Latest News

Tuesday, March 28, 2017

ပန်းလောင်မြစ်ကူး တံတားဖွင့်ပွဲကို ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက် ဖွင့်လှစ်

ပန်းလောင်မြစ်ကူး တံတားဖွင့်ပွဲကို ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက် ဖွင့်လှစ်


ကျောက်ဆည် မတ်  ၂၇

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့၊ ပနန် - ပန်ခွာ ကျေးရွာချင်းဆက် ပန်းလောင်းမြစ်ကူး တံတားဖွင့်ပွဲကို မတ် (၂၇) ရက်၊ နံနက်(၉) နာရီခွဲ အချိန်က ဖွင့်ပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ဦးစီးမှူး ဦးစိုးမြင့်က တံတား တည်ဆောက်ခဲ့မှု အခြေအနေ အဆင့်ဆင့်ကို ရှင်းလင်း ပြောကြားပြီး ဒေသခံ ပြည်သူ ဦးသောင်းထွန်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ထို့နောက် ကျေးလက်ဒေ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) မှ၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးမြင့်ဦးက ပန်းလောင်မြစ်ကူး ကွန်ကရစ် တံတား ဆောင်ရွက် ပြီးစီးမှု မှတ်တမ်းအား ဒေသခံတစ်ဦး ထံသို့ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးနှင့် ဒုတိယ ဥက္ကဌ ဒေါက်တာ ခင်မောင်ဌေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ စိုးသန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်နှင့် ဦးရဲမင်းထွန်း တို့က မြစ်ကူးတံတားအား ဖွင့်လှစ်ပေးပြီး ကဗ္ဗည်း ကျောက်စာ တိုင်အား ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က စက်ခလုက်နှိပ် ဖွင့်လှစ်ပေးကာ အမွေးနံ့သာများ ပက်ဖျန်းပေးကြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တံတားသစ် အား ဖြတ်သန်း ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါ တံတားသည် ယခင်က ပေ (၁၄၀) အရှည်ရှိ သစ်သားတံတား တစ်စင်းဖြစ်ပြီး နှစ်ကာလာပြီး အန္တရာယ် ရှိနိုင်သည့် အတွက် ယခုအစိုးရသစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အလျှား (၁၆၀) ပေ၊ အကျယ် (၁၄) ပေ၊ အမြင့်ပေ (၂၀)၊ သံကူကွန်ကရစ် Bole Pile များနှင့် ကွန်ကရစ်ခင်း တံတားဖြစ်ပြီး မြေထိမ်းနံရံ ချဉ်းကပ်လမ်း ပါဝင်ပြီး စုစုပေါင်း ကုန်ကျငွေ (၁၈၃.၀၂၉) ကျပ်သန်းဖြင့် ပြန်လည် တည်ဆောက် ထားသော တံတားတစ်စင်း ဖြစ်ကြောင်းလည်း သိရှိရသည်။
သက်မောင်
MOI

No comments:

Post a Comment