Latest News

Wednesday, March 15, 2017

ဆေးဝါးအတုတွေ ဝင်နေဆဲ၊ သတိပြု ဝယ်ယူသုံးစွဲပါ

ဆေးဝါးအတုတွေ ဝင်နေဆဲ၊ သတိပြု ဝယ်ယူသုံးစွဲပါ

နေပြည်တော်၊ မတ် ၁၂ - ပြည်တွင်းကရော ပြည်ပကပါဆေးဝါးအတုတွေ ဝင်ရောက်နေတာကြောင့် ဆေးလုံးအလွတ်တွေဝယ်သောက်တာအထူး ရှောင်ကြဉ်ကြဖို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တိုက်တွန်း လိုက်ပါတယ်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဆေးဝါးဌာနခွဲညွှန်ကြားaရးမှူး ဒေါက်တာသိင်္ဂီဇင်က’ပြည်တွင်းမှာ ဆေးအတုတွေထုတ်လုပ်နေ တာရှိနိုင်သလို ပြည်ပကနေပြီးတော့ ဝင်ရောက်နိုင်တာတွေလဲရှိပါတယ်၊ အလွယ်တကူမသိနိုင်တာကြောင့် မှတ်ပုံတင်ထားတဲ့ ဆေးဝါးမှမဟုတ်ရင် လုံးဝမသောက်သုံးသင့်ပါဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းaဆးဆိုင်တွေဟာ အနှံ့အပြားဖွင့်ထားတာကြောင့် အ လွယ်တကူဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အဲသည်လိုဆေးဆိုင်တွေများပြားလာတာနဲ့ အမျှဆေးထုတ်လုပ်ဖြန့်ဖြူးတဲ့ ကုမ္မဏီတွေကလည်း ဆေးဆိုင်တိုင်း ဆီကိုတိုက်ရိုက်လိုက်လံပြီး ရောင်းချနေတာကိုတွေ့ရပါတယ်။

ဆေးအမျိုးစားချင်းတူပေမဲ့လည်း ဆေးကုမ္မဏီကွဲလွဲတာကြောင့်ဆေးကို မတူညီတဲ့ ဒီဇိုင်းပုံနဲ့ထုတ်လုပ်ထားတာတွေ့ရပါတယ်။
ပျဉ်းမနားမြို့အတွင်းရှိ နာမည်ကြီး ဆေးဆိုင်တစ်ဆိုင်ရဲ့ဆိုင်ပိုင်ရှင်တစ်ဦးက လည်း ကုမ္မဏီတွေက သူတို့ဆေးတွေကိုရောင်းပေးဖို့ အမြဲလာစပ်တယ်၊ ဈေးနှုန်းပိုင်းအရ အဲဒီလိုကုမ္မဏီတွေက သက်သာတာတွေလဲရှိပါတယ်၊ ဒါပေမဲ့လဲ မယူထားဘူး၊ ဘာလို့လဲဆိုတော့ အဲဒီလိုကုမ္မဏီတွေက ရောင်းပြီးရင် ပျောက်ကုန်တာပဲ၊ ဒါကြောင့် သူတို့ဆီကအားမပေးဘူးလို့ သူ့ဆိုင်ကိုဆေးလာစပ်တဲ့ ကုမ္မဏီအကြောင်းကို ပြောပြပါတယ်။

မှတ်ပုံတင်ထားခြင်းမရှိတဲ့ဆေးတွေ သက်တမ်းလွန်ဆေးတွေ ရောင်းချနေ မယ်ဆိုရင ဆေးဝါးဥပဒေအရ တရားစွဲဆိုနိုင်ပါတယ်။
‘ဆေးဆိုတာအလွတ်ရောင်းခွင့်မရှိပါဘူး၊ ဆေးဥပဒေမှာလဲ ပါပြီးသားဖြစ်ပါ တယ်၊ ဆေးဝါးတိုင်းဟာ အမှတ်တံဆိပ်ပါရမှာဖြစ်ပါတယ်၊ ဆေးကိုပလတ်စတစ်အိတ်နဲ့ ရိုးရိုးထုပ်ရောင်းတယ်ဆိုတာကတော့ လုံးဝဝယ်ယူဖို့မသင့်ပါ ဘူး၊ ဆေးခန်းတွေမှာ ဆရာဝန်တွေကပေးလိုက်တယ်ဆိုတာကတစ်မျိုး ပေါ့နော်၊ အလွတ်တွေရောင်းနေတဲ့ ဆေးဆိုင်တွေတွေ့ရှိခဲ့ရင် လိုင်စင်ပိတ်သိမ်းတဲ့အရေးယူလို့ရပါတယ်လို့ ဒေါက်တာ သိင်္ဂီဇင်က ပြောပါတယ်။

မိုးမိုး

Kumudra

No comments:

Post a Comment