Latest News

Monday, March 27, 2017

အစိုးရသစ် လက်ထက် အမည်မည်း စာရင်းဝင် လူပုဂ္ဂိုလ် ၆၀၀ ကျော် ပယ်ဖျက်ပေး

အစိုးရသစ် လက်ထက် အမည်မည်း စာရင်းဝင် လူပုဂ္ဂိုလ် ၆၀၀ ကျော် ပယ်ဖျက်ပေး

အစိုးရသစ် လက်ထက်မှာ ဘလက်လစ် အမည်မည်း စာရင်းဝင်သူ လူပုဂ္ဂိုလ် ၆၀၀ ကျော်ကို စာရင်းက ပယ်ဖျက် ပေးခဲ့ပြီး ကျန်ရှိနေသူတွေ ကိုလည်း ဆက်လက် ပယ်ဖျက်ပေးဖို့ လုပ်ဆောင်နေပါတယ်။

ဒီနေ့ထုတ် အစိုးရ သတင်းစာများမှာ ဖော်ပြထားတဲ့ လူဝင်မှု ကြီးကြပ်ရေး ဌာနရဲ့ တနှစ်တာ လုပ်ဆောင်ချက် များမှာ အခုလို ဖော်ပြခဲ့တာ ဖြစ်ပြီး အမည်မည်း စာရင်းဝင် နေသူတွေကို ပယ်ဖျက်ပေးဖို့ ဆက်လက် လုပ်ဆောင် နေတယ် လို့လည်း သတင်းမှာ ဖော်ပြ ထားပါတယ်။

“အစိုးရသစ်၏ ရက် ၁ဝဝ သစ္စာစီမံချက် ကာလအတွင်း မြန်မာနိုင်ငံသား ၂၄၈ ဦး၊ နိုင်ငံခြားသား ၃၇၁ ဦး စုစုပေါင်း လူပုဂ္ဂိုလ် ၆၁၉ ဦးကို အမည်မည်းစာရင်းမှ စိစစ် ဖြေလျှော့ ပေးခဲ့သဖြင့် အမည်မည်း စာရင်းတွင် ပါဝင် နေသူ မြန်မာ နိုင်ငံသားများနှင့် နိုင်ငံခြားသားများ လွယ်ကူ ချောမွေ့စွာ ပြည်ဝင် / ပြည်ထွက် ပြုနိုင်ပြီ ဖြစ်သည်။ ကျန်ရှိသည့် (Blacklist) စာရင်းများမှ အမည်မည်း စာရင်း ရေးသွင်းထားသည့် အကြောင်းရင်းပေါ်  မူတည်ပြီး အမည်မည်း စာရင်းမှ ပယ်ဖျက်ရေး စိစစ် ဆောင်ရွက်သွားမည် ဖြစ်။”

အမည်မည်း စာရင်းဝင်နေသူ လူပုဂ္ဂိုလ် ဘယ်ရွေ့ဘယ်မျှ ကျန်ရှိ နေသေးတယ် ဆိုတာကိုတော့ သတင်းမှာ ဖြော်ပထားခြင်း မရှိပါဘူး။

နိုင်ငံတကာ ရာဇ၀တ်မှု နှိမ်နင်းရေး အဖွဲ့ Interpol အဖွဲ့က အကြောင်းကြားချက် အရ ရေးသွင်းထားတဲ့ နိုင်ငံခြားသားများ၊ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာန များရဲ့ ညှိနှိုင်းချက်၊ တည်ဆဲဥပဒေများ၊ ရာဇဝတ်မှု ကျူးလွန်ခြင်း တို့ကြောင့် ရေးသွင်းထားတဲ့ နိုင်ငံခြားသားများ၊ ဝန်ကြီးဌာန အသီးသီးက သူတို့ရဲ့ ဝန်ထမ်းများ တာဝန် ပျက်ကွက်မှု၊ စည်းကမ်း ဖောက်ဖျက်မှု၊ ငွေကြေးကိစ္စရပ် တို့ကြောင့် အရေးယူပြီး ပြည်ပ ထွက်ခွာမှု တားမြစ်ပေးရန် ညှိနှိုင်းချက် တို့အရ ရေးသွင်း ထားသူများဟာ အမည်မည်း စာရင်းဝင် နေကြတာ ဖြစ်ပါတယ်။ DVB

No comments:

Post a Comment