Latest News

Friday, March 10, 2017

စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့ ဝေဠုကျော် လောက်ကိုင်သို့ သွားပြီ

စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့ ဝေဠုကျော် လောက်ကိုင်သို့ သွားပြီ

မတ်လ(၉)ရက်နေ့က လားရှိုးကနေ လောက်ကိုင်ကို တက်သွားတာ ဖြစ်ပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ စစ်ဘေးရှေင်ပြည်သူတွေကို ကူညီိဖို့အတွက် လောက်ကိုင်သို့ မတ်လ(၉)ရက်နေ့ တက်သွားပြီလို့ သိရပါတယ်။ လောက်ကိုင် မြို့အတွင်းမှာ နေရပ်မပြန်နိုင်ဘဲ ဖြစ်နေတဲ့ စစ်ဘေးရှောင်ပြည်သူများကို ကူညီဖို့အတွက်စြဖ်ပါတယ်။ ဝေဠုကျော်တို့ ဖောင်ဒေးရှင်ဟာ လာရှိုးကနေ လောက်ကိုင်သို့ သွားတာဖြစ်ပြီး စုစုပေါင်း(၅)ဦး တက်သွားတာ ဖြစ်ပါတယ်။

လောက်ကိုင်မြို့ကနေ ထွက်တဲ့လမ်းကြောင်းတွေကို ပိတ်ထားတာမဟုတ်ပေမဲ့ လောက်ကိုင်-လာရှိုး ကားခတွေမှာ လူတစ်ဦးကို တစ်သိန်းခွဲ မြင့်တက်နေတာကြောင့် ကားခမတတ်နိုင်တဲ့ အလုပ်သမား အများစု ပိတ်မိသောင်တင်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဝေဠုကျော်သို့ ဖောင်ဒေးရှင်းကနေ လောက်ကိုင်ကို အရင်သွားကြည့်တာဖြစ်ပြီး လူတွေခေါ်ဖို့အတွက်ကိုလည်း ကားကြီး တွေနဲ့ သွားလို့မရတာကြောင့် စူပါကာစတန်(၄)စီးနဲ့ မြေသယ်ကားနှစ်စီးသွားပြီး ချင်းရွှေဟော်မှာနေကာ ကားလေးတွေနဲ့ အကြိုအပို့လုပ်မယ်လို့ လားရှိုးအခြေစိုက်ပရဟိတအသင်းအဖွဲ့တစ်ခုမှ မဇ္စျိမ သို့ ပြောပြပေးထားတာ ဖြစ်ပါတယ်။
Source : Mizzima News: Duwun
Photo  : ဝေဠုကျော် ဖေ့စ်ဘွတ်

No comments:

Post a Comment