ကြည်လင်းနဲ့ အပေါင်းအပါနှစ်ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်
■ ရှေ့နေဦးကိုနီကို လုပ်ကြံလိုက်တဲ့ ကြည်လင်းနဲ့ သူ့ကိုစေခိုင်းခဲ့သူတွေအဖြစ် ဖမ်းဆီးထားတဲ့ ဗိုလ်ကြီးဟောင်း အောင်ဝင်းဇော်နဲ့ ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးတို့ကို ဒီနေ့ မတ်လ ၃ ရက် ညနေ ၄ နာရီလောက်က ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တယ်လို့ သိရပါတယ်။ မျက်မြင်တချို့ရဲ့ ပြောဆိုချက်အရ သူတို့သုံးဦးကို Toyota Hi-ace အမျိုးအစား ကားတစီးနဲ့ တရားရုံးကို ခေါ်လာတာလို့ ဆိုပါတယ်။ တရားရုံးမှာ ရမန်ယူပြီးနောက် သိပ်မကြာခင်မှာပဲ တရားရုံးထဲကနေ ပြန်ခေါ်ထုတ်သွားတာ တွေ့လိုက်ရတယ်လို့လည်း ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ လာမယ့်မတ်လ ၁၇ ရက်နေ့မှာ နောက်တကြိမ်ရုံးထုတ်ဖို့ ချိန်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။ ဒီနေ့တရားရုံးမှာ သူတို့ကို ဘယ်ပုဒ်မတွေနဲ့ စွဲချက်တင်ခဲ့သလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
RFA
Friday, March 3, 2017
ကြည်လင်းနဲ့ အပေါင်းအပါနှစ်ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်
ကြည်လင်းနဲ့ အပေါင်းအပါနှစ်ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်
Reviewed by Ar Ti
on
6:59 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment