Latest News

Tuesday, March 28, 2017

အကျဉ်းသားတွေကို အမဲလိုက်သတ်ဖြတ်နေတဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ကလေးငယ်များ၏ ဗီဒီယိုထွက်ပေါ်



စိတ်မချမ်းသာဖွယ်  အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ရဲ့ ၀ါဒဖြန့်ဗီဒီယိုအခွေထဲမှာ
လက်နက်ကိုင်ထားတဲ့ကလေးငယ်တွေက လူသူမနေတော့တဲ့အဆောက်အဦးတစ်ခုထဲမှာ
အကျဉ်းသားတွေကို အမဲလိုက်သလို လိုက်လံပစ်ခတ်သတ်ဖြတ်နေတာကိုတွေ့ရပါတယ်။

အစ္စလာမ္မနိုင်ငံတော်အဖွဲ့ရဲ့ ဟေးရတ်သတင်းအေဂျင်စီက ထုတ်ပြန်တဲ့ဗီဒီယိုထဲမှာ
ခါလီဖိတ်လေးများ(တမာန်တော်မိုဟာမက်အရိုက်အရာကိုဆက်ခံသူလေးများ)လို့ အမည်ပေးထားတဲ့
ကလေးငယ်တွေဟာ စစ်ရေးလေ့ကျင့်ခန်းတစ်ခုယူဆရတဲ့ လှုပ်ရှားမှုပြုလုပ်နေတာတွေ့ရမှာပါ။

ကလေးတွေဟာ ၁၀ နှစ်၁၁ ထက်ပိုပြီး ကြီးတဲ့ပုံမရပါဘူး။
တခန်းဝင်တခန်းထွက် လက်ထဲမှာ သေနတ်ကိုင်ပြီး ရှင်းလင်းရေးလုပ်နေကြတာပါ။
စစ်သားအများစုက ဒီလိုလေ့ကျင့်ခန်းမျိုးကို သစ်သားရုပ်နဲ့ အသုံးပြုပြီးလေ့ကျင့်ကြရချိန်မှာ
ဒီကလေးငယ်တွေကို သက်ရှိအကျဉ်းသားတွေကို အမဲလိုက်သလိုရှာဖွေပစ်ခတ်ဖို့လေ့ကျင့်ပေးနေတာပါ။
လက်ထိပ်ခတ်ခံထားရတဲ့အကျဉ်းသားဟာ ခါလီဖိတ်လေးများလက်ကလွတ်မြောက်အောင်ထွက်ပြေးနေ
ပုံကိုလည်းတွေ့မြင်ရပါတယ်။
နောက်ဆုံး ထိတ်လန့်ဖွယ်အကောင်းဆုံးအချိန်ကတော့  သူတို့အသက်ကိုချမ်းသာဖို့တောင်းပန်နေတဲ့
အကျဉ်းသားတွေရဲ့ အသံတွေနဲ့ နာကျင်စွာအော်ဟစ်သံတွေပါပဲ။
အကျဉ်းသားတွေတစ်ယောက်ပြီးတစ်ယောက်ပစ်သတ်ခံလိုက်ရပါတယ်။

အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ရဲ့ ကျွမ်းကျင်အရည်အသွေးရှိတဲ့ဝါဒဖြန့်ဗီဒီယိုထုတ်လုပ်ရေး အဖွဲ့ဟာ
သူတို့ဗီဒီယိုတွေထိရောက်မှုအမြင့်မားဆုံးဖြစ်အောင်  ကလေးငယ်တွေကို မကြာခဏသွင်းရိုက်ကူး
တာတွေ့ရပါတယ်။
ကလေးငယ်တွေကို ထည့်သွင်းအသုံးချခြင်းဟာ အကြီးဆုံးထိတ်လန့်တုန်လှုပ်မှုကိုဖြစ်စေတယ်ဆိုတာသိရှိတာကြောင့် သူတို့ပေး ချင်တဲ့သတင်းစကားကို အဝေးဆုံးထိပံျ့နှံ့ စေဖို့ ကလေး တွေကို အသုံးချနေတာဖြစ်ပါတယ်။

အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့က ကလေးစစ်သားတွေကို မကြုံစဖူးတဲ့အရေအတွက် စုဆောင်းနေတယ်လို့ လေ့လာမှုတစ်ခုကဆိုပါတယ်။ CNN သတင်းဌာနအဆိုအရ ကလေးစစ်သား ၁၅၀၀ အထက်မကရှိနိုင်တယ်လို့ သိရပါတယ်။ ၂၀၁၅ ဇန်န၀ါရီနဲ့ ၂၀၁၆ ဇန်န၀ါရီကြား မှာ ကလေးစစ်သား ၈၉ ယောက် အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့အတွက် တိုက်ခိုက်ရင်းသေဆုံးခဲ့ရပါတယ်။
ref: dailymail
SZ(Time Ayeyar_ တိုင်းဧရာ) ဘာသာပြန်သည်။





No comments:

Post a Comment