Latest News

Wednesday, March 1, 2017

လျှပ်စစ် တစ်ယူနစ်ပိုရောင်းရတိုင်း ပိုပြီး အရှုံးပေါ်ကြောင်း ဒုတိယ၀န်ကြီးပြော

လျှပ်စစ် တစ်ယူနစ်ပိုရောင်းရတိုင်း ပိုပြီး အရှုံးပေါ်ကြောင်း ဒုတိယ၀န်ကြီးပြော

လျှပ်စစ်ဓာတ်အား တစ်ယူနစ်ရောင်းတိုင်း အစိုးရက ငွေ ၂၃ ကျပ် အရှုံးပေါ်နေကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင် က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ပြောကြားခဲ့ပါတယ်။

၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ ဆွေးနွေးချက်တွေကို ပြန်လည်ရှင်းလင်းရာမှာ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင် က ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၇ -၂၀၁၈ ခုနှစ်မှာ လျှပ်စစ်ယူနစ်သန်းပေါင်း နှစ်သောင်းနီးပါးသုံးစွဲဖို့ လျာထားတာ ကြောင့် ပြီးခဲ့တဲ့နှစ်ထက် ယူနစ်သန်းပေါင်း ၁၇၀၀ ကျော် ပိုမိုသုံးစွဲမှာဖြစ်ကြောင်းနဲ့ လျှပ်စစ်ယူနစ်တိုး ထုတ်လုပ်တိုင်း အရှုံးပေါ်နေတာဖြစ်ကြောင်း  ဒေါက်တာထွန်းနိုင်က ပြောပါ တယ်။

ဒါ့အပြင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လျှုပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာပေါင်း ၅ သောင်း ကျော်ရှိတဲ့အထဲက နှစ်အလိုက်၊ အဆင့် အလိုက် လျှပ်စစ်မီးရရှိရေး စီမံကိန်းရေးဆွဲပြီး လုပ်ဆောင်နေကြောင်းလည်း ဒေါက်တာထွန်းနိုင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

Photo: Win Naung Toe/ RFA

( လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်ကို မတ်လ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ တွေ့ရစဉ် )

No comments:

Post a Comment