Latest News

Monday, March 6, 2017

မြောက်ကိုးရီးယား နိုင်ငံ ဒုံးကျည် ၄ စင်းပစ်လွတ်၊ ၃ စင်း ဂျပန် ပင်လယ်ထဲကျခဲ့


မြောက်ကိုရီယားနိုင်ငံ  ဟာ တနင်္လာနေ့က တိုက်ချင်းပစ်ဒုံးကျည် ၄ စင်းပစ်လွတ်ခဲ့ကြောင်း အဲဒီပစ်လွတ်လိုက်တဲ့ ဒုံးကျည် ၄ စင်းအနက် ၃ စင်း ဟာ ဂျပန်ပင်လယ် ပြင်ထဲကို ရောက်ရှိခဲ့ကြောင်းသိရပါတယ်။
ပစ်လွှတ်ခဲ့တဲ့ တိုက်ချင်းပစ် ဒုံးကျဉ်လေးစင်းအနက် သုံးစင်းဟာ ဂျပန်နိုင်ငံ ကမ်းရိုးတန်းမှ မိုင် ၁၉၀  အကွာ ဂျပန် စီးပွားရေးဇုန်နားမှာ ကျရောက်ခဲ့တာဖြစ်ပြီး အခုလုပ်ရပ်ဟာမြောက်ကိုရီယားနိုင်ငံ က ဂျပန်နိုင်ငံအပေါ် ခြိမ်းခြောက်မှုအသစ်တစ်ရပ်ဖြစ်တယ်လို့ ဂျပန် ၀န်ကြီးချုပ် ကပြောပါတယ်။

တရုတ်နိုင်ငံနဲ့ နယ်နမိတ်ထိစပ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံတွင်းမှ တန်ချန်ရီဒေသ ဆိုဟေး ဒုံးကျည် ပစ်လွှတ်စခန်းမှ  တိုက်ချင်းပစ် ဒုံးကျည် များကို ပစ်လွှတ်ခဲ့တာဖြစ်ပြီး မိုင် ၆၂၀အကွာက ဂျပန်ရဲ့ ပင်လယ်ပြင် ပိုင်နက်အနား ကျရောက်ပေါက်ကွဲခဲ့တယ် ” လို့ တောင်ကိုရီးယား စစ်ရေးဌာန တာဝန်ရှိသူများက ဆိုခဲ့ပါတယ်။
 တောင်ကိုရီးယား အစိုးရအဖွဲ့ နဲ့ အမေရိကန်နိုင်ငံ တို့ဟာ ရလာတဲ့ သတင်းအချက်တွေအပေါ်မူတည်ပြီး သုံးသပ်မှု တစ်ရပ်ပြုလုပ်နေတယ်လို့ တောင်ကိုရီးယား အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောဆိုခဲ့ပေမယ့် အမေရိကန်နိုင်ငံကတော့ မှတ်ချက်ပေးခြင်းမရှိခဲ့ပါဘူး။

တောင်ကိုရီးယား ယာယီသမ္မတ ဖြစ်သူ ဟွမ်ကျိုအန်ကတော့ တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်နိုင်ငံရဲ့ ဒုံးကျည်တန်ပြန်တိုက်ဖျက်ရေး စနစ်တွေကို အမြန်ဆုံး တပ်ဆင်ရတော့ မယ် လို့ဆိုခဲ့ပါတယ်။”
ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment