Latest News

Tuesday, March 28, 2017

တော်လှန်ရေးနေ.လား ၊ တပ်မတော်နေ.လား

တော်လှန်ရေးနေ.လား ၊ တပ်မတော်နေ.လား

သရ၀ဏ်(ပြည်)

မီးကျည် မီးပန်းများကောင်းကင်ကိုထိုးတက်သွားသည် ။  ပြီးတော.မှောင်မဲနေသောကောင်းကင်ယံတွင်ရောင်စုံမီးပန်းလေးတွေသည် ပန်းပွင်.ပန်းဆိုင်များသဖွယ်မြေပြင်ဆီသို. တဖွဲဖွဲ ဝေေ၀ဆာဆာ လှပစွာကျလာသည် ။ ထိုမြင်ကွင်းကိုတနှစ်တခါကျွန်တော်တို.သည် ပျော်ရွှင်ကြည်နူးစွာစောင်.ကြည်.မိကြပါသည် ။ တခါတရံ ရန်ကုန်တွင်နေစဉ် ကျွန်တော်နေထိုင်ရာ လမ်းမတော် လမ်းသစ်ရိပ်သာ ဘက်မှ ဦးဝိစာရလမ်း တော်လှန်ရေးပန်းခြံဘက်ဆီသို.မျှော်ကြည်.ရသည် ။ ပြည်မြို.တွင်နေသောအခါများတွင် ပြည်တဖက်ကမ်း ဆင်တဲ ရှိ စစ်လက်နက်ပစ္စည်းစက်ရုံ (က.ပ.စ) မှ ပစ်လွှတ်သောမီးပန်းများကို ဧရာဝတီမြစ်ကမ်းနဖူးသို. သွားပြီး ခံစားကြည်.ရှုကြသည် ။ ရန်ကုန်မှာပဲကြည်.ကြည်. ၊ပြည်မှာပဲကြည်.ကြည်. ၊ တနိုင်ငံလုံးမည်သည်.နေရာမှာပဲကြည်.ကြည်. ထိုနေ.ညမြင်ကွင်းသည် တိုင်းပြည်ကချစ်ခင်လေးစားစွာစောင်.မျှော်ခဲ.ရသောတနှစ်တခါပေါ်လို.လာသည်. နေ.တနေ.ဖြစ်ပါသည် ။ ထိုနေ.သည် ကျွန်တော်တို.ငယ်စဉ်က “ တော်လှန်ရေးနေ. “ ဟုသိမှတ်ခဲ.ရသော မတ်လ (၂၇)ရက်နေ.ဖြစ်ပါသည် ။ ရန်ကုန်တွင်တော. တပ်မတော်သားများသည် စစ်ကြောင်းကြီးများ ခွဲ၍ နံနက်လင်းအားကြီးအချိန်တွင် ဦးဝိစာရလမ်း ရှိ တော်လှန်ရေးပန်းခြံသို. ချီတက်ကြသည် ။ မိဘပြည်သူများသည် လည်းနံနက်စောစောထကာ ထိုသို.ချီတက်လာသော တပ်မတော်သားများကို ပန်းကုံးစွပ်သူကစွပ် ၊ လက်ခုပ်တီးအားပေးသူကပေး ၊ လမ်းတလျှောက် သောသောညံအောင်အော်ဟစ်အားပေးသူကအားပေးဖြင်. စည်ကားတက်ကြွခဲ.ဖူးပါသည် ။ပြည်သူလူထုသည်မည်သူမှမဆင်.ခေါ်ရပဲကိုယ်.အသိစိတ်ဓါတ်ဖြင်.ကိုယ်ရောက်လာခြင်းဖြစ်သည် ။ထို.နေ.သည် မူလက တော်လှန်ရေးနေ.ဖြစ်သည် ။ နောက်တော. ဘယ်သူကဘယ်လိုဆုံးဖြတ်လိုက်သည်မသိ (သေချာသည်ကတော.ပြည်သူ.ဆန္ဒခံယူပွဲမလုပ်ခဲ.ပဲ မတ်လ ၂၇ သည် တပ်မတော်နေ.ဖြစ်သွားသည် ) ။ထိုအထိလည်းပြည်သူလူထုကမေတ္တာမပျက်ပဲအားပေးလျက်ပင် ။  ၁၉၈၈ သြဂုတ်လ ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီးတွင် ထိုအစဉ်အလာလည်းပျက်သွားသည် ။ ပြည်သူကိုတပ်ကမယုံတော. ၊ တပ်ကိုလည်းပြည်သူကအားမပေးတော. ။ ဦးဝိစာရလမ်းတလျှောက်ချီတက်လာသော တပ်မတော်စစ်ကြောင်းများကို အားပေးသူပင်မရှိသလောက်ချောက်ချောက်ကပ်ကပ်ဖြစ်လာသည် ။ ပန်းကုံးထဲတွင်မဟုတ်တာရောထည်.မည်စိုးသဖြင်. ပန်းကုံးစွပ်တာတွေကို ကန်.သတ်တားမြစ်လာသည် ။ လာရောက်အားပေးသူမရှိသလောက်နည်းလာသဖြင်. တပ်မိသားစုများကို ဆင်.ခေါ်ကာ ကြည်.ကောင်းအောင် ၊ ပွဲ စည်ကားအောင် လုပ်ယူလာရသည် ။ တော်လှန်ရေးနေ.သည်အဘယ်.ကြောင်.တပ်မတော်နေ.ဖြစ်သွားရသနည်းဟူသည်ကတော.ယခုထက်တိုင်ပဟေဋိသဖွယ်ဖြစ်နေဆဲဖြစ်သည် ။ မြန်မာ.သသမိုင်းကြောင်းတွင် မြန်မားလွတ်လပ်ရေးတပ်မတော်ဖွဲ.ခဲ.တာကအရင် ၊ ဖက်ဆစ်ဂျပန်ကိုတော်လှန်ေ၇းလုပ်ခဲ.တာကနောက်မှဖြစ်သည် ။ ခုနှစ်သက္ကရာဇ်လဲမတူ ၊ ရက်စွဲလဲမတူ ၊ အဖြစ်အပျက်များသည်လည်းမတူပါပေ ။ မြန်မာ.တပ်မတော်ဟူ၍ဖြစ်လာရာလမ်းကြောင်းကိုပြန်ကြည်.လျှင် ဗိုလ်ချုပ်အောင်ဆန်း (ထိုစဉ်ကသခင်အောင်ဆန်း ) တို.အင်္ဂလိပ်ကိုတော်လှန်ရန် ပြည်ပသို.ထွက်ခွာပြီး နိုင်ငံခြားအကူအညီရှာရာမှ  ဂျပန်တို.နှင်.ဆက်မိပြီး ရဲဘော်သုံးကျိပ်ဂျပန်ပြည်တွင်စစ်ပညာသင်ရာမှစသည် ။ မြန်မာလူငယ် သုံးဆယ်သည် ဂျပန်နိုင်ငံတွင် ၁၉၄၁ ဧပြီလ ၂၅ ရက်မှစပြီး တသုတ်ပြီးတသုတ် လေးသုတ်ခွဲ၍ ဂျပန်နိုင်ငံ ၊ဟိုင်နန်ကျွန်းရှိ ဆန်းယ ( Sanya ) စစ်ပညာသင်တန်းကျောင်းတွင် စစ်ပညာစတင်သင်ကြားခဲ.ကြသည် ။ ထိုသို.စစ်ပညာများကိုပြင်းပြင်းထန်ထန်အသက်နှင်.ရင်း၍ သင်ကြားကြပြီး ရှစ်လအကြာတွင် ထိုင်းနိုင်ငံဘန်ကောက်မြို.၌ မြန်မာ.လွတ်လပ်ရေးတပ်မတော် ( Burma Independence Army ) ကို စတင်အခြေတည်ဖွဲ.စည်းခဲ.ခြင်းဖြစ်သည် ။ တပ်မတော်ဖွဲ.သည်.နေ.သည် ၁၉၄၁ ခုနှစ် ၊ဒီဇင်ဘာလ ၂၆ ရက်နေ. ဖြစ်သည် ။  ထို.ကြောင်. တပ်မတော်နေ.သည် ဒီဇင်ဘာလ (၂၆ )ရက်နေ.သာဖြစ်သင်.ပါသည် ။ ထိုအကြောင်းကို သန်းဝင်းလှိုင်ရေးသော ဗိုလ်ချုပ်အောင်ဆန်းရက်စွဲမိုင်း စာအုပ်တွင်
“ သခင်အောင်ဆန်းသည် ဆိုင်ဂုံမြို.မှ ဘန်ကောက်မြို.သို.ရောက်ရှိလာသည် ။ ဘန်ကောက်မြို.တွင် မြန်မာလူမျိုး မျက်စေ.အထူးကုဆရာဝန်ကြီး  ဦးလွန်းဖေနေအိမ်တွင် အစည်းအဝေးကျင်းပ၍ စစ်သားစုဆောင်းရန်စီစဉ်သည် ။ထိုနေ.တွင်အစည်းအဝေးသို.မသွားမီ သခင်အောင်ဆန်းက ရဲဘော်သုံးကျိပ်ဝင်တို.ကိုစုဝေးပြီး  ယနေ.အစည်းအဝေးတွင် အစည်းအဝေးတက်ရောက်လာသူများနှင်.မိတ်ဆက်သည်.အခါ မိမိတို.၀တ်ထားသည်မှာဂျပန်ဝတ်စုံ ၊ အမည်ကလည်း ဂျပန်နာမည်ဖြစ်နေ၍ မိတ်ဆက်ရာတွင်အဆင်မပြေကြောင်း ၊ မိမိတို.နာမည်ရင်းများကိုမိတ်ဆက်လျှင်လည်း မြန်မာနိုင်ငံတွင်ကျန်ရစ်ခဲ.သည်. မိဘဆွေမျိုးသားချင်းများ ဒုက္ခရောက်နိုင်ကြောင်း ၊ ဟိုင်နန်ကျွန်းတွင်ရှိစဉ်က ကိုလှမောင် (ဗိုလ်ဇေယျ ) အကြံပေးသည်.အတိုင်း ဗမာဆန်ဆန် ဗိုလ်နာမည်များပေးမည်ဖြစ်ကြောင်း ပြောကြားခဲ.သည် ။ ထို.နောက်သခင်အောင်ဆန်း၏လမ်းညွှန်ချက်အရ ရဲဘော်သုံးကျိပ်တို.၏ ဗိုလ်ဘွဲ.အသီးသီးကို ဘော်နီယိုကုမ္မဏီဝင်းအတွင်း အမိန်.ကြေငြာချက်ထုတ်ပြန်သည် ။ ဤသို.ဖြင်. မြန်မာမျိုးချစ်လူငယ်များ၏ ဗိုလ်အမည်များတွင်လာခဲ.သည် ။ ရဲဘော်သုံးကျိပ်တို.၏အမည်ရင်း ၊ ဂျပန်အမည်နှင်.ဗိုလ်အမည်များမှာ -

စဉ် အမည် ဂျပန်အမည် ဗိုလ်ဘွဲ.အမည်

၁။ သခင်အောင်ဆန်း Omada Mongi ဗိုလ်တေဇ
၂။ သခင်ကျော်စိန် Takahashi ဗိုလ်မိုးညို
၃။ သခင်ခင်မောင်ဦး     Monya Masaru ဗိုလ်တာရာ
၎။ သခင်ငွေ             Katsura ဗိုလ်စောအောင်
၅။ သခင်ရှုမောင် Takasugi Susumu ဗိုလ်နေ၀င်း
၆။ သခင်စောလွင် Yamako Kiyoshi ဗိုလ်မင်းခေါင်
၇။ သခင်စံမြ        Nakagawa Ichiro ဗိုလ်တောက်ထိန်
၈။ သခင်စံလှိုင် Omura Tadashi ဗိုလ်အောင်
၉။ သခင်စိုး Kono ဗိုလ်မြင်.အောင်
၁၀။ ကိုဆောင်း    Monyo Hiroshi ဗိုလ်ထိန်ဝင်း
၁၁။ သခင်တင်အေး Chinda Seiji ဗိုလ်ဘုန်းမြင်.
၁၂။ သခင်ထွန်းခင် Nakamura Hitoshi ဗိုလ်မြင်.ဆွေ
၁၃။ ကိုထွန်းရှိန်       Yamashita Teruo ဗိုလ်ရန်နိုင်
၁၄။ သခင်ထွန်းရွှေ Utsumi Susumu ဗိုလ်လင်းယုန်
၁၅။ သခင်ထွန်းအုပ် Ichihara Ishiro ဗိုလ်ဘွဲ.မခံယူ
၁၆။ သခင်ဗဂျမ်း      Bata Takeshi ဗိုလ်လရောင်
၁၇။ သခင်မောင်မောင်    Tshchiya ဗိုလ်ဥာဏ
၁၈။ ကိုရွှေ Taniguchi Sgin-schi ဗိုလ်ကျော်ဇော
၁၉။ သခင်လှ          Ito Hitochi ဗိုလ်မင်းရောင်
၂၀။ သခင်လှဖေ Tani Kiyoshi ဗိုလ်လင်္ကျာ
၂၁။ ကိုလှမောင်    Kaga Masashi ဗိုလ်ဇေယျ
၂၂။ သခင်လှမြိုင် Itoda Tei-ichi ဗိုလ်ရန်အောင်
၂၃။ သခင်ထွန်းလွင် Otani Hiraoshi ဗိုလ်ဗလ
၂၄။ သခင်သစ်       Osawa ဗိုလ်စောနောင်
၂၅။ သခင်သန်းညွန်. Okawa ဗိုလ်ဇင်ယော်
၂၆။ သခင်သန်းတင်(၁)    Yamada ဗိုလ်ဘွဲ.မခံယူမီသေဆုံး
၂၇။ သခင်သန်းတင်(၂)     Tsubota ဗိုလ်မြဒင်
၂၈။ သခင်အေးမောင် Mizuno Saburo ဗိုလ်မိုး
၂၉။ သခင်အောင်သန်း Hirata Masao ဗိုလ်စကြာ
၃၀။ ကိုအောင်သိန်း     Hayashi ဗိုလ်ရဲထွဋ်  

တို.ဖြစ်ကြသည် ။ ဗိုလ်မှူးကြီး စူဇူကီးအမည်ကိုလည်း ဗိုလ်မိုးကြိုး ဟုပြောင်းလဲမှည်.ခေါ်သည် ။ ထိုနေ.ဘန်ကောက်မြို.ဦးထွန်းဖေနေအိမ်တွင် ကျင်းပသောအစည်းအဝေးသို. ရဲဘော်သုံးကျိပ်ဝင်များ ၊ ထိုင်းနိုင်ငံရောက်မြန်မာလူမျိုးများ ၊ ထိုင်း-မြန်မာကပြားများ ၊အပါအ၀င် လူဦးရေ ၂၀၀ ကျော်တက်ရောက်ခဲ.ကြသည် ။ ဦးလွန်းဖေကဗိုလ်တေဇနှင်.ရဲဘော်သုံးကျိပ်ဝင်များအားတက်ရောက်လာသောပရိသတ်များနှင်. မိတ်ဆက်ပေးခဲ.သည် ။ ထိုအစည်းအဝေးတွင် ဗိုလ်တေဇက မိမိတို.သည်မြန်မာ.လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန်ဂျပန်နိုင်ငံတွင် စစ်ပညာသင်ကြားခဲ.ကြသူများဖြစ်ကြောင်း၊ယခုအစည်းအဝေးခေါ်ရခြင်းမှာမြန်မာနိုင်ငံကိုစိုးမိုးအုပ်ချုပ်နေသည်. နေမ၀င်ဗြိတိသျှအင်ပါယာကိုဖြိုဖျက်ရန် ဗမာ.လွတ်လပ်ရေးတပ်မတော်ဖွဲ.စည်းတည်ထောင်လို၍ဖြစ်ကြောင်း ၊ ထို.ကြောင်.မိမိတိုင်းပြည်အတွက် စွန်.လွှတ်စွန်.စားစွာ တိုက်ပွဲဝင်လိုသူများအား ဗမာ.လွတ်လပ်ရေးတပ်မတော်အတွင်းဝင်ေ၇ာက်ရန်ဖိတ်ခေါ်ကြောင်းပြောကြားခဲ.သည် ။ဗိုလ်တေဇမိန်.ခွန်းပြောကြားပြီးနောက်အစည်းအဝေးတက်ရောက်လာသူများထဲမှဗမားလွတ်လပ်ရေးတပ်မတော် ( Burma Independence Army – B.I.A ) သို.၀င်ရောက်ရန်စာရင်းပေးကြရာတပ်သားသစ် ၁၀၀ ကျော်ရရှိခဲ.သည် ။ထိုသို.တပ်သားသစ်များရရှိခဲ.ပြီးနောက်ဗိုလ်တေဇသည်ရဲဘော်သုံးကျိပ်များးအပါအ၀င်ဗမာ.လွတ်လပ်ရေးတပ်မတော်တပ်သားများနှင်.အတူ လက်မောင်းသွေးဖောက်၍ မြန်မာ.လွပ်လပ်ရေးအတွက်အသက်ပေး၍တိုက်ပွဲဝင်ပါမည်ဟု သစ္စာအဓိဌာန်ပြုကာသွေးသောက်ပွဲကျင်းပခဲ.သည် “ ။ ထို.ကြောင်. မြန်မာ.တပ်မတော်ကိုစတင်ဖွဲ.စည်းသည်. ဒီဇင်ဘာ ၂၆ ရက်နေ.သည်သာတပ်မတော်နေ.ဖြစ်သင်.ပေသည် ။ လစာ ၊ရိက္ခာ အခွင်.အရေး ၊ဘ၀တက်လမ်း ၊ ကြီးပွားချမ်းသာရေး ၊ပင်စင် ဘာတခုမှမျှော်လင်.ချက်မရှိပဲ အသက်ကိုစွန်.ရန် တပ်မတော်ဖွဲ. သစ္စာရေသောက်ခဲ.သောထိုနေ.သည်သာ တပ်မတော်နေ.အမှန်ဖြစ်ပေသည် ။ထိုအကြောင်းကိုရဲဘော်သုံးကျိပ်ထဲတွင်ကိုယ်တိုင်ပါဝင်ခဲ.သော ဗိုလ်မြင်.ဆွေ က “ အခက်အခဲအမျိုးမျိုးကြားမှပေါက်ဖွား၍ အခက်အခဲအမျိုးမျိုးကိုရင်ဆိုင်ခဲ.ရပြီး အခက်အခဲအမျိုးမျိုးနှင်.ပင် စခန်းသိမ်းခဲ.ရသော ဤဗမာ.လွတ်လပ်ရေးတပ်မတော် ( ဘီအိုင်အေ) ကို ၁၉၄၁ ခု ၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ဘန်ကောက်မြို.၌ ရဲဘော်သုံးကျိပ်ကို အမှူးပြု၍တရားဝင်စတင်ဖွဲ.စည်းခဲ.ပါသည် “ ဟု သူ ၏ကိုယ်တွေ.မှတ်တမ်းတွင်ဖော်ပြထားပါသည် ။ထို.အပြင် “ ယိုးဒယားပြည်မှစစ်သားစုဆောင်း၍စစ်ကြောင်းလေးကြောင်းချီတက်လာခဲ.သောဘီအိုင်အေ၏အင်အားမှာမြန်မာ.မြေသို.နင်းမိသည်နှင်.တပြိုင်နက်အရာရှိအကြပ်တပ်သားစုစုပေါင်း ၃၇၇၆ ဖြစ်ပါသည် ။ရန်ကုန်သိမ်းပိုက်ပြီးချိန်တွင်ဘီအိုင်အေ၏အင်အားမှာတသောင်းခန်.ဖြစ်သွားပါသည်တပ်သားသစ်များအလုံးအရင်းနှင်.၀င်ရုံမကရောက်သမျှအရပ်တိုင်း၌ငွေ ၊အစားအစာနှင်.၊ လုပ်အားပါ အစွမ်းကုန်ကူညီကြသည် “ ဟုရေးသားထား၏ ။  ဒါကတော. တပ်မတော်၏မူလဘူတမစပြုခဲ.သောနေ.ကိုဖော်ပြခြင်းဖြစ်သည် ။ တော်လှန်ရေးနေ.ကိုကြည်.ပါမည် ။

     ယခင်ကတော. ထိုနေ.ကိုဖက်ဆစ်ဂျပန်တော်လှန်ရေးနေ.ဟုခေါ်ခဲ.ပါသည် ။ နောင်အခါတွင် နိုင်ငံတကာဆက်ဆံရေးကိုထောက်ရှု၍ ဖက်ဆစ်ဂျပန်ဆိုသော အမည်ကိုဖြုတ်ကာ တော်လှန်ရေးနေ.ဟုသာခေါ်ခဲ.ပါသည် ။ သို.သော်လည်း ထိုမတ်လ (၂၇)ရက်နေ.သည် ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ခိုက်သောနေ.ဖြစ်ကြောင်းကိုမြန်မာတပြည်လုံးက သိထားပြီးဖြစ်သည် ။ ထိုနေ.ဖြစ်ပေါ်လာပုံကလည်း အင်မတန်ရိုးရှင်း၍ မြန်မာပြည်သူပြည်သားအားလုံးအသိပင်ဖြစ်၍ အထူးအထွေဇာတ်ကြောင်းလှန်စရာပင်မလိုချေ ။ မြန်မာ.လွတ်လပ်ရေးကို ကူညီရယူပေးမည်ဆို၍လက်တွဲခဲ.သော ဂျပန်တို.သည် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသောအခါ ကတိအတိုင်း လွတ်လပ်ရေးမပေးခဲ.သည်.အပြင် မြန်မာပြည်သူများကို ဖက်ဆစ်စနစ်ဖြင်. နှိပ်စက်အုပ်ချုပ်ခြင်း ၊ ဥပဒေမဲ.လက်နက်ကိုင်အနိုင်ကျင်.ခြင်းတို.ကြောင်. မြန်မာ.တပ်မတော်က ပြည်သူလူထုတရပ်လုံးနှင်.ပေါင်းကာလှည်းနေလှေအောင်းမြင်းဇောင်းမကျန် ပူးပေါင်းတော်လှန်ခဲ.သောလက်နက်ကိုင်တော်လှန်ရေးနေ.ဖြစ်သည် ။ ဤဖက်ဆစ်ဂျပန်တော်လှန်ရေး၌ သိထားရမည်မှာ မြန်မာ.တပ်မတော်ကဦးဆောင်တော်လှန်ခဲ.သည်မှန်သော်လည်း မြန်မာတပြည်လုံးရှိ တပ်မတော်သားမဟုတ်သူ အင်အားစုအသီးသီးက ပူးပေါင်းပါဝင်တော်လှန်ခဲ.ကြခြင်းဖြစ်သည် ။ ၁၉၄၅ မတ်လ ၃ ရက်နေ.တွင်ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၌လျှို.၀ှက်ဖွဲ.စည်းခဲ.သော ဖက်ဆစ်တိုက်ဖျက်ရေး ၊ပြည်သူ.လွတ်မြောက်ရေး (ဖ.တ.ပလ) အဖွဲ.ကြီးတွင် တပ်မတော်ကိုယ်စားလှယ်သုံးဦး ၊( ဗိုလ်ချုပ်အောင်ဆန်း ၊ ဗိုလ်မှူးကြီးလင်္ကျာ၊ ဗိုလ်မှူးကြီးနေ၀င်း ) ပြည်သူ.အရေးတော်ပုံပါတီ ကိုယ်စားလှယ်သုံးဦး( ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊သခင်ချစ်)  ၊ ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်သုံးဦး( သခင်စိုး၊သခင်သန်းထွန်း၊သခင်တင်မြ)တို.ပါဝင်သည် ။ထို.ကြောင်.ဖက်ဆစ်ကိုဆန်.ကျင်ရာတွင် တပ်မတော်တခုတည်းမဟုတ်ကြောင်းထင်ရှားသည် ။   ထို.သို.တော်လှန်ရာ၌ မတ်လ (၂၇)ရက်နေ.ကိုသာတော်လှန်ရေးစတင်ခဲ.သည်.နေ.အဖြစ် လူအများသိကြသော်လည်း ထိုနေ.အတိုင်မီအထိတော်လှန်ရေးစမည်.နေ.ကိုအကြိမ်ကြိမ်ပြောင်းရွှေ.ခဲ.ရသည် ။ မတ်လ ၆ ရက်နေ.တွင် မဟာမိတ်တပ်များသည် မတ္တရာမြို. အနီးသို.ပင်စတင်ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်သဖြင်.အထက်မြန်မာပြည်စစ်တိုင်းမှူး ဗိုလ်မှူးဗထူး သည် ညတွင်းချင်းပင် မိမိတပ်များကိုဖောက်ထွက်၍ ဖက်ဆစ်တော်လှန်ရေးကို အစောဆုံးစတင်ခဲ.သည် ။ ဗိုလ်ချုပ်အောင်ဆန်းတို.ကို ဂျပန်များမသင်္ကာဖြစ်မည်စိုးသဖြင်. ဗိုလ်ချုပ်အောင်ဆန်းကိုပါ ဆန်.ကျင်တော်လှန်ကြောင်း (ဟန်ပြ)ကြေငြာချက်ထုတ်သည် ။ ထို.ကြောင်.ဖက်ဆစ်တော်လှန်ရေးသည် မတ်လ (၆)ရက်နေ.ကတည်းကစတင်နေပြီဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းကတော်လှန်ရေးကို ၂၅.၃.၄၅ ည ၇ :၃၀ တွင်စတင်ရန် သတ်မှတ်သည် ။ ထို.နောက်ထိုနေ.တွင်အစီအစဉ်များအပြီးသတ်နိုင်ရန်မလွယ်ကူသဖြင်. ၁၉၄၅ ဧပြီလ ၂ ရက်နေ.ကို တော်လှန်တိုက်ခိုက်ကြရန် သတ်မှတ်ပြန်သည် ။ မတ်လ ၂၂ ရက်တွင်ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်မြို.မှစတင် စစ်ထွက်လာခဲ.၏ ။ ထို.နေ.ညပိုင်းတွင် ပဲခူးရှိ တိုင်း(၄)တပ်မှူးဗိုလ်ကျော်ဇောက ဗမာ.တပ်မတော်၏လှုပ်ရှားမှုကိုဂျပန်တို.သံသယရှိသဖြင်. ၎င်းတို.ပါတ်ဝန်းကျင်တွင်ဂျပန်တပ်များချထားကြောင်း၊ ထို.ကြောင်.ဖက်ဆစ်တော်လှန်ရေးကို မူလသတ်မှတ်ထားသည်. ဧပြီ ၂ အစား ၊ မတ်လ (၂၇) ရက်နေ.တွင်ပြုလုပ်ခွင်.ပြုရန် ဆက်သားလွှတ်၍ ဗိုလ်ချုပ်အောင်ဆန်းထံအကြောင်းကြားသည် ။ ထိုစာကိုဖတ်ရှုပြီးနောက်ဗိုလ်ချုပ်အောင်ဆန်းသည် အခြေအနေများကိုသုံးသပ်ကာ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို  မတ်လ ၂၇ ရက်နေ.သို.ပြောင်းလဲ လိုက်ပြီဖြစ်ကြောင်း တိုင်းအသီးသီးသို. ဆက်သားများစေလွှတ်ကာအကြောင်းကြားလေသည် ။ မေလ ၁ ရက်နေ.တွင် ဗမာ.တော်လှန်ရေး တပ်မတ်ာမှ ဗိုလ်စိန်တင် ၊ဦးကျော်( R.E.T) တို.ဦးဆောင်၍ မျိုးချစ်တပ်မတော်သားများနှင်. ပြောက်ကျားးအင်အား၁၅၀ ခန်. ရန်ကုန်မြို.ကိုဝင်ရောက်သိမ်းပိုက်သည် ။ထို.ကြောင်. တိုက်ပွဲများတွင် တပ်မတော်သာမကပြည်သူများလည်းပါဝင်တိုက်ခိုက်ကြောင်း ထင်ရှားသည် ။

ဖက်ဆစ်တော်လှန်ရေးသည် မြန်မာတပြည်လုံးရှိ နိုင်ငံရေးအင်အားစုများ ၊ ကျောင်းသားများ  ၊အရပ်သားပြည်သူလူထုနှင်. မြန်မာ.မျိုးချစ်တပ်မတော်တို.ညီညွတ်စွာပူးပေါင်းဆောင်ရွက်၍ရလာခဲ.သောအောင်ပွဲတခုဖြစ်သည် ။တဖက်တွင် ဗြိတိသျှတပ်မတော်က ဂျပန်ကိုပြန်လည်ထို.ဖောက်တိုက်ခိုက်လာမှုသည်လည်း ဖက်ဆစ်များမြန်မာ.မြေမှထွက်ခွာသွားစေသောအကြောင်းတခုဖြစ်သည် ။ ထိုနေ.သည် ဖက်ဆစ်ဂျပန်ကိုတော်လှန်တိုက်ခိုက်ခုခံခဲ.သော တော်လှန်ရေးနေ. ( Resistance Day )ဖြစ်ပါသည် ။ ထိုတော်လှန်ရေးသည်တပ်မတော်တခုနှင်.သာဆိုင်သည်မဟုတ် ၊ တော်လှန်ရေးတွင်အသက်စွန်.ကာပူးပေါင်းပါဝင်ခဲ.သော နိုင်ငံရေးအင်အားစုများ ၊သာမန်ပြည်သူလူထု လူတန်းစားအလွှအသီးသီးလည်းပါဝင်ခဲ.သည်သာဖြစ်သည် ။

   ထို.ကြောင်.မမေ.နိုင်ကောင်းသော ထို မတ်လ ၂၇ ရက်နေ.သည် ။ အစိုးရအဆက်ဆက် မည်ကဲ.သို.မော်ကွန်းထိုးစေကာမူ ပြည်သူလူထု၏ ရင်ထဲအသည်းထဲမှာတော. တော်လှန်ရေးနေ.အဖြစ်သာရှိနေမည်ဖြစ်သည် ။ တပ်မတော်ကိုစတင်ထူထောင်ခဲ.သော ၁၉၄၁ ဒီဇင်ဘာ (၂၆ )သည်သာ တပ်မတော်နေ.အဖြစ် ကမ္ဖည်းမော်ကွန်းရေးထိုးသင်.ပါကြောင်း ။

သရ၀ဏ်(ပြည်)

စောင်.ကြည်.ဂျာနယ် ၃၁.၃.၂၀၁၅

ကိုးကား
- ဗိုလ်မြင်.ဆွေ (ရဲဘော်သုံးကျိပ် ) ၏ကိုယ်တွေ.မှတ်တမ်း  
- သန်းဝင်းလှိုင် ( ဗိုလ်ချုပ်အောင်ဆန်း၏ရက်စွဲသမိုင်း )

No comments:

Post a Comment