Latest News

Sunday, March 5, 2017

နတ်အုန်းသီးဝယ်ရာမှသားအမိချင်းစကားများပြီးမိခင်ကိုလည်ပင်းညှစ်သတ်မိ

နတ်အုန်းသီးဝယ်ရာမှသားအမိချင်းစကားများပြီးမိခင်ကိုလည်ပင်းညှစ်သတ်မိ

မတ် ၅ ရန်ကုန်။ ။ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ထန်းပင်ကုန်းကျေးရွာမှာ နတ်အုန်းသီးဝယ်ရာမှ သားအမိချင်းစကားများပြီး သမီးဖြစ်သူက အသက် ၇၀ အရွယ်အမေကို လည်ပင်းညှစ်ပြီး လက်လွန်ကာ သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

မြန်အောင်မြို့နယ် ထန်းပင်ကုန်းကျေးရွာ အိုးပုတ်ကုန်းအုပ်စုမှာနေထိုင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

သမီးဖြစ်သူ အသက် ၃၀ မစန်းစန်းဌေးကို မိခင်ဖြစ်သူက ပိုက်ဆံတစ်သောင်းပေးပြီး နတ်အုန်းသီးဝယ် ခိုင်းတယ်လို့ သိရပါတယ်။

အုန်းသီးဝယ်လာပြီးအပြန် အဆိုပါကိစ္စနဲ့ပတ်သက်ပြီး သားအမိချင်းစကားများရာမှ မိခင်ဖြစ်သူကို လည်ပင်းညှစ်ကာ အနောက်ကို ဆောင့်တွန်းလိုက်တယ်လို့ သိရပါတယ်။

“အုန်းသီးဝယ်ခိုင်းတယ် ပြီးတော့ အုန်းသီးကပေါ့လို့ဆိုလားမသိဘူး နတ်တင်တဲ့အုန်းသီးဆိုတော့ လေးမှရမယ်ဆိုပြီး သမီးဖြစ်သူကို ဟင်းချက်နေတဲ့ယောင်းမနဲ့ ဘာဖြစ်ချင်လဲဆိုပြီး စကားများရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် စကားများရင်း လည်ပင်းကိုညှစ်လိုက်တာ လေပြွန်ကိုပိတ်မိသွားတယ်လို့ သိရတယ်” လို့ မြန်အောင်မြို့နယ် ဒုရဲအုပ်အောင်ဇော်လတ်က ပြောပါတယ်။

မိခင်ဖြစ်သူကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကသတ်ခဲ့ပြီး အလောင်းကို နေအိမ်ရှိခြံဝန်းထဲ အိမ်အနောက်ဘက်မှာ မြှပ်ထားခဲ့ပြီး မတ်လ ၄ ရက်နေ့မှာ အဆိုပါအလောင်းကို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ဖြစ်ပြီး သမီးဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေမှာ ကျုးလွန်တယ်လို့ ယူဆရတဲ့ မစန်းစန်းဌေးကို မြန်အေင်မြို့နယ်ရဲစခန်းမှာ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုနဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဝင်းနန္ဒာ


Kumudra

No comments:

Post a Comment