Latest News

Friday, March 17, 2017

မန်ယူတို့ နိုင်ပွဲရပြီး မန်စီးတီးလည်း နိုင်မယ့် ပရီမီယာလိဂ်ပွဲစဉ်များ

မန်ယူတို့ နိုင်ပွဲရပြီး မန်စီးတီးလည်း နိုင်မယ့် ပရီမီယာလိဂ်ပွဲစဉ်များ


ပရီမီယာလိဂ် ပွဲစဉ်တွေကို မတ် ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ဆက်လက်ကစားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ် ပြိုင်ပွဲဝင်မယ့် ထိပ်တန်းအသင်းတွေ လည်း ဥရောပပွဲတွေ၊ ပြည်တွင်းဖလားပွဲစဉ်တွေ ကြောင့် ပွဲပန်းနေကြပေမယ့် စိတ်ဓာတ်ပြင်းပြင်း နဲ့ ပြိုင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ အသင်းလိုက် ပြင် ဆင်မှုကောင်းကောင်းနဲ့ အားထုတ်နေကြတဲ့ အသင်းတွေဖြစ်တာကြောင့် အမှတ်ပြည့်ရယူနိုင် ရေးအတွက် တိုက်စစ်ဖွင့်ပြီး ခြေကုန်ထုတ်ကြရ ဦးမှာ ဖြစ်ပါတယ်။

မစ်ဒယ်ဘရော့နှင့် မန်ယူ

တန်းဆင်းဇုန်ထဲကျရောက်နေတဲ့ မစ်ဒယ် ဘရော့တို့အတွက်တော့ ဒီပွဲမှာ အကြိတ်အနယ် ရုန်းထဖို့ကြိုးစားလာပါလိမ့်မယ်။ ဒါပေမယ့် အခု တလော ရှုံးပွဲတွေဆက်တိုက်ကြုံတွေ့နေရတဲ့ မစ် ဒယ်ဘရော့တို့က တိုက်စစ်မှူးတွေ ဂိုးပေါက် ပျောက်ဆုံးနေတာက အဆိုးရွားဆုံးဖြစ်ပြီး နောက်ဆုံးသုံးပွဲကစားခဲ့ရာမှာ တစ်ဂိုးမှ မသွင်း ယူနိုင်ခဲ့ပါဘူး။ မန်ယူတို့ကတော့ နောက်ဆုံး သုံးပွဲကစားခဲ့ရာမှာ ချယ်လ်ဆီးကို ရှုံးပြီး ရော့ စတော့ဗ်နဲ့ ဘုန်းမောက်ကို သရေပွဲသာ ကစား နိုင်ခဲ့ပါတယ်။ ဒီနှစ်သင်းနောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပွဲမှာ မန်ယူက နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်ခဲ့တာမို့ အခုပွဲ ဟာ မစ်ဒယ်ဘရော့တို့ ရှုံးပွဲ ပြန်ချေပဖို့ အစွမ်း ကုန် အားထုတ်ပါလိမ့်မယ်။ မန်ယူတို့ကလည်း ချန်ပီယံဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရတာမို့ အကောင်းဆုံးကစားသမားတွေနဲ့ အလေးအနက် ထားယှဉ်ပြိုင်ပါလိမ့်မယ်။ မန်ယူတို့က မစ်ဒယ် ဘရော့နဲ့ဆုံတိုင်း ရလဒ်ကောင်းအောင် စွမ်း ဆောင်နိုင်ခဲ့တာမို့ အခုပွဲဟာ မန်ယူတို့ မှတ်တမ်း ကောင်း ဆက်လက်ရေးထိုးနိုင်ဖို့ အလေးထား ကြိုးစားမယ့်ပွဲပါပဲ။

စပါးနှင့် ဆောက်သမ်တန်

အကောင်းဆုံးခြေစွမ်းရပြီး တိုက်စစ်စွမ်းရည် ထက်မြက်မှုကို ပြသနေတဲ့ စပါးတို့ဟာ အခု တလော နိုင်ပွဲတွေဆက်နေပါတယ်။ စပါးတိုက် စစ်မှူးတွေဟာ နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲမှာ ၁၃ ဂိုးအထိ ရအောင်သွင်းယူနိုင်တာမို့ ဆောက် သမ်တန်ကစားသမားတွေ သတိထားရပါလိမ့် မယ်။ စပါးရဲ့ အားနည်းချက်က ခံစစ်ပိုင်းဖြစ်ပြီး အမှားတွေ လုပ်တတ်တာမို့ သတိပြုပြင်ဆင်ရပါ လိမ့်မယ်။ ဆောက်သမ်တန်တို့ကတော့ ခြေမှန် မရဘဲ အတက်အကျမြန်နေပါတယ်။ အထူးသဖြင့် ဆောက်သမ်တန်ဟာ နောက်ဆုံးငါးပွဲမှာ ၁ဝ ဂိုး အထိ ပေးထားရတဲ့ ခံစစ်မှူးတွေရဲ့ စွမ်းဆောင် မှုက သံသယဝင်စရာကောင်းနေပါတယ်။ ဆောက် သမ်တန်ကွင်းမှာ ဒီနှစ်သင်း နောက်ဆုံးတွေ့ဆုံ ခဲ့တဲ့ပွဲမှာ စပါးဟာ လေးဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲရယူခဲ့ တာမို့ အခုပွဲက စပါးကွင်းမှာဖြစ်တာကြောင့် ဆောက်သမ်တန်တို့ ဂိုးပြတ်မရှုံးရေးဘဲ အာရုံ စိုက်ရမယ့် အခြေအနေနဲ့ ကြုံတွေ့ရပါလိမ့် မယ်။

မန်စီးတီးနှင့် လီဗာပူး

လီဗာပူးကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးခဲ့တဲ့ မန်စီးတီးတို့အတွက် အခု ပွဲဟာ ရှုံြးေ<ွကးပြန်ဆပ်မယ့်ပွဲ ဖြစ်ပါတယ်။ မန်စီးတီးတို့ အခုတလောခြေစွမ်းပုံမှန်ရရှိနေပြီး တိုက်စစ်မှူးတွေရဲ့ ဂိုးသွင်းအားလည်း ကောင်း မွန်နေပါတယ်။ ဒါပေမယ့် မန်စီးတီးရဲ့ နောက်ဆုံး သုံးပွဲမှာ တိုက်စစ်မှူးတွေရဲ့ သွင်းဂိုးက လေးဂိုးပဲ ရှိနေတာမို့ နည်းပြဂွါဒီယိုလာ ပြုပြင်အစားထိုး ရဦးမှာ ဖြစ်ပါတယ်။ လီဗာပူးတို့ကတော့ အာဆင် နယ်ရော ဘန်လေအသင်းတွေကိုပါ နိုင်အောင် ကစားနိုင်ခဲ့လို့ စိတ်ဓာတ်တက်ြ<ွကနေပါတယ်။ လီဗာပူးရဲ့ အားသာချက်က အသင်းလိုက် နား လည်မှုရှိရှိနဲ့ ကစားတတ်ပြီး ရလဒ်ကောင်းကို ရရှိအောင် ကစားကွက်ထိန်းပြီး အသာစီးရအောင် အားထုတ်နိုင်ပါတယ်။ လီဗာပူးတို့က ပြိုင်ဘက် အသင်းကို အလေးထား ကစားနိုင်စွမ်းရှိတာမို့ ဒီပွဲဟာ သရေပွဲလည်း ဖြစ်နိုင်ပေမယ့် အနိုင်ဆို ရင် မန်စီးတီးတို့ ဖြစ်သွားနိုင်ပါတယ်။

စတုတ်နှင့် ချယ်လ်ဆီး

အသင်းကြီးတွေနဲ့ဆုံတိုင်း ခြေကုန်ဖွင့်ကစား တတ်တဲ့ စတုတ်တို့ဟာ ချယ်လ်ဆီးကို အိမ်ကွင်း မှာ အခက်တွေ့အောင် ကြိုးစားပါလိမ့်မယ်။ စတုတ်ရဲ့ ခံစစ်ကြောင်းက လုံခြုံအောင်ပိတ်ဆို့ ဟန့်တားနိုင်တဲ့ စွမ်းဆောင်ရည်ရှိပေမယ့်။ တိုက် စစ်စွမ်းရည်က ကျဆင်းနေပါတယ်။ ချယ်လ်ဆီး တို့ကတော့ ပရီမီယာလိဂ်ဖလားကို ရယူရေး အတိမ်းအစောင်းမရှိအောင် ကြိုးစားနေပြီဖြစ် တာမို့ အခုပွဲမှာလည်း စတုတ်ကို ဖိဖိစီးစီးကစား မှာ သေချာပါတယ်။ ဒီနှစ်သင်းရဲ့ ချယ်လ်ဆီးကွင်း မှာ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ စတုတ်တို့ လေး ဂိုး-တစ်ဂိုးနဲ့ ရှုံးခဲ့တာမို့ အခုပွဲမှာလည်း စတုတ်တို့ နိုင်ပွဲရဖို့ မလွယ်ပါဘူး၊ ဧည့်သည်တို့ အမှတ်ပြည့် ရယူသွားမယ့်ပွဲပါပဲ။

ဝက်စ်ဘရွန်းနှင့် အာဆင်နယ်

ရလဒ်တွေ ဆိုးရွားနေလို့ ဖိအားများနေတဲ့ အာဆင်နယ်တို့အတွက်တော့ ဝက်စ်ဘရွန်းနဲ့ တွေ့ဆုံမှုက စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ပထမအကျော့ အာဆင်နယ်ကွင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရ အောင် အကြိတ်အနယ်ရုန်းကန်ခဲ့ရတဲ့ အာဆင် နယ်တို့ကတော့ အခုပွဲမှာ အမာခံကစားသမား တွေနဲ့ လူစုံထုတ်မှ ရပါလိမ့်မယ်။ ဒါပေမယ့် ဝက်စ်ဘရွန်းရဲ့ လက်ရှိခြေစွမ်းက ရှုံးပွဲတွေဆက် နေတာမို့ အခုချိန်မှာ အာဆင်နယ်တို့ အခွင့် အရေးကောင်းအဖြစ် အသုံးချနိုင်ပါလိမ့်မယ်။ အကြိုက်က အာဆင်နယ်ဖြစ်ပြီး အနိုင်ကလည်း အာဆင်နယ်တို့ပဲ ဖြစ်ပါလိမ့်မယ်။ ။မိုးမြင့်လင်းလက်Myanmaalinn

No comments:

Post a Comment