ဒါးပိုင်ကျေးရွာမှာ သန်း ၄၀ ကျော်ဖိုး ဆေးခြောက်တွေ ဖမ်းဆီးရမိ
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာမှာ ငွေကျပ် သန်း ၄၀ ကျော် တန်ဖိုးရှိတဲ့ ဆေးခြောက်ကီလိုဂရမ် ၄၀ ကျော်နဲ့အတူ မွတ်ဆလင်တစ်ဦးကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီဆေးခြောက်တွေရဲ့ အလေးချိန်ဟာ ၂၅ ပိဿာနီးပါးလောက်ရှိတယ်လို့ စစ်တွေမြို့မ ရဲစခန်းမှူး ဒုရဲမှူးရန်နိုင်လတ် က ပြောပါတယ်။
မနေ့ကသိမ်းဆည်းရမိတဲ့ ဆေးခြောက်ပမာဏဟာ အရင်ကဖမ်းဆီးရမိတာတွေထဲမှာ ပမာဏ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဆေးခြောက်တွေကို သိမ်းဆည်းထားတဲ့ ဒါးပိုင်ရွာဟောင်းနေ အာမောက်ဟူဆောင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသလို အဲဒီအမှုမှာ အဓိကပတ်သက်နေသူတွေကို လိုက်လံရှာဖွေနေတယ်လို့ ဒုရဲမှူး ရန်နိုင်လတ်က ပြောပါတယ်။
အဲဒီ ဆေးခြောက်တွေကို တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရေလမ်းကြောင်းကနေတစ်ဆင့် ရခိုင်ပြည်နယ်ထဲကို သယ်ယူလာတာဖြစ်တယ်လို့ သိရပါတယ်။
Photo: Min Thein Aung/ RFA
( စစ်တွေမြို့မ ရဲစခန်းမှူး ဒုရဲမှူးရန်နိုင်လတ်ကို မတ်လ ၁ ရက်နေ့က တွေ့ရစဉ် )
Wednesday, March 1, 2017
ဒါးပိုင်ကျေးရွာမှာ သန်း ၄၀ ကျော်ဖိုး ဆေးခြောက်တွေ ဖမ်းဆီးရမိ
ဒါးပိုင်ကျေးရွာမှာ သန်း ၄၀ ကျော်ဖိုး ဆေးခြောက်တွေ ဖမ်းဆီးရမိ
Reviewed by Ar Ti
on
2:57 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment