Latest News

Friday, March 10, 2017

လူအချင်းချင်း ညစ်တယ် ဆိုတာ ဘယ်လိုလဲ လို့သိခွင့်ရလိုက်ပြီ

လူအချင်းချင်း ညစ်တယ် ဆိုတာ ဘယ်လိုလဲ လို့သိခွင့်ရလိုက်ပြီ

စိတ်ရော ကိုယ်ပါ အဆင်မပြေတဲ့နေတဲ့အချိန်မှာ ညစ်နေတဲ့သူတွေနဲ့ဆုံရတာလည်း
 လောက ငရဲတစ်ခုပဲ ဆိုတာ ဒီကနေ့မှာတော့ပိုသိလာရပါတယ်။

ဘာကြောင့်ပဲဖြစ်ဖြစ် လူအချင်းချင်း ညစ်တယ်၊ ရစ်တယ်ဆိုတာ ဘယ်လိုလဲလို့ သိခွင့်ရလိုက်တဲ့ အတွက်တော့ကျေးဇူးတင်ပါတယ်။

ဒီလောက် ညစ်နေတဲ့သူတွေနဲ့ အလုပ်မလုပ်တော့ဘူးလို့စဉ်းစားမိပေမဲ့ ကိုယ့်ကိုယ်ကို ပြန်အားတင်းတယ်၊ ညစ်တဲ့သူမို့ရှောင်ပေးလိုက်ရင် သူ့ရဲ့ညစ်ပတ်မှုကို အဟုတ်ထင်ပြီး
အမြဲတမ်း လူတွေအပေါ်ညစ်နေလိမ့်မယ်။

ဒါကြောင့် အားတင်းပြီး အလုပ်ပြီးအောင် လုပ်ဦးမယ်၊ အကောင်းဆုံး လုပ်ပေးလိုက်မယ်လို့ပဲ ဆုံးဖြတ်လိုက်တယ်။

ဘယ်လောက်ပဲ ဘ၀ဟာ ပင်ပန်းခက်ခဲပါစေ အားမလျော့ဘူးလို့လည်း ဆုံးဖြတ်ထားတယ်။

ဘယ်လောက်ပဲ သူတို့ညစ်ပါစေ၊ ပြန်မညစ်ဘူး အကောင်းဆုံး ၀န်ဆောင်မှုနဲ့သာ တုန့်ပြန်ပေးလိုက်မယ်လို့လည်း ဆုံးဖြတ်ထားတယ်။

အဲဒီလိုပဲ ညစ်တတ်တဲ့သူတွေ၊ အနိုင်ကျင့်တတ်တဲ့သူတွေကိုလည်း နေ့တိုင်း မေတ္တာပို့ပေးပါ့မယ်။

ကျွန်မ တုန့်ပြန်တတ်တာ ဒီတစ်ခုပဲ ရှိလို့ပါ။

ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment