Latest News

Sunday, March 26, 2017

ဝါးခယ်မကမ်းနားတွင် ရေယာဉ်တစီး မီးလောင်မှုဖြစ်

 မောင်ရဲနိုင် ၂၆.၃.၂၀၁၇
( 26 - 3 - 2017 ) ရက် နံနက်၁၀း၄၅အချိန်ခန့်က ဝါးခယ်မကမ်းနားမှာ ရေယာဉ်တစီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။
ဖြစ်ပွားပုံမှာ ၀ါးခယ်မမြို့နယ် မြသိန်းတန်ရပ်ကွက် ကမ်းနားလမ်းမှာဆိုက်ကပ်ထားတဲ့ ဦးသိန်းထွန်း အုတ်၊ သဲ၊ ကျောက် လုပ်ငန်းပိုင်သင်္ဘောတစီးမှာ လုပ်သားရန်နိုင် ထင်းမီးဖိုဖြင့် ထမင်းချက်ထားခဲ့ပြီးကုန်းပေါ်ကို ပစ္စည်းသွားရောက်ယူဆောင်နေချိန် ရေယာဉ်ကိုမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။
ကာလတန်ဘိုး (၅၀၀၀၀ိ/-) ခန့်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆသူ ရန်နိုင်အား ဥပဒေအရ အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက် လျှက်ရှိကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့တင်ပြချက်အရသိရပါတယ်။
Credit.
ဓါတ်ပုံ - ဧရာဝတီတိုင်းရဲတပ်ဖွဲ့
The Ayeyarwaddy Times



No comments:

Post a Comment