Latest News

Monday, March 6, 2017

ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘောကြီး ရန်ကုန်မြို့သို့ရောက်ရှိ

ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘောကြီး ရန်ကုန်မြို့သို့ရောက်ရှိ


ရန်ကုန် မတ် ၆ က္ဘာလှည့်ခရီးသည်တင် အပျော်စီး သင်္ဘောကြီး MV SILVER DISCOVERER သည် ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ ဗိုလ်အောင် ကျော် ဆိပ်ကမ်းသို့ ရောက်ရှိလာရာ သက်ဆိုင်ရာတာဝန်ရှိသူတို့က ကြိုဆို ကြသည်။

အဆိုပါသင်္ဘောကြီးတွင် ကမ္ဘာ လှည့်ခရီးသည် ၆၂ ဦးနှင့် သင်္ဘော ဝန်ထမ်း ၁ဝဝ တို့လိုက်ပါခဲ့ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းမှ ရောက်ရှိ လာခြင်းဖြစ် သည်။

''အခု ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေကို လုံခြုံရေးပိုင်း အပြင် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို လည်း ကူညီဆောင်ရွက်ပေးသွားမှာပါ၊ ဒီနေ့တော့ သူတို့ အနေနဲ့ ရန်ကုန်မြို့ပေါ်ကို လည်မယ်၊ မနက်ဖြန်မှာတော့ ပဲခူးနဲ့ ပုဂံဘက်ကို သွားမယ်လို့သိရပါတယ်၊ အဲ့ဒီလို သွားရောက် လည်ပတ်တဲ့ အချိန်မှာလည်း အခက်အခဲတစ်စုံတစ်ရာရှိရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ အကူ အညီတောင်းဖို့ကိုလည်း ပြောကြားထားပါတယ်''ဟု က္ဘာ လှည့်ခရီးသွား လုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီးMV SILVER DISCOVERER ဖြင့် ရောက်ရှိလာသည့် ကမ္ဘာလှည့် ခရီးသည်များသည် မြန်မာ နိုင်ငံသို့ ရောက်ရှိနေ စဉ်အတွင်း ရန်ကုန်၊ ပုဂံ၊ ပဲခူးနှင့် မ္တလေးမြို့များသို့ သွားရောက် လည်ပတ်မည်ဖြစ်သည်။

ထို့အပြင် မတ် ၈ ရက်တွင် အဆိုပါဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းခရိုင် မြိတ်ကျွန်းစုသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး မတ် ၁၂ ရက်တွင် ထိုင်းနိုင်ငံ ဖူးခက် ဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလအတွင်းကလည်း က္ဘာလှည့်ခရီးသည် ၇ဝ၆ ဦးနှင့် သင်္ဘောဝန်ထမ်း ၁၇၃ ဦး တို့လိုက်ပါလာသည့် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီး သင်္ဘောကြီးတစ်စင်း ရန်ကုန်မြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်း(MITT) သို့ ဆိုက်ကပ်ခဲ့သည်။

၂ဝ၁၆ ခုနှစ်အတွင်း၌ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ က္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘောကြီး ၂၂ စင်းဆိုက်ကပ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသည် တစ်သောင်း ကျော်ခန့် လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ- ဇော်ကြီး(ပဏီတ)

No comments:

Post a Comment