Latest News

Thursday, March 9, 2017

မျိုးရိုးဗီဇစစ်ဆေးချက်များကို တရားရုံးကို သက်သေအဖြစ် လက်ခံမည်

မျိုးရိုးဗီဇစစ်ဆေးချက်များကို တရားရုံးကို သက်သေအဖြစ် လက်ခံမည်

မျိုးရိုးဗီဇ(DNA)စစ်ဆေးချက်တွေကို တရားရုံးကို သက်သေခံအနေနဲ့ တင်ပြလာရင် လက်ခံသွားမယ်လို့ မတ်လ ၉ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးချုပ် ဦးမြင့်အောင်ကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးက ဦးဌေးဦးရဲ့ ရဲတပ်ဖွဲ့က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ ဓာတုဗေဒစစ်ဆေးရေးဌာန၊ မျိုးရိုးဗီဇ(DNA) ဌာနခွဲ ဖွင့်လှစ်ပြီး နိုင်ငံအနှံ့က မှုခင်းတွေအပေါ် DNA နမူနာတွေ စစ်ဆေးဆောင်ရွက်ပေးနေရာ မျိုးရိုးဗီဇဆိုင်ရာပါရဂူရဲ့ ထင်မြင်ချက်တွေအပေါ် တရားရုံးအသီးသီးက တရားစီရင်ရေးလုပ်ငန်းတွေမှာ သက်သေခံဥပဒေအရ လက်ခံကြားနာ ဆောင်ရွက်ဖို့ အစီစဉ်ရှိ၊ မရှိ မေခွန်းနဲ့ပတ်သက်ပြီးဖြေကြားသွားတာပါ။

ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ် ဦးမြင့်အောင်က “ မျိုးရိုးဗီဇဆိုင်ရာပါရဂူရဲ့ မျိုးရိုးဗီဇ(DNA) စစ်ဆေးချက်ကို သက်သေခံအက်ဥပဒေ၊ အခြားတည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ တရားရုံးကို သက်သေခံအနေနဲ့ တင်ပြလာရင် လက်ခံဆောင်ရွက်ပေး သွားမှာဖြစ်ပါ တယ် ” လို့ ဆိုပါတယ်။

ဆရာဝန်ရဲ့ ဆေးဘက်ဆိုင်ရာအစီရင်ခံစာနဲ့ လက်ရေး၊ လက်မှတ်၊ လက်ဗွေ ကျွမ်းကျင်သူရဲ့ ထင်မြင်ချက်တွေကို သက်သေခံအက်ဥပဒေ၊ ရာဇ၀တ် ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ သက်သေခံတင်ပြလာရင် မြန်မာနိုင်ငံတရားရုံးတွေက သက်သေခံအနေနဲ့ လက်ခံအသုံးပြုနေတယ်လို့လည်း ပြောပါတယ်။

DVB

No comments:

Post a Comment