ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အမေရိကန်ရေတပ်မှစစ်ရေယာဉ် ပြန်လည်ထွက်ခွ
ာ
နေပြည်တော် မတ် ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အမေရိကန်ရေတပ်မှ စစ်ရေယာဉ် USNS FALL RIVER(T-EPF-4) သည် ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ရေတပ်စစ်သံမှူးတို့က သီလ၀ါဆိပ်ကမ်း MITT တံတား၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါစစ်ရေယာဉ်တွင် စစ်ရေယာဉ်မှူး CAPT Stanfield L.Chien ဦးစီး၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၁၃၉ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံတွင် မတ် ၂၁ ရက်မှ ၂၅ ရက်ထိ ၅ ရက်ကြာခရီးစဉ်အတွင်း နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေးဘော်လီဘောကစားခြင်း၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက် လေ့လာခြင်းနှင့် ရန်ကုန်မြို့ရှိ အထင်ကရနေရာများအား လေ့လာလည်ပတ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Sunday, March 26, 2017
ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အမေရိကန်ရေတပ်မှစစ်ရေယာဉ် ပြန်လည်ထွက်ခွာ
ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အမေရိကန်ရေတပ်မှစစ်ရေယာဉ် ပြန်လည်ထွက်ခွာ
Reviewed by Ar Ti
on
7:34 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment