Latest News

Sunday, March 12, 2017

နိုင်ငံတော်သံဃာ့နာယက မှ တရားဟောခွင့် ပိတ်ထားသည့် ဦးဝီရသူ အိမ်မဲမြို့နယ်တွင် ဝစီပိတ်တရားပွဲပြုလု



မတ်လ ၁၂ ရက်။ ၂၀၁၇ ခုနှစ်။

မြန်မာန်ုင်ငံအတွင်း၌ တရားဟောခွင့် ၁ နှစ်ကြာ ပိတ်ပင်ထား သည့် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ) သည် မတ်လ ၁၁ ရက်နေ့ညက အိမ်မဲမြို့နယ် သီးကွင်းရွာတွင် ပါးစပ်ကို မီးတိပ်များဖြင့်ကပ်ကာ ဝစီပိတ်တရားပွဲ တစ်ခု ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သံဃာမဟာနာယက ၄၇ ပါး စုံညီ စတုတ္ထအစည်းအဝေး ဆုံးဖြတ်ချက် အရ မတ်လ ၁၀ ရက်နေ့မှ စတင်ကာ ဦးဝီရသူအား မြန်မာနိုင်ငံအတွင်း တစ်နှစ်ကြာ တရားဟောခွင့် ပိတ်ပင်ကြောင်း ထုတ်ပြန်ပြီး နောက်နေ့တွင် အိမ်မဲမြို့နယ် သီးကွင်းကျေးရွာတွင် ဦးဝီရသူက ပါးစပ်ကို တိပ်ဖြင့်ကပ်၍ နှုတ်ဖြင့်မဟောပြောဘဲ တရားခွေဖွင့်ကာ ဟောပြောခဲ့ခြင်း ဖြစ်သည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ပုသိမ်မြို့ ကမ်းနားလမ်းတွင် ကျင်းပရန်စီစဉ် ထားသည့် တရားပွဲကို လုံခြုံရေးအခြေ အနေကြောင့် ပိတ်ပင်ခံခဲ့ရပြီး နောက်ပိုင်း ဖေဖေါ်ဝါရီလ ၉ ရက်နေ့က သမ္မတဟောင်း ဦးသိန်းစိန် ဇာတိရွာဖြစ် သည့် ငပုတောမြို့နယ် ကျုံကူးကျေးရွာ တွင် ဒေသဆိုင်ရာအာဏာပိုင်များကို ကျေးရွာဆရာတော်များသာ ဟောမည့် ကျေးရွာတရားပွဲ အသွင်ဖြင့်ခွင့်ပြုချက် ယူကာတက်ရောက် ဟောကြားခဲ့သည်။

ထို့နောက် မတ်လ ၈ ရက်နေ့က မအူပင်မြို့နယ် လေးအိမ်စုကျေးရွာအုပ်စု တာတပေါ ကျေးရွာတွင် ဒေသဆိုင်ရာ အာဏာပိုင်များ တားမြစ်ထားသည့်ကြားမှ ဗုဒ္ဓတရာတော်များနှင့် မညီသည့် တရားပွဲတစ်ခု ထပ်မံ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး သံဃာ့မဟာ နာယကမှ တိုင်းဒေသကြီးအတွင်း ဟောကြားခွင့်ကို ထပ်မံပိတ်ထားခဲ့ရာ အိမ်မဲမြို့နယ်တွင် ထပ်မံပြီး ဝဇီပိတ်တရားပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထွန်းထွန်း
Ayeyarwaddy Times
https://www.facebook.com/ayetimes

No comments:

Post a Comment