်မြင်စေရေး ၀ိုင်းဝန်း ဆောင်ရွက်ကြရန် အထူးအရေး ကြီးပြီး အစိုးရအနေဖြင့် အမျိုး သား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးစားပေးဆောင် ရွက်နေကြောင်း ဒေါ်အောင်ဆန်း စုကြည်ကဆိုသည်။ မကြာသေး မီက ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ နိုင်ငံရေးဆိုင်ရာ ညှိ နှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့(DPN)နှင့် ဆွေးနွေးညှိနှိုင်းခဲ့ ပြီး UNFC ၏ အဆိုပြုချက် ကိုး ချက်အပေါ် သဘောတူညီချက် များရရှိရန် ရလဒ်ကောင်းများရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ကြား ငြိမ်းချမ်းရေးဖြစ် စဉ်တွင် ပါဝင်သင့်ပါဝင်ထိုက် သည့် အဖွဲ့အစည်းများ ပါဝင်နိုင် ရေး နှစ်ဖက်ကြိုးပမ်းဆောင်ရွက် သွားရန်နှင့် ၂၁ ရာစု ပင်လုံအ စည်းအဝေး ပါဝင်တက်ရောက် နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ပြီး ငြိမ်းချမ်းရေး မျှော်လင့်ချက်ရောင်နီ မြင့်တက် နေကြောင်း ဖော်ပြပါရှိသည်။

အမျိုးသား ပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် တွင် ၀မ်းမြောက်ဖွယ်ရာ တိုး တက်မှုများရရှိလာပြီး ပိုမိုကျယ် ပြန့်စွာ ပါဝင်နိုင်ရေး နှစ်ဖက်ကြိုး ပမ်းဆောင်ရွက်နေချိန်၌ MNDAA လက်နက်ကိုင်အဖွဲ့က ရှမ်းပြည်နယ် လောက်ကိုင်မြို့နှင့် အနီးဝန်းကျင်နေရာများသို့ ထိုး စစ်ဆင်တိုက်ခိုက်ခဲ့သည်။ ကနဦး ရရှိသည့်သတင်းများအရ လုံခြုံ ရေးတပ်ဖွဲ့ဝင်များသာမက ဒေ သခံ အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ဆဲ (ကြေညာချက်ထုတ်ပြန်ချိန်အထိ)ဖြစ်ကြောင်း ဆိုသည်။

လက်နက်ကိုင် ပဋိပက္ခများ ကြောင့် တိုင်းရင်းသားပြည်သူ အားလုံးအတွက် အကျိုးမဲ့ အ ချည်းနှီးဖြစ်စေရုံသာမက တိုက် ခိုက်မှုဖြစ်ပွားရာဒေသမှ ပြည်သူ များကို တိုက်ရိုက်ဆိုးကျိုးသက် ရောက်စေကြောင်း ထုတ်ပြန်ခဲ့ သည်။ ထို့ကြောင့် ပြည်သူများ ဒုက္ခကြုံတွေ့စေသည့် လက်နက်ကိုင် တိုက်ခိုက်မှုများကို စွန့်လွှတ်၍ ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ဦးတည် ကြရန်နှင့် ပြည်သူများအားလုံး ခေတ်အဆက်ဆက် မျှော်လင့် တောင့်တနေသည့် ငြိမ်းချမ်းရေး ခရီးကို အတူတကွ လျှောက်လှမ်း ကြရန် ဒေါ်အောင်ဆန်းစုကြည် က အလေးအနက် တိုက်တွန်းခဲ့ သည်။



7Day News Journal

No comments:

Post a Comment