Latest News

Thursday, March 9, 2017

ကျောင်းထိုင်ဘုန်းကြီးက ၈ နှစ်အရွယ်မိန်းကလေးငယ်ကို မုဒိမ်းကျင့်မှုဖြစ်ပွား

ကျောင်းထိုင်ဘုန်းကြီးက ၈ နှစ်အရွယ်မိန်းကလေးငယ်ကို မုဒိမ်းကျင့်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ကနဲအုပ်စု၊ ကျွန်းဖျားကျေးရွာရှိ အသက် ၇၅ နှစ်အရွယ် သီရိမင်္ဂလာ ကျောင်းထိုင်ဆရာတော်က အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက မတ် ၉ ရက်နေ့မှာ ဒီဗွီဘီကို ပြောပါတယ်။

“ကျောင်းထိုင်ဆရာတော်က ဦးစန္ဒာဝရ၊ အသက် ၇၅ နှစ်၊ ဝါ ၄၀ ရှိပြီ။ ငယ်ဖြူပါ။ လူနာမည် ဦးစိန်ရပါ။ ကျနော်ကြားရသလောက် ဖြစ်နေတာ ၂ လလောက်ရှိပြီထင်တယ်။ ဒီနေ့မှ ကလေးကပြောမှ သိရတာလို့ ပြောတယ်။”

အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို သားမယားပြုကျင့်မှုနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူက ကနီမြို့မရဲစခန်းမှာ တရားလိုပြု အမှုဖွင့်တိုင်တန်းခဲ့တာလို့ ဆိုပါတယ်။

ကနီမြို့မရဲစခန်းက ကလေးငယ်ကို ဆေးစစ်ချက်အဖြေရယူပြီးနောက် ကျောင်းထိုင်ဆရာတော်ကို မြို့နယ် လဝက၊ သာသနာရေးဦးစီးဌာန၊ သံဃာနာယကအဖွဲ့ဝင် ဆရာတော် ၂ ပါးတို့ရှေ့မှာ လူဝတ်လဲ ဖမ်းဆီးပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ကနီမြို့မရဲစခန်းက သိရပါတယ်။

DVB

No comments:

Post a Comment