Latest News

Monday, March 13, 2017

ငပုတောမြို့ နယ် ကျုံကူးကျေးရွာတွင် ဦးဝိစိတ္တာဘိဝံသ ( ဦးဝီရသူ ) ဟောကြားခဲ့သောဒို့တာဝန်အရေးသုံးပါး နှင့် ၉၆၉ တရားတော်


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဝိစိတ္တာဘိဝံသ ( ဦးဝီရသူ ) အား
ဧရာဝတီတိုင်းဒေသကြီးအတွင်းတရားဟောခွင့် ပြု သင့် မပြု သင့်
Cabinet ကတ်ဘိနက် ၀န်ကြီးများအဖွဲ့အစည်းအဝေးတွင်
ဦးဝိစိတ္တာဘိဝံသ ( ဦးဝီရသူ )ငပုတောမြို့နယ် ကျုံကူးကျေးရွာတွင်ဟောကြားခဲ့သော
အောက်ဖေါ်ပြပါ ဗီဒီယိုဖိုင်အားဖွင့်ပြပြီးသဘောထားမှတ်ချက်ရယူခဲ့ရာ
အစည်းအဝေးတက်ရောက်လာသူအားလုံးမှတရားဟောခွင့် မပြုသင့်ကြောင်း
ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ပြီးတိုင်းသံဃနယကအဖွဲ့သို့ဆက်လက်တင်ပြလျှောက်တင်ခဲ့ရာ
တိုင်းသံဃနာယကဦးဆောင်ဆရာတော်များမှလည်း
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဆုံးဖြတ်ချက်ကိုကန့်ကွက်ရန်မရှိပါကြောင်း နှင့်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း
အကြောင်းပြန်ခဲ့ပါသည်။
၉.၃.၂၀၁၇ ရက်နေ့တွင်ကျင်းပပြုလုပ်သည့်သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
(၄၇) ပါးစုံညီ စတုတ္ထအထူးအစည်းအဝေးတွင်ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) အား
၁၀.၃.၂၀၁၇ ရက်နေ့မှ ၉.၃.၂၀၁၈ ရက်နေ့အထိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း
တရားဟောပြောခွင့်ကို တစ်နှစ် ပိတ်ပင်လိုက်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။
(၂၀၁၇ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ငပုတောမြို့ နယ် ကျုံကူးကျေးရွာတွင်
ဦးဝိစိတ္တာဘိဝံသ ( ဦးဝီရသူ ) ဟောကြားခဲ့သောဒို့တာဝန်အရေးသုံးပါး နှင့် ၉၆၉ တရားတော်)
Admin

No comments:

Post a Comment