Latest News

Friday, March 24, 2017

မဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီး ရွှေသား ခုနစ်ပိဿာနီးပါး ရရှိ

မဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီး ရွှေသား ခုနစ်ပိဿာနီးပါး ရရှိ

မန္တလေး၊ မတ် ၂၃

မန္တလေးမြို့တော်ရှိ တန်ခိုးကြီး ဘုရားများအနက် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်မှနေ၍ ရွှေမိုက်ထုတ်ယူလျက် ရှိရာ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီး မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့် ရွှေသားခြောက်ပိဿာ ၆၈ ကျပ်သား ရရှိထား ကြောင်း ရွှေမိုက်ထုတ်လုပ်ရေးအဖွဲ့ထံမှ သိရသည်။

“နောက်ထပ် လေးရက်လောက်နေရင် အားလုံးပြီးမယ်။ အရင်နှစ်ထက် ပိုရမယ်၊ မရဘူးကတော့ အတိအကျပြောလို့ မရနိုင်ပါဘူး။ ကျန်နေတဲ့ အမှိုက်တွေထဲက ရွှေပမာဏကို မမြင်နိုင်တဲ့အတွက် ခန့်မှန်းလို့ မရနိုင်ပါဘူး” ဟု ရွှေမိုက်သူကြီး ဦးအောင်မိုးက ပြောကြားသည်။

ရွှေမိုက်ထုတ်လုပ်ခြင်း လုပ်ငန်းကို ယခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်လုပ်ဆောင်ခြင်း ဖြစ်ပြီး ရွှေလှောင်အိတ် (မှိုင်းခံအိတ်)  ၂၅၀ ကျော်နှင့် သစ်စေးများ၊ ဂွမ်းများမှ ရွှေသားထုတ်ယူနေခြင်း ဖြစ်သည်။ ( The Voice )

No comments:

Post a Comment