Latest News

Friday, March 17, 2017

အကယ်ဒမီပေးပွဲကြောင့် လမ်းအချို့ ယနေ့ယာယီပိတ်မည်

အကယ်ဒမီပေးပွဲကြောင့် လမ်းအချို့ ယနေ့ယာယီပိတ်မည်

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကို မတ်လ ၁၈ ရက်တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပ မည်ဖြစ်၍ လမ်းအချို့ ယာဉ်သွားလာခွင့် ယာယီပိတ်ထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၆ အတွက် မြန်မာ့ရုပ် ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကို မတ်လ ၁၈ ရက် ညနေ ၅ နာရီ တွင် စတင်ကျင်းပမည်ဖြစ်ရာ ပြည်လမ်းကို ဟံသာဝတီအဝိုင်းမှ ပြည်ထောင်စုရိပ်သာလမ်းအထိ၊ ဗားကရာလမ်းနှင့် ရှင်စောပုလမ်း ကို ဦးဝိစာရလမ်းဆုံမှ ဗဟိုလမ်းအထိ၊ အလုံလမ်းကို မြို့မကျောင်းလမ်းဆုံမှ ဗဟိုလမ်းအထိ ယာဉ်သွားလာခွင့် ညနေ ၄ နာရီမှ ည ၇ နာရီအထိ ယာယီပိတ်ထားမည် ဖြစ်သည်။


‘‘အကယ်ဒမီပေးပွဲ စတင် မယ့်အချိန် ညနေ ၄ နာရီလောက် ကစပြီး ပြည်သူ့ရင်ပြင်နဲ့ဆက်စပ် တဲ့ လမ်းတချို့ကို ခေတ္တပိတ်ထား မယ်။ ပွဲပြီးချိန်လောက်မှ ပြန်ဖွင့် ပေးပါမယ်’’ဟု အမှတ် (၂) ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှ တာဝန်ရှိသူတစ် ဦးကပြောသည်။

ယခုနှစ် အကယ်ဒမီပေးပွဲ သည် ရွှေတိဂုံစေတီတော်နောက် ခံဖြင့် ပြည်သူ့ရင်ပြင်တွင် ပထမ ဆုံးကျင်းပသော ပွဲဖြစ်ပြီး ည ၇ နာရီမှ ၉ နာရီအထိ ကျင်းပမည် ဖြစ်သည်။ ၂၀၁၆ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် စာရင်းဝင်သည့် ရုပ်ရှင်ဇာတ်ကား ၃၃ ကားရှိပြီး ဆန်ခါတင်ရုပ်ရှင်ကား ၁၀ ကား ပါဝင်သည်။7Day News Journal

No comments:

Post a Comment