Latest News

Friday, March 3, 2017

ရှေ့ဘဏ္ဍာနှစ် အတွင်း ရန်ကုန်တိုင်းကို လျှပ်စစ်မီး ပြည့်မီအောင် ပေးမည်ဆိုပါက ၉၀၀ ဘီလီယံကျပ် ရှုံးမည် ဟု ရန်ကုန်တိုင်း အစိုးရဆို

ရှေ့ဘဏ္ဍာနှစ် အတွင်း ရန်ကုန်တိုင်းကို လျှပ်စစ်မီး ပြည့်မီအောင် ပေးမည်ဆိုပါက ၉၀၀ ဘီလီယံကျပ် ရှုံးမည် ဟု ရန်ကုန်တိုင်း အစိုးရဆို

ရန်ကုန်၊ မတ် ၃

ရှေ့ဘဏ္ဍာနှစ် အတွင်း ရန်ကုန်တိုင်းကို လျှပ်စစ်မီး ပြည့်မီအောင် ပေးမည်ဆိုပါက ၉၀၀ ဘီလီယံ ကျပ်ငွေ ရှုံးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ မှ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော် က လာမည့် ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ် အတွက် လျှပ်စစ် လုံလောက်အောင် ပေးမည် ဆိုပါက အထက်ပါ ပမာဏ အတိုင်း အစိုးရက အရှုံးပေါ်မည် ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

''ထုတ်လုပ်၊ဖြန့် ဖြူးတဲ့ စရိတ်နဲ့  ရောင်းချပြီး ပြန်လည် ရရှိတဲ့ဝင်ငွေတို့ ရဲ့ အချိုးအဆမမျှတတဲ့အတွက် နှစ်စဉ် နိုင်ငံတော်က အရှုံးပေါ်နေတယ်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် ကျပ်ငွေ ဘီလီယံ၄၇၀ အရှုံးခံခဲ့ရတယ်။ ဒီအခြေအနေ အတိုင်း ဆက်သွားရင် လျှပ်စစ်ဓါတ်အား တိုးထုတ်လေ ပိုရှုံးလေ ဖြစ်မှာ'' ဟု ၀န်ကြီး က ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွက် လျှပ်စစ် ဓါတ်အားနှင့် စွမ်းအင် မဟာစီမံကိန်း တစ်ခုကို ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်က အနီးကပ် လမ်းညွှန် ဆောင်ရွက် နေကြောင်း၊ လာမည့် နွေရာသီအတွက် လျှပ်စစ်မီး မပြတ်ရန် အစိုးရက ကြိုးစား ဆောင်ရွက် နေကြသော်လည်း၊ လျှပ်စစ်မီး ပြတ်တောက်မှုမှာမူ ရှိနေဦးမည် ဖြစ်ကြောင်း ဒေါ်နီလာကျော် က ပြောကြားသည်။

မတ်လ ၃ ရက်နေ့ နံနက်ပိုင်းက ကုန်သည် စက်မှု အသင်းချုပ် ရုံးတွင် ပြုလုပ်သော လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖြိုးထက်အောင်
ဓါတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)
Popular

No comments:

Post a Comment