Latest News

Wednesday, March 22, 2017

ဦးဝီရသူ က်ဆုံးျခင္း


By ေက်ာ္ၿဖိဳးသာ 22 March 2017

ေဘာလုံးကြင္းထဲတြင္ ယာယီျပဳလုပ္ထားသည့္ တရားေဟာ စင္ျမင့္ထက္မွ အမ်ိဳးသားေရးဝါဒီ ဘုန္း ေတာ္
ႀကီး ဦးဝီရသူ သည္ ယခင္သမၼတေဟာင္း ဦးသိန္းစိန္ ကို ခ်ီးမြမ္း၍ ေဒၚေအာင္ဆန္းစုၾကည္၏ လက္ရွိ အစိုးရကို အရည္အခ်င္း မျပည့္မီျခင္းမရွိဟု ေဝဖန္ေျပာဆိုခဲ့သည္။ ထို႔ေနာက္ ဗုဒၶဘာသာအမ်ိဳးသမီးမ်ားကို ဘိန္းစားမ်ား၊ အရက္သမားမ်ား၊ ဘုန္းႀကီးမ်ားႏွင့္ လက္ထပ္ၾကရန္၊ မြတ္စလင္ေယာက္်ားမ်ားကို လက္ထပ္မည့္အစား ေခြးကို ယူၾကရန္ သူက ေျပာဆိုခဲ့သည္။

“အဲဒါေၾကာင့္ မိန္းမေတြကို ေျပာခ်င္တာက အဲဒီဆႏၵ တခုတည္းနဲ႔ေတာ့ ကုလားမယူပါနဲ႔ဟာ၊ ကုလားယူမယ့္ အစား ေခြးကို ယူၾက၊ ေခြးလည္း ကုလားေလာက္ ေတာ့ျဖစ္တယ္” ဟု ဦးဝီရသူက အမ်ိဳးသမီးမ်ား အပါအဝင္ ရာႏွင့္ ခ်ီေသာသူကို ေထာက္ခံသူမ်ားကို ေဟာၾကားခဲ့သည္။ ၿပီးခဲ့သည့္ လအတြင္းက ဦးသိန္းစိန္၏ ဇာတိက်ဳံကူး ေက်းရြာတြင္ က်င္းပခဲ့ေသာ ညေနခင္း တရားပြဲတခုတြင္ ထိုသို႔ေျပာၾကားခဲ့ ျခင္းျဖစ္သည္။

ဦးဝီရသူသည္ ဗုဒၶဘာသာကို ကာကြယ္ရန္ လိုအပ္ေနေၾကာင္း ၊ ျမန္မာနိုင္ငံမွ ဗုဒၶဘာသာ၏ အေျခခံမ်ား
သည္ ၿခိမ္းေျခာက္ခံေနရသည့္ အတြက္ ဗုဒၶဘာသာဝင္မ်ား အေနျဖင့္ အျခားေသာ ဘာသာ အယူဝါဒမ်ား၏ လႊမ္းမိုးမွုကို သတိထား၍ ေစာင့္ၾကည့္ရန္ လိုအပ္သည္ဟုလည္း ေဟာၾကားေလ့ရွိသူျဖစ္သည္။

မြတ္စလင္ ဆန႔္က်င္ေရး တရားမ်ားေၾကာင့္ လူသိမ်ားသည့္ ဘုန္းေတာ္ႀကီး ဦးဝီရသူက “ကိုယ္ကသာ လုပ္ေကၽြးမယ္ ဆိုရင္ ဗ်ာ၊ သားမွတ္မွတ္ မယားမွတ္မွတ္ ေပါင္းမယ့္ ေယာက္်ားေတြ ေပါလို႔၊  မရွိဘူး
ဆိုရင္ေျပာ၊ သံဃာေတြ လႊတ္ေပးမယ္။ အေသာက္အစားလည္း ကင္းတယ္” ဟု ဦးဝီရသူက အမ်ိဳးသမီးမ်ားကို ေျပာၾကားခဲ့ေၾကာင္း အဆိုပါ တရားပြဲ၏ ဗီဒီယို အရသိရသည္။

“တပည့္ေတာ္မကေတာ့ ဘုန္းဘုန္းေဟာတဲ့ အတိုင္း ေခြးပဲ ယူပါေတာ့မယ္ ဘုရား၊ ဒါေပမယ့္
ရြာကေခြးေတြက မသန႔္ဘူးလို႔ ထင္ရင္ေျပာ နိုင္ငံျခားေခြး မွာေပးမယ္” ဟု သူက ထပ္ေျပာသည္။

အဆိုပါ လင္ေယာက္်ားမ်ားက မြတ္စလင္မ်ားကဲ့သို႔ အမ်ိဳးသမီးမ်ား၏ ကိုးကြယ္မွုဘာသာကို ေျပာင္းလဲရန္
 ႀကိဳးစားၾကလိမ့္မည္ မဟုတ္ဟုလည္း သူက အေၾကာင္းျပခဲ့သည္။

၂၀၁၂ ခုႏွစ္တြင္ အက်ဥ္းေထာင္မွ ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီးကတည္းက ျမန္မာနိုင္ငံ တလႊားမွ တရားပြဲမ်ားတြင္ အမ်ိဳးသမီးမ်ား အေနျဖင့္ မြတ္စလင္ကို ယူမည့္အစား ေရြးခ်ယ္စရာ မရွိပါက ေခြးမ်ားကို ယူၾကရန္ ေဟာေျပာခဲ့ျခင္း ျဖစ္ေၾကာင္း သူေဟာေသာ တရားမ်ား ႏွင့္ နီးစပ္သူမ်ားက ေျပာၾကသည္။

သူ၏ ဘာသာေရးအရ ေသြးထိုးသည့္ ေဟာေျပာမွုမ်ားကို ျပည္တြင္းကေရာ နိုင္ငံတကာကပါ ေဝဖန္ ျပစ္
တင္မွုမ်ား ရွိခဲ့ၿပီး ၿပီးခဲ့သည့္ ၅ ႏွစ္ကာလအတြင္းတြင္ ေပၚေပါက္ခဲ့ေသာ ဗုဒၶဘာသာ ဝင္မ်ားႏွင့္ မြတ္စလင္ ဘာသာဝင္မ်ားၾကားမွ တင္းမာမွုမ်ား ျမင့္တက္လာျခင္းအတြက္ တစိတ္တပိုင္း တာဝန္ရွိသည္ဟု က်ယ္က်ယ္ျပန႔္ျပန႔္ ယုံၾကည္ထားၾကေသာ္လည္း ဦးဝီရသူ ႏွင့္ သူ႔၏ ေနာက္လိုက္ ေနာက္ပါမ်ားအေပၚ ရဲအဖြဲ႕က
စစ္ေဆးေမးျမန္းျခင္း မရွိခဲ့သလို ဖမ္းဆီးျခင္း၊ ေဟာေျပာခြင့္ ပိတ္ပင္ျခင္းမ်ားလည္း မရွိခဲ့ပါ။

သို႔ေသာ္လည္း ၿပီးခဲ့သည့္ အပတ္အတြင္းတြင္မွု လက္ရွိ အာဏာရ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ အစိုးရက သူ၏ အမုန္း စကားမ်ားကို ဆက္လက္၍ သည္းခံေတာ့ မည္ မဟုတ္ေၾကာင္း ေျပာၾကားခဲ့သည္။

ဗုဒၶဘာသာ အာဏာပိုင္ အဖြဲ႕အစည္းတခု ျဖစ္ၿပီး မဟန ဟု သိၾကသည့္ နိုင္ငံေတာ္ သံဃာ့ မဟာနာယက အဖြဲ႕က ဦးဝီရသူကို မတ္လ ၉ ရက္ေန႔တြင္ တရားေဟာေျပာခြင့္ ၁ ႏွစ္ ပိတ္ပင္ခဲ့သည္။

မတ္လ ၁၀ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည့္ သာသနာေရးႏွင့္ ယဥ္ေက်းမွုဝန္ႀကီးဌာန၏ ေၾကညာခ်က္တေစာင္တြင္ ဦးဝီရသူက လက္ရွိ အစိုးရကို ေဝဖန္ျခင္း၊ က်ဳံကူးရြာတြင္ ျပဳလုပ္ခဲ့ေသာ တရားပြဲ၌ ဘာသာေရးဆိုင္ရာ အမုန္းစကားမ်ား ေဟာ ေျပာခဲ့ျခင္း ႏွင့္ NLD ၏ ဥပေဒအႀကံေပး ဦးကိုနီလုပ္ႀကံခံရသည့္ အမွုတြင္
ပါဝင္ပတ္သက္ေနသည္ဟု သံသယရွိသူမ်ားကို ဦးဝီရသူက Facebook တြင္ ခ်ီးက်ဴးဂုဏ္ျပဳခဲ့ ျခင္း
မ်ားေၾကာင့္ ယခုကဲ့သို႔ ကန႔္သတ္လိုက္ရျခင္း ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

က်ဳံကူးရြာ တရားပြဲတြင္ ဦးဝီရသူက ယခင္သမၼတေဟာင္းဦးသိန္းစိန္က “ရိုဟင္ဂ်ာ ဆိုသည္မွာ ျမန္မာ တိုင္းရင္းသား လူမ်ိဳးစု မဟုတ္ေၾကာင္း” နိုင္ငံတကာ အသိုင္းအဝိုင္းကို ေျပာၾကားခဲ့ျခင္းအတြက္ ခ်ီးက်ဴး ဂုဏ္ျပဳခဲ့သည္။

“သူက ဒီကိစၥနဲ႔ ပတ္သက္လို႔ အလြန္ရွင္းလင္းတယ္။ သူက တိုင္းျပည္ကို ကာကြယ္ခဲ့တယ္။ သူ႔ရဲ့ တုန႔္ျပန္မွုက ျမန္မာျပည္သူေတြ အားလုံးအတြက္ သူက ခိုင္ခိုင္မာမာ ရပ္တည္ေၾကာင္း ျပခဲ့တယ္” ဟု ဦးဝီရသူက
 ေျပာသည္။

စီးပြားေရးပိတ္ဆိုမွုမ်ား ႐ုပ္သိမ္းခဲ့ၿပီ ျဖစ္ေသာ္လည္း နိုင္ငံ၏ တိုးတက္မွုေႏွးေကြးေနျခင္းမွာ သူတို႔၏ မကၽြမ္းက်င္မွုေၾကာင့္ ျဖစ္သည္ကို ဝန္ခံရန္ တြန႔္ဆုတ္ေနသူမ်ား ျဖစ္သည္ဟု ဦးဝီရသူက NLD အစိုးရကို ပုံေဖာ္ခဲ့သည္။

“ကိုယ္ အသုံးမက်ရင္ အသုံးမက်ဘူးလို႔ ဝန္မခံဘူး။ တခါလာလည္း ၂၀၀၈ အေျခခံဥပေဒေၾကာင့္ လုပ္ပိုင္ခြင့္ မရွိလို႔၊ တခါ လာလည္း ၂၀၀၈ အေျခခံ ဥပေဒေၾကာင့္ ဘာမွလုပ္မရလိုု႔၊ တခါလာလည္း ဘတ္ဂ်က္မရွိလို႔နဲ႔ တိုင္းျပည္အေပၚ ေစတနာမြဲရင္ မြဲတယ္လို႔ ေျပာတာ မဟုတ္ဘူး”ဟု ေဟာသည္။

၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲတြင္ NLD ကို မဲေပးခဲ့သူမ်ားကိုလည္း ဦးဝီရသူက အျပစ္တင္ခဲ့သည္။

“နိုင္ငံေရးသမားေတြ ေပးတဲ့မက္လုံးကို ျပည္သူေတြက ယုံစားၿပီး ပုံေအာၿပီး ေပးလိုက္ၾကတယ္။ ဘာေတြ ထူးျခားလာသလဲ။ ေဇာက္ထိုးမိုးေမၽွာ္ ျဖစ္လာတာ ထူးျခားတယ္။ တက္ရမယ့္ စီးပြားေရးက ထိုးက်သြားတယ္။ က်ရမယ့္ ကုန္ေဈးႏွုန္းက ေထာင္တက္သြားတယ္” ဟု ဦးဝီရသူက ေျပာခဲ့သည္။

သာသနာေရးႏွင့္ ယဥ္ေက်းမွုဝန္ႀကီးဌာန၏ ေၾကညာခ်က္တြင္ မဟာသံဃာ့နာယက အဖြဲ႕က ဦးဝီရသူ၏ ေရးသား ေဟာ ေျပာမွုမ်ားသည္ ေထရဝါဒ ဗုဒၶဘာသာဝင္ ရဟန္းတပါး လိုက္နာရမည့္ စည္းကမ္းက်င့္ဝတ္မ်ားႏွင့္ ေလၽွာ္ညီျခင္း မရွိ ေၾကာင္းေတြ႕ရွိခဲ့သည္ဟု ေဖာ္ျပထားသည္။

သူက ဘာသာေရး၊ လူမ်ိဳးေရးနဲ႔ နိုင္ငံေရး ပဋိပကၡေတြနဲ႔ ျပည္သူေတြၾကားမွာ အျငင္းပြားမွုေတြ ျဖစ္ေပၚေအာင္ ဖန္တီးခဲ့သည္ဟု ေတြ႕ရွိရေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။ ထို႔အျပင္ ဦးဝီရသူက စည္းကမ္းမ်ားကို လိုက္နာျခင္း မရွိလၽွင္ သို႔မဟုတ္ သူ႔ကို တားျမစ္ပိတ္ပင္ျခင္း ႏွင့္ ပတ္သက္၍ Facebook သို႔မဟုတ္ မီဒီယာမ်ားတြင္ မေက်နပ္ ေၾကာင္း ေဖာ္ျပခဲ့လၽွင္ ဥပေဒအရ အေရးယူျခင္းကို ရင္ဆိုင္ရမည္ဟုလည္း ေၾကညာခ်က္က ဆိုသည္။

တရားေဟာခြင့္ ပတ္ပင္ျခင္းက ပုံမွန္မဟုတ္သည့္ လုပ္ထုံးလုပ္နည္းတခု ျဖစ္ၿပီး သူ႔ကို အစိုးရက ဖိႏွိပ္ျခင္း ျဖစ္သည္ဟု ဦးဝီရသူက တုံ႔ျပန္ ေျပာဆိုသည္။

“အရင္ကဆိုရင္ အစိုးရက စာထုတ္တယ္၊ ကိုယ္တိုင္ကိုယ္က် သတိေပးတယ္။ တကယ္လို႔ အဲဒါ အလုပ္မျဖစ္ဘူးဆိုရင္ သူတို႔က ေၾကညာခ်က္တခု ထုတ္တယ္။ ဒီမိုကေရစီ နည္းက် ေရြးခ်ယ္ခံထားရတဲ့ အစိုးရတခုရဲ့  ဒီလို တားျမစ္ျခင္းခံရ တာေၾကာင့္ စိတ္မေကာင္းဘူး” ဟု ဦးဝီရသူက ဧရာဝတီသို႔ ယခုအပတ္အတြင္း ေျပာၾကားခဲ့သည္။

သို႔ေသာ္လည္း ေရႊဝါေရာင္ ေတာ္လွန္ေရး၏ ဦးေဆာင္ သံဃာတပါး ျဖစ္ၿပီး ယခုအခါ Peaceful Myanmar Initiative ဘာသာေပါင္းစုံ ခ်စ္ၾကည္ေရးအဖြဲ႕ တြင္ သင္တန္း နည္းျပအျဖစ္ ေဆာင္ရြက္ေနသည့္ အရွင္အစၧရိယ က ဦးဝီရသူ ၏ ေျပာၾကားခ်က္ကို သေဘာမတူခဲ့ ပါ။

“သူက မေကာင္းတာေတြေျပာလို႔ အပိတ္ခံရတာပါ။ တကယ္လို႔ သူက တရားဓမၼကိုပဲ အမွန္တကယ္ေဟာေျပာခဲ့ရင္ သူ႔ ကို ခ်ီးက်ဴးဂုဏ္ျပဳခံရမွာပါ” ဟု အရွင္ အစၧရိယက ဆိုသည္။ တရားဓမၼေဟာေျပာစဥ္အတြင္း အမုန္းစကားမ်ား ေျပာျခင္းက ဗုဒၵဘာသာဝင္ သံဃာတပါးအတြက္ ရွက္စရာ အမူအက်င့္ ျဖစ္ၿပီး တရားနာပရိသတ္ကို ေစာ္ကားျခင္း ျဖစ္ေၾကာင္း လည္း အရွင္ အစၧရိယက ေျပာသည္။

“တကယ္လို႔ ဒီလို မဟုတ္တဲ့ ကိစၥမ်ိဳးေတြကို ေျပာခ်င္တယ္ဆိုရင္ လူေတြက နိဗၺာန္ေရာက္ေၾကာင္း တရားနာဖို႔ ေမၽွာ္လင့္ထားတဲ့ တရားေဟာ စင္ျမင့္ေပၚမွာ ေဟာမယ့္ အစား သူ႔အေနနဲ႔ လမ္းေဘးမွာပဲ ေျပာသင့္တယ္။”

(ဧရာဝတီ အဂၤလိပ္ပိုင္းပါ Kyaw Phyo Tha ၏ The Fall of U Wirathu ကို ဘာသာျပန္ဆိုသည္)

ဦးဝီရသူ ကျဆုံးခြင်း


ဦးဝိစိတ္တာဘိ၀ံသ ( ဦးဝီရသူ )ငပုတောမြို့နယ် ကျုံက... by 88linker By ကျော်ဖြိုးသာ 22 March 2017

ဘောလုံးကွင်းထဲတွင် ယာယီပြုလုပ်ထားသည့် တရားဟော စင်မြင့်ထက်မှ အမျိုးသားရေးဝါဒီ ဘုန်း တော်ကြီး ဦးဝီရသူ သည် ယခင်သမ္မတဟောင်း ဦးသိန်းစိန် ကို ချီးမွမ်း၍ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ အစိုးရကို အရည်အချင်း မပြည့်မီခြင်းမရှိဟု ဝေဖန်ပြောဆိုခဲ့သည်။ ထို့နောက် ဗုဒ္ဓဘာသာအမျိုးသမီးများကို ဘိန်းစားများ၊ အရက်သမားများ၊ ဘုန်းကြီးများနှင့် လက်ထပ်ကြရန်၊ မွတ်စလင်ယောက်ျားများကို လက်ထပ်မည့်အစား ခွေးကို ယူကြရန် သူက ပြောဆိုခဲ့သည်။

“အဲဒါကြောင့် မိန်းမတွေကို ပြောချင်တာက အဲဒီဆန္ဒ တခုတည်းနဲ့တော့ ကုလားမယူပါနဲ့ဟာ၊ ကုလားယူမယ့် အစား ခွေးကို ယူကြ၊ ခွေးလည်း ကုလားလောက် တော့ဖြစ်တယ်” ဟု ဦးဝီရသူက အမျိုးသမီးများ အပါအဝင် ရာနှင့် ချီသောသူကို ထောက်ခံသူများကို ဟောကြားခဲ့သည်။ ပြီးခဲ့သည့် လအတွင်းက ဦးသိန်းစိန်၏ ဇာတိကျုံကူး ကျေးရွာတွင် ကျင်းပခဲ့သော ညနေခင်း တရားပွဲတခုတွင် ထိုသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။

ဦးဝီရသူသည် ဗုဒ္ဓဘာသာကို ကာကွယ်ရန် လိုအပ်နေကြောင်း ၊ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ၏ အခြေခံများသည် ခြိမ်းခြောက်ခံနေရသည့် အတွက် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အခြားသော ဘာသာ အယူဝါဒများ၏ လွှမ်းမိုးမှုကို သတိထား၍ စောင့်ကြည့်ရန် လိုအပ်သည်ဟုလည်း ဟောကြားလေ့ရှိသူဖြစ်သည်။

မွတ်စလင် ဆန့်ကျင်ရေး တရားများကြောင့် လူသိများသည့် ဘုန်းတော်ကြီး ဦးဝီရသူက “ကိုယ်ကသာ လုပ်ကျွေးမယ် ဆိုရင် ဗျာ၊ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမယ့် ယောက်ျားတွေ ပေါလို့၊  မရှိဘူးဆိုရင်ပြော၊ သံဃာတွေ လွှတ်ပေးမယ်။ အသောက်အစားလည်း ကင်းတယ်” ဟု ဦးဝီရသူက အမျိုးသမီးများကို ပြောကြားခဲ့ကြောင်း အဆိုပါ တရားပွဲ၏ ဗီဒီယို အရသိရသည်။

“တပည့်တော်မကတော့ ဘုန်းဘုန်းဟောတဲ့ အတိုင်း ခွေးပဲ ယူပါတော့မယ် ဘုရား၊ ဒါပေမယ့် ရွာကခွေးတွေက မသန့်ဘူးလို့ ထင်ရင်ပြော နိုင်ငံခြားခွေး မှာပေးမယ်” ဟု သူက ထပ်ပြောသည်။

အဆိုပါ လင်ယောက်ျားများက မွတ်စလင်များကဲ့သို့ အမျိုးသမီးများ၏ ကိုးကွယ်မှုဘာသာကို ပြောင်းလဲရန် ကြိုးစားကြလိမ့်မည် မဟုတ်ဟုလည်း သူက အကြောင်းပြခဲ့သည်။

၂၀၁၂ ခုနှစ်တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးကတည်းက မြန်မာနိုင်ငံ တလွှားမှ တရားပွဲများတွင် အမျိုးသမီးများ အနေဖြင့် မွတ်စလင်ကို ယူမည့်အစား ရွေးချယ်စရာ မရှိပါက ခွေးများကို ယူကြရန် ဟောပြောခဲ့ခြင်း ဖြစ်ကြောင်း သူဟောသော တရားများ နှင့် နီးစပ်သူများက ပြောကြသည်။

သူ၏ ဘာသာရေးအရ သွေးထိုးသည့် ဟောပြောမှုများကို ပြည်တွင်းကရော နိုင်ငံတကာကပါ ဝေဖန် ပြစ်တင်မှုများ ရှိခဲ့ပြီး ပြီးခဲ့သည့် ၅ နှစ်ကာလအတွင်းတွင် ပေါ်ပေါက်ခဲ့သော ဗုဒ္ဓဘာသာ ဝင်များနှင့် မွတ်စလင် ဘာသာဝင်များကြားမှ တင်းမာမှုများ မြင့်တက်လာခြင်းအတွက် တစိတ်တပိုင်း တာဝန်ရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြသော်လည်း ဦးဝီရသူ နှင့် သူ့၏ နောက်လိုက် နောက်ပါများအပေါ် ရဲအဖွဲ့က စစ်ဆေးမေးမြန်းခြင်း မရှိခဲ့သလို ဖမ်းဆီးခြင်း၊ ဟောပြောခွင့် ပိတ်ပင်ခြင်းများလည်း မရှိခဲ့ပါ။

သို့သော်လည်း ပြီးခဲ့သည့် အပတ်အတွင်းတွင်မှု လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက သူ၏ အမုန်း စကားများကို ဆက်လက်၍ သည်းခံတော့ မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာ အာဏာပိုင် အဖွဲ့အစည်းတခု ဖြစ်ပြီး မဟန ဟု သိကြသည့် နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ဦးဝီရသူကို မတ်လ ၉ ရက်နေ့တွင် တရားဟောပြောခွင့် ၁ နှစ် ပိတ်ပင်ခဲ့သည်။

မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြေညာချက်တစောင်တွင် ဦးဝီရသူက လက်ရှိ အစိုးရကို ဝေဖန်ခြင်း၊ ကျုံကူးရွာတွင် ပြုလုပ်ခဲ့သော တရားပွဲ၌ ဘာသာရေးဆိုင်ရာ အမုန်းစကားများ ဟော ပြောခဲ့ခြင်း နှင့် NLD ၏ ဥပဒေအကြံပေး ဦးကိုနီလုပ်ကြံခံရသည့် အမှုတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိသူများကို ဦးဝီရသူက Facebook တွင် ချီးကျူးဂုဏ်ပြုခဲ့ ခြင်းများကြောင့် ယခုကဲ့သို့ ကန့်သတ်လိုက်ရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ကျုံကူးရွာ တရားပွဲတွင် ဦးဝီရသူက ယခင်သမ္မတဟောင်းဦးသိန်းစိန်က “ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာ တိုင်းရင်းသား လူမျိုးစု မဟုတ်ကြောင်း” နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြောကြားခဲ့ခြင်းအတွက် ချီးကျူး ဂုဏ်ပြုခဲ့သည်။

“သူက ဒီကိစ္စနဲ့ ပတ်သက်လို့ အလွန်ရှင်းလင်းတယ်။ သူက တိုင်းပြည်ကို ကာကွယ်ခဲ့တယ်။ သူ့ရဲ့ တုန့်ပြန်မှုက မြန်မာပြည်သူတွေ အားလုံးအတွက် သူက ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ပြခဲ့တယ်” ဟု ဦးဝီရသူက ပြောသည်။

စီးပွားရေးပိတ်ဆိုမှုများ ရုပ်သိမ်းခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံ၏ တိုးတက်မှုနှေးကွေးနေခြင်းမှာ သူတို့၏ မကျွမ်းကျင်မှုကြောင့် ဖြစ်သည်ကို ဝန်ခံရန် တွန့်ဆုတ်နေသူများ ဖြစ်သည်ဟု ဦးဝီရသူက NLD အစိုးရကို ပုံဖော်ခဲ့သည်။

“ကိုယ် အသုံးမကျရင် အသုံးမကျဘူးလို့ ဝန်မခံဘူး။ တခါလာလည်း ၂၀၀၈ အခြေခံဥပဒေကြောင့် လုပ်ပိုင်ခွင့် မရှိလို့၊ တခါ လာလည်း ၂၀၀၈ အခြေခံ ဥပဒေကြောင့် ဘာမှလုပ်မရလိုု့၊ တခါလာလည်း ဘတ်ဂျက်မရှိလို့နဲ့ တိုင်းပြည်အပေါ် စေတနာမွဲရင် မွဲတယ်လို့ ပြောတာ မဟုတ်ဘူး”ဟု ဟောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ကို မဲပေးခဲ့သူများကိုလည်း ဦးဝီရသူက အပြစ်တင်ခဲ့သည်။

“နိုင်ငံရေးသမားတွေ ပေးတဲ့မက်လုံးကို ပြည်သူတွေက ယုံစားပြီး ပုံအောပြီး ပေးလိုက်ကြတယ်။ ဘာတွေ ထူးခြားလာသလဲ။ ဇောက်ထိုးမိုးမျှော် ဖြစ်လာတာ ထူးခြားတယ်။ တက်ရမယ့် စီးပွားရေးက ထိုးကျသွားတယ်။ ကျရမယ့် ကုန်ဈေးနှုန်းက ထောင်တက်သွားတယ်” ဟု ဦးဝီရသူက ပြောခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြေညာချက်တွင် မဟာသံဃာ့နာယက အဖွဲ့က ဦးဝီရသူ၏ ရေးသား ဟော ပြောမှုများသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် ရဟန်းတပါး လိုက်နာရမည့် စည်းကမ်းကျင့်ဝတ်များနှင့် လျှော်ညီခြင်း မရှိ ကြောင်းတွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

သူက ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ ပြည်သူတွေကြားမှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်အောင် ဖန်တီးခဲ့သည်ဟု တွေ့ရှိရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ဦးဝီရသူက စည်းကမ်းများကို လိုက်နာခြင်း မရှိလျှင် သို့မဟုတ် သူ့ကို တားမြစ်ပိတ်ပင်ခြင်း နှင့် ပတ်သက်၍ Facebook သို့မဟုတ် မီဒီယာများတွင် မကျေနပ် ကြောင်း ဖော်ပြခဲ့လျှင် ဥပဒေအရ အရေးယူခြင်းကို ရင်ဆိုင်ရမည်ဟုလည်း ကြေညာချက်က ဆိုသည်။

တရားဟောခွင့် ပတ်ပင်ခြင်းက ပုံမှန်မဟုတ်သည့် လုပ်ထုံးလုပ်နည်းတခု ဖြစ်ပြီး သူ့ကို အစိုးရက ဖိနှိပ်ခြင်း ဖြစ်သည်ဟု ဦးဝီရသူက တုံ့ပြန် ပြောဆိုသည်။

“အရင်ကဆိုရင် အစိုးရက စာထုတ်တယ်၊ ကိုယ်တိုင်ကိုယ်ကျ သတိပေးတယ်။ တကယ်လို့ အဲဒါ အလုပ်မဖြစ်ဘူးဆိုရင် သူတို့က ကြေညာချက်တခု ထုတ်တယ်။ ဒီမိုကရေစီ နည်းကျ ရွေးချယ်ခံထားရတဲ့ အစိုးရတခုရဲ့  ဒီလို တားမြစ်ခြင်းခံရ တာကြောင့် စိတ်မကောင်းဘူး” ဟု ဦးဝီရသူက ဧရာဝတီသို့ ယခုအပတ်အတွင်း ပြောကြားခဲ့သည်။

သို့သော်လည်း ရွှေဝါရောင် တော်လှန်ရေး၏ ဦးဆောင် သံဃာတပါး ဖြစ်ပြီး ယခုအခါ Peaceful Myanmar Initiative ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ တွင် သင်တန်း နည်းပြအဖြစ် ဆောင်ရွက်နေသည့် အရှင်အစ္ဆရိယ က ဦးဝီရသူ ၏ ပြောကြားချက်ကို သဘောမတူခဲ့ ပါ။

“သူက မကောင်းတာတွေပြောလို့ အပိတ်ခံရတာပါ။ တကယ်လို့ သူက တရားဓမ္မကိုပဲ အမှန်တကယ်ဟောပြောခဲ့ရင် သူ့ ကို ချီးကျူးဂုဏ်ပြုခံရမှာပါ” ဟု အရှင် အစ္ဆရိယက ဆိုသည်။ တရားဓမ္မဟောပြောစဉ်အတွင်း အမုန်းစကားများ ပြောခြင်းက ဗုဒ္ဒဘာသာဝင် သံဃာတပါးအတွက် ရှက်စရာ အမူအကျင့် ဖြစ်ပြီး တရားနာပရိသတ်ကို စော်ကားခြင်း ဖြစ်ကြောင်း လည်း အရှင် အစ္ဆရိယက ပြောသည်။

“တကယ်လို့ ဒီလို မဟုတ်တဲ့ ကိစ္စမျိုးတွေကို ပြောချင်တယ်ဆိုရင် လူတွေက နိဗ္ဗာန်ရောက်ကြောင်း တရားနာဖို့ မျှော်လင့်ထားတဲ့ တရားဟော စင်မြင့်ပေါ်မှာ ဟောမယ့် အစား သူ့အနေနဲ့ လမ်းဘေးမှာပဲ ပြောသင့်တယ်။”

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Kyaw Phyo Tha ၏ The Fall of U Wirathu ကို ဘာသာပြန်ဆိုသည်)

No comments:

Post a Comment