ဦးဝီရသူရဲ့ ဒုတိယအကြိမ် ဝစီပိတ်တရားပွဲကို မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့
တရားပွဲရှိ တယ်ဆိုတာကိုတော့ မြို့ထဲမှာ ကြိုတင်ကြေညာကာ ပြုလုပ်ခဲ့တာဖြစ်တယ်။
နိုင်ငံအတွင်း တရားဟောခွင့်ပိတ်ပင်ထားတဲ့ ဆရာတော်ဦးဝီရသူရဲ့ ဝစီပိတ်တရားပွဲကို မတ်လ ၁၅ ရက်က မြစ်ကြီးနားမြို့ လမ်းကွေ့ရပ်ကွက် ဇေယျာသီရိကျောင်းတိုက်မှာ ဝစီပိတ်တရားပွဲ ထပ်မံပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
‘‘သူက ဒီလိုပဲ ထိုင်နေတာပါ။ သူ့တပည့်တစ်ယောက်က တရားဟောတာပေါ့။ လမ်းကွေ့ရပ်ကွက် ဇေယျာသီရိကျောင်းတိုက်မှာပါ။ ရဟန်းခံရှင်ပြုအလှူ တစ်ခုကိုလာတာပါ။ တရားနာ ပရိသတ်ကတော့ ၂၅၀ လောက် ရှိမယ်ထင်တယ်’’ လို့ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိ တာဝန်ရှိသူတစ်ဦးကပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
တရားပွဲရှိ တယ်ဆိုတာကိုတော့ မြို့ထဲမှာ ကြိုတင်ကြေညာကာ ပြုလုပ်ခဲ့တာဖြစ်ပြီး တရားပွဲကို ၈ နာရီ ၂၀ လောက်မှာ စခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။
‘‘ဒါ ကတော့ ရဲကပဲ သူ့အလုပ်သူလုပ်လိမ့်မှာပေါ့နော်။ သူတို့ ဘာလုပ်လဲဆိုတာ သိရတဲ့အခါကျမှ လုပ်ကြပါလိမ့်မယ်’’ လို့ အဆိုပါတရားပွဲနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒီဆင်ရမ်းက မတ်လ ၁၅ ရက်က ပြောကြားထားပါတယ်။
ဦးဝီရသူဟာ ဘာသာတစ်ခုနဲ့တစ်ခုအကြား အမုန်းတရားပွားပြီး ဘာသာရေးအဓိကရုဏ်း ဖြစ်စေနိုင်တဲ့ ဟောပြောမှုတွေ၊ အမုန်းတရားကြီးထွားစေဖို့ လှုံ့ ဆော်ဟောပြောမှုတွေ၊ တရားဥပဒေစိုးမိုးမှုကို အဟန့်အတားဖြစ် စေတဲ့ ဟောပြောမှုတွေနဲ့ နိုင်ငံရေးပါတီတွေအကြား ဘက်လိုက်ဝေဖန်မှုတွေကို ဒေသအနှံ့ ကြိမ်ဖန်များစွာပြုလုပ်ခဲ့ပြီး ဒီလိုပြုလုပ်ခဲ့တာဟာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားလွှာတွေကို ဖောက်ဖျက်ကျူးလွန်ခဲ့တာကြောင့် တစ်နိုင်ငံလုံး တရားဟောခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် သံဃနာယကအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
‘‘ဦးဝီရသူ ကိစ္စကတော့ လောလောဆယ် ဘာမှပြောဖို့မရှိ ပါဘူး။ ပြောဖို့မရှိပါဘူးဆိုတာ သူ့အဆင့်လိုက်လာမှာပါ။ အခုအချိန်ပြောရင် ထပ်ပြောရင် သိပ်ပြီးတော့ ဟဲဗီးဖြစ်သွားမယ်’’ လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားထားပါတယ်။
Photos & Source: 7Day Daily: Duwun
ဦးဝိစိတ္တာဘိ၀ံသ ( ဦးဝီရသူ )ငပုတောမြို့နယ် ကျုံက... by 88linker
Wednesday, March 15, 2017
ဦးဝီရသူရဲ့ ဒုတိယအကြိမ် ဝစီပိတ်တရားပွဲကို မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့
ဦးဝီရသူရဲ့ ဒုတိယအကြိမ် ဝစီပိတ်တရားပွဲကို မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့
Reviewed by Ar Ti
on
7:05 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment