Latest News

Thursday, March 9, 2017

ဆယ်တန်းစာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆိုပြီးချိန် ပျက်ကွက်သူဦးရေ ငါးသောင်းနှစ်ထောင်ကျာ်ရှိ

ဆယ်တန်းစာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆိုပြီးချိန် ပျက်ကွက်သူဦးရေ ငါးသောင်းနှစ်ထောင်ကျာ်ရှိ

ရန်ုကုန် မတ် (၉)

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အင်္ဂလိပ်စာဖြေဆိုတဲ့ နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာ အရ လာရောက်ဖြေဆိုသူဦးရေ (၁၂၀၀) ကျော် လျော့ကျသွားပြီး (၇၁၅၀၇၉) ဦးသာ ရှိပြီး ကျောင်းသားဦးရေ ငါးသောင်းကျော်ဖြေဆိုဖို့ ပျက်ကွယ်တယ်လို့ မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာန စာရင်းဇယားတွေ အရ သိရပါတယ်။

“ အခုက ဘယ်လောက်ပျက်ကွက်တယ်ဆိုတာ အားလုံး မထွက်လာသေးဘူး၊ တချို့ကျတော့ လည်း စာမေးပွဲဖြေမယ့်နေ့မှ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်တာတွေ ရှိတယ်၊ ပြီးတော့ တချို့ ကလေးတွေကတစ်ဘာသာပဲဖြေရသေးတယ် မအောင်တော့ ဘူးဆိုပြီး ဆက်မဖြေတာတွေ ရှိတော့ တစ်ရက် ထက် တစ်ရက်တော့ ကျောင်းသားဦးရေက လျော့ကျသွားတတ်တယ် “ လို့ မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန က အဆင့် မြင့် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စတင်ဖြေဆိုတဲ့ မြန်မာစာ ဘာသာရပ် ဖြေဆိုတဲ့ နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာရ ဝင်ရောက်ဖြေဆိုသူဦးရေ (၇၁၆၂၁၆ ) ဦးရေ ဝင်ရောက်ဖြေဆိုခဲ့ပြီး (၉၃) ဒသမ (၃၃) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ သိရပါတယ်။

အင်္ဂလိပ်စာဖြေဆိုတဲ့နေ့မှာ ရန်ကုန် တိုင်းဒေသကြီးက ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်း သူဦးရေ (၁၁၄၂၃၇) ဦး ရှိပြီး လာရောက်ဖြေဆိုဖို့ ပျက်ကွက်သူ က ကျား (၅၉၉၉) ဦးနဲ့ မ (၄၂၃၆) ဦး စုစုပေါင်း (၁၀၂၃၅) ဦး ပျက်ကွက်တာဖြစ်ပြီး တစ်နိုင်ငံလုံးမှာ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူ ဦးရေ အများဆုံးဖြစ်ပြီး ပျက်ကွက်သူ အများဆုံး လည်း ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ အဂ်လိပ်စာ ဘာသာရပ်အတွက် ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူဦးရေ (၁၀၅၀၂၄) ဦးရှိပြီး လာရောက်ဖြေဆိုဖို့ ပျက်ကွက်သူဦးရေ ကျား (၃၂၁၉) ဦးနဲ့ မ (၂၁၁၆) ဦး စုစုပေါင်း (၅၃၃၅) ဦး ရှိတယ်လို့ သိရပါတယ်။

မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာ အရ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုဖို့ ပျက်ကွက်သူဦးရေ (၅၂၃၄၃) ဦး ထိရှိတယ်လို့ သိရပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုတဲ့ ကျောင်းသားကျောင်းသူတွေ အနေနဲ့ စာမေးပွဲ အစရက်ဖြစ်တဲ့ မြန်မာစာ ဘာသာရပ်ကို ဖြေဆိုချိန်နဲ့ အင်္ဂလိပ်စာ ဘာသာရပ် ဖြေဆိုပြိးချိန်တွေမှာ နောက်ထပ်ဘာသာရပ်တွေ ထပ်မံဖြေဆိုဖို့ ကျောင်းသားကျောင်းသူဦးရေ သိသိသာသာ လျော့ကျ သွားတာမျိုးတွေ လည်း ရှိတယ်လို့ သိရပါတယ်။

မြန်မာ တစ်နိုင်ငံ လုံးအတိုင်းအတာအရ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူ ဦးရေ (၇၆၇၄၂၂) ဦး ရှိပြီး လာရောက်ဖြေဆိုသူဦးရေ (၇၁၅၀၇၉) ဦး ရှိပြီး ပျက်ကွက်သူဦးရေ (၅၂၃၄၃) ဦး ထိရှိတာကြောင့် အင်္ဂလိပ်စာ ဖြေဆိုတဲ့ ရာခိုင်နှုန်း (၉၃) ဒသမ (၁၈) ရာခိုင်နှုန်း ရှိတယ်လို့ မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာန က စာရင်းတွေ အရ သိရပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို မတ်လ (၈) ရက်နေ့က စတင်ဖြေဆိုခဲ့ပြီး မတ်လ (၁၇) ရက်နေ့ထိ ဖြေဆိုရမှာဖြစ်ပါတယ်။


မေသော်တာမောင်

Kumudra


No comments:

Post a Comment