Latest News

Sunday, March 19, 2017

ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ကုန်သေတ္တာစီးဝင်မှု ၂၀၂၅ ခုနှစ်တွင် လေးသန်းခန့်ထိ တိုးတက်လာမည်ဟု ခန့်မှန်း

ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ကုန်သေတ္တာစီးဝင်မှု ၂၀၂၅ ခုနှစ်တွင် လေးသန်းခန့်ထိ တိုးတက်လာမည်ဟု ခန့်မှန်း

ရန်ကုန် ၊ ၂၀-၃-၂၀၁၇

ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ၂ဝ၁၅ ခုနှစ်က ကုန်သေတ္တာပေါင်း ရှစ်သိန်းကိုးသောင်း ဆိပ်ကမ်းသို့ စီးဝင်ခဲ့ရာ၊ ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်သန်းခန့်နှင့် ၂ဝ၂၅ ခုနှစ်တွင် လေးသန်းခန့်ထိ တိုးတက် လာမည်ဟု တွက်ချက် ခန့်မှန်းထားကြောင်း၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ သတင်းများ အရ သိရသည်။

အဆိုပါ ခန့်မှန်း တွက်ချက်မှု များအရ ရန်ကုန် အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းများသို့ ကုန်သေတ္တာ စီးဝင်မှု သိသိသာသာ တိုးတက်များပြား လာမည်ဖြစ် သဖြင့် ကြီးထွားဖြစ်ပေါ် လာမည့် အခက်အခဲများကို ဖြေရှင်း ဆောင်ရွက်နိုင် ရန်အတွက် ရေကြောင်းမှ တိုက်ရိုက် ကုန်စည်သယ်ယူ ပို့ဆောင်မှု စနစ်ကို နိုင်ငံတော် အစိုးရထံသို့ တင်ပြ ထားသည်။

ထို့ပြင် ဆန်၊ ပဲ၊ ပြောင်းအများဆုံး ထွက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ကုန်သေတ္တာ သိုလှောင်ရုံများ ဆောက်လုပ်ကာ ကုန်စည်များကို သင်္ဘော နောက်တွဲဖြင့် သယ်ဆောင်လာပြီး နိုင်ငံခြားသို့ ပို့ဆောင်မည့် ကုန်တင်သင်္ဘော ပေါ်သို့ ရေကြောင်းမှ တိုက်ရိုက် တင်ဆောင်မည့် စနစ်ကို JICA ၏ အကူအညီဖြင့် မန္တလေးတွင် စမ်းသပ်ဆောင်ရွက် နေပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင် က ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment