Latest News

Sunday, March 19, 2017

ရန်ကုန် - မန္တလေး အမြန်လမ်း ၆၇ မိုင်အနီးတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွား

ရန်ကုန် - မန္တလေး အမြန်လမ်း ၆၇ မိုင်အနီးတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွား

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၊ အုတ်ရှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၆၇ မိုင်အနီး ၃ ဖာလုံနှင့် ၄ ဖာလုံအကြားတွင် ယနေ့ (မတ်လ ၂၀ရက်) နံနက် ၈ နာရီခန့်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ထွက်ခွာလာသော ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မီးလောင်တာ ဟုတ်ပါတယ်၊ ကျွန်တော်တို့ သတင်းရတာတော့ ၈ နာရီလောက်က၊ လောင်တာတော့ခန့်မှန်းပေါ့၊ ခရီးသည်ကတော့ ခန့်မှန်းခြေ ၂၅ ဦး၊ ၃၀ ၀န်းကျင်မှာ ပါတယ်၊ ၆၇ မိုင် ၃ ဖာလုံနဲ့ ၄ ဖာလုံအကြားမှာပါ၊ ယာဉ်က မန်းရွှေမြို့တော်ပါ၊ ရန်ကုန်-နေပြည်တော်ဘက်မှာဖြစ်တာ၊ ထိခိုက်ဒဏ်ရာရရှိခြင်းတော့ မရှိပါဘူး၊ အင်ဂျင်ခြမ်းကနေပြီးတော့ စလောင်တာ၊ အခုလောလောဆယ် အအေးပေးနေတုန်းမို့လို့ ကျွန်တော်တို့ခဏနေကြရင် သတင်းထုတ်ပြန်ပေးပါ့မယ်၊ မီးကတော့ မရှိတော့ပါဘူး”ဟု အုတ်ရှစ်ကုန်း အမြန်လမ်းမကြီးမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ အုတ်ရှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ အုတ်ရှစ်ကုန်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက် မီးငြိမ်းသတ်ခဲ့ပြီး အဆိုပါယာဉ် မီးလောင်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment