Latest News

Monday, March 27, 2017

ဦးဝီရသူကို ထောင်ချ နိင်သည်ဟု သံဃာမဟာနာယက ပြော

ဦးဝီရသူကို ထောင်ချ နိင်သည်ဟု သံဃာမဟာနာယက ပြော

ဦးဝီရသူသည် နိုင်ငံတော် သံဃာ့ မဟာနာယက က တရားဟောခွင့်ပတ်ပင်ထားမှုအပေါ်ဆက်လက်
 ဟောပြောနေမည်ဆိုပါက ထောင်ချနိုင်သည်ဟု သံဃမဟာနာယက အဖွဲ့ဥက္ကဌဗန်းမော်ဆရာတော်
ဒေါက်တာဘဒန္တကုမာရာဘိဝံသ ကမတ်လ(၂၇)ရက်နေ့ က မိန်းကြားသည်။

"သူ့ ကို တရားဟောခွင့်ပိတ်လိုက်တာကို သူဆက်ဟောရင်တော့ ဆက်ဟောတဲ့ အတွက် အမိန့် ကို မနာခံတဲ့ အတွက်  ဥပဒေရှိတယ်။ အမိန့် ကိုနားမထောင်ဘူး။ဆက်ပြီးတော့ မဟုတ်တာတွေကိုတရားဟောမယ်ဆိုရင် လုပ်ကြံပြီးတော့ သူကတရားဟောနေတာ အဲ့ လို ဟောတဲ့ အတွက် ထောင်ချနိုင်ပါတယ်။ အမိန့် ကို နားထောင်ရပါမယ်။ နားမထောင်ရင် ဥပဒေရှိပါတယ်။ ဖမ်းပြီးတော့ ထောင်ချနိုင်ပါတယ်" ဟုဆရာတော်ကမိန့် သည်။

မတ်လ(၂၇)ရက်နေ့ က ပုသိမ်မြို့ မြောင်းမြကျောင်းတိုက်တွင် မီဒီယာများနှင့်တွေ့ ဆုံစဉ် ယင်းသို့  မိန့် ကြားလိုက်ခြင်းဖြစ်သည်။ဆရာတော်ဦးဝီရသူကို နိုင်ငံတော်က (၁)နှစ်တရားဟောခွင့်ပိတ်ပင်ထားခြင်းဖြစ်သည်။

ဦးဝီရသူနှင့်ပတ်သက်ပြီး ဗန်းမော်ဆရာတော်ကြီး မိန့်ကြားချက်(အသံဖိုင်)
တစ်နှစ်တရားဟောခွင့် ပိတ်ပင်ထားခြင်း ခံရသောဆရာတော် ဦးဝီရသူသည် ပါးစပ်ကို တိတ်ကပ်အသံ
ဖွင့်၍ တရားပွဲအား မတ်လ ၁၁ ရက် ညတွင် အိမ်မဲမြို့ နယ်၊ သီးကွင်းကျေးရွာ၌ ကျင်းပခဲ့သည်။

ယင်းကဲ့ သို့ တရာဟောပိတ်ပင်မှုကို ဆက်လက်ဆောင်ရွက်နေခြင်းက အာဏာဖီဆန်ရာရောက်သည်ဟု
လည်း ဗန်းမော်ဆရာတော်ကမိန့် သည်။

မတ်လ ၉ ရက်တွင် ပြုလုပ်သည့် သတ္တမအကြိမ် နိုင်ငံတော် သဲဃနာယက အဖွဲ့ ၄၇ ပါး စုံညီ စတုတ္ထ အထူးအစည်းအဝေးအရဦးဝိစိတ္တဘိဝံသ (ဦးဝီရသူ) ကို ၂၀၁၇ မတ်လ ၁၀ ရက် မှ ၂၀၁၈ မတ်လ ၉ ရက်အထိ ပြည်တောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း တရားဟောပြောခွင့်ကို ပိတ်ပင်ခဲ့ သည်။

ယင်းကဲ့ သို့ ပိတ်ပင်ထားမှုအပေါ်လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများအရ အရေးယူ
ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားကြောင်းနှင့် အဆိုပါ ဆုံးဖြတ်ချက်များအား တိုင်းဒေသကြီး၊ ပြည်နယ်
သံဃနာယက အဖွဲ့အားလုံးကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မတ်လ ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

မျိုးမင်းပိုင်
(တိုင်းဧရာ)

No comments:

Post a Comment