Latest News

Sunday, March 26, 2017

ထရန့်လက်ထက် အမေရိကန် ကွန်ဂရက်၏ အရှေ့တောင်အာရှ ပေါ်လီစီ

ထရန့်လက်ထက် အမေရိကန် ကွန်ဂရက်၏ အရှေ့တောင်အာရှ ပေါ်လီစီ

ကမ္ဘာပေါ်ရှိ အခြားဒေသများ လို အိမ်ဖြူတော်က ဦးဆောင်ဦးရွက် ပြုခဲ့တာမျိုး မဟုတ်ပဲ အရှေ့တောင်အာရှိ ရဲ့ အမေရိကန်နိုင်ငံခြားရေး ပေါ်လီစီ ကိုတော့ ကွန်ဂရက် ကပဲ  စစ်အေးတိုက်ပွဲ ပြီးသွားကတည်းက လွှမ်းမိုးချုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။

စစ်အေးတိုက်ပွဲ ကာလများတွင် အရှေ့တောင်အာရှသည် အဓိက စစ်မြေပြင် ဖြစ်ခဲ့သော်လည်း စစ်အေးတိုက်ပွဲ အဆုံးသတ် သွားပြီး နောက်ပိုင်းမှာ အမေရိကန် အစိုးရ အဆက်ဆက် က ဦးစားပေး အဆင့်ကို လျော့ချပြစ်ခဲ့ပါတယ်။

ကွန်ဂရက် ခေါင်းဆောင်များက အရှေ့တောင်အာရှ ရဲ့ အမေရိကန် ပေါ်လီစီကို နေရာဝင်ယူလာခဲ့ကြပြီး ၁၉၉၀ ပြည့်လွန်နှစ်များမှာ လူ့အခွင့်အရေး ကိစ္စများ အဓိက အာရုံထားလာကြကာ မြန်မာပြည်အား စီးပွားရေး ဒဏ်ခတ်ရန် စတင် လုံးပမ်းလာခဲ့ကြပြီး မြန်မာအရေး မှာ အခရာ ဖြစ်လာခဲ့တာ အိုဘာမား လက်ထက်အထိပင် ဖြစ်ပါတယ်။

အိုဘာမား လက်ထက်မှာပင် အထက်လွှတ်တော် လူများစုခေါင်းဆာင် အမတ် မစ်ချယ် မက်ကွန်နယ်လို အိမ်ဖြူတော်က ကွန်ဂရက် ခေါင်းဆောင်များ နဲ့ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြရပါတယ်။ ဒီအတွက် ကွန်ဂရက် ခေါင်းဆောင်များက သိသိသာသာ နေပြည်တော်အပေါ် သြဇာ အရှိန်အ၀ါ ရှိလာခဲ့တာ ဖြစ်ပါတယ်။ အခုလို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု ဖယ်ရှားပြီး နောက်ပိုင်းမှာရော ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

 ကွန်ဂရက် ခေါင်းဆောင်များက မြန်မာပြည်တွင်း ရခိုင်ဒေသတွင် လူ့အခွင့်အရေး ချိုးဖေါက်နေမှုများကို သိသိသာသာ ဝေဖန် ပြောဆိုခဲ့ကြပြီး အဆိုပါ လူသားချင်း ဆိုင်ရာ အကျပ်အတည်းကြီးကို ဖြေရှင်းနိုင်ဖို့ အမေရိကန် အစိုးရ အနေနဲ့ ပိုမို ကျယ်ပြန်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ တောင်းဆိုခဲ့ကြပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်များအတွင်းက အိုဘာမား အစိုးရက ကမ္ဘောဒီယား နဲ့ စစ်ရေး အရ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ဖို့ အားထုတ်လာချိန်မှာပင်  မက်ကွန်းနယ် အပါအ၀င် ကွန်ဂရက် ခေါင်းဆောင်များက ခေါင်းဆောင် ဖြစ်သူ ဟွန်ဆန်ကို လူသိရှင်ကြား တင်းတင်းမာမာ ဆက်ဆံခဲ့ကြပါတယ်။ အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းက သမိုင်းတွင်ခဲ့တဲ့  အမေရိကန်-ဗီယက်နမ် မူဝါဒကို ပုံဖေါ်ရာမှာ အဓိက နေရာက ပါဝင်ခဲ့ပါတယ်။

အလားတူပဲ ၂၀၁၄ မှာ ထိုင်းနိုင်ငံ တွင် အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးကတည်းက အမေရိကန် အစိုးရ အနေနဲ့ ထိုင်းနိုင်ငံ ကို ပြင်းပြင်းထန်ထန် ဆက်ဆံသွားဖို့ ကွန်ဂရက် က တွန်းအားပေးနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်လည်က အထက်လွှတ်တော်အမတ် ဘင်ဂျမင် ကာဒင်က ဖီလစ်ပိုင်သမ္မတ ဒူတာတေး ရဲ့ မူးယစ်ဆေးဝါး စစ်ပွဲကြီးကို "လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု" နဲ့ နှိုင်းယှဉ် ပြောကြားသွားခဲ့ပါတယ်။ ၎င်းအပါအ၀င် အခြား အထက်လွှတ်တော်အမတ်များကလည်း လုံခြုံရေးဆိုင်ရာ အကူအညီများ ပေးနေမှုကို ကန့်သတ် သွားခြင်း ခံရမယ်လို့ သတိပေးနေပါတယ်။

လက်ရှိ အရှေ့တောင်အာရှ နဲ့ ပါတ်သက်ပြီး ဒေါ်နယ်ထရန့်လက်ထက်မှာ ကွန်ဂရက်ရဲ့ အခန်းကဏ္ဍ က ဘယ်လို ဖြစ်လာမလဲလို့ သုံးသပ်လာခဲ့ကြပါတယ်။ လက်ရှိ အမေရိကန် အစိုးရရဲ့ လူ့အခွင့်အရေး ကိစ္စများအပေါ် စိတ်ပါဝင်စားမရှိမှုကြောင့် အိမ်ဖြူတော်အနေနဲ့ အာဏာရှင်များ ကော ဒီမိုကရေစီ တခြမ်းပဲ့ နိုင်ငံ အစိုးရ များဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အပါအ၀င် အခြားနိုင်ငံများနဲ့  ဆက်ဆံရေးမှာ အဆိုပါ ကိစ္စကို ရှေ့တန်းတင်လာဖို့ မရှိဖူးလို့ ကောက်ချက်ချခဲ့ကြပါတယ်။

မြန်မာပြည်တွင်းရှိ လူ့အခွင့်အရေး ကိစ္စများအပေါ်မှာလည်း စိတ်ဝင်စားမှု မပြသခဲ့တာကြောင့် အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို လူ့အခွင့်အရေး ချိုးဖေါက်မှုများ အကြီးအကျယ် ပြုလုပ်နေသည်ဟု စွပ်စွဲနေကြသော်လည်း လေ့ကျင်မှု သင်တန်းတွေ တိုးတက် ပြုလုပ်သွားဖွယ် ရှိနေပါတယ်။

ဒီအတွက် အရှေ့တောင်အာရှ ရှိ အာဏာရှင် အစိုးရများက ၎င်းတို့နဲ့ အမေရိကန် ဆက်ဆံရေးမှာ လူ့အခွင့်အရေး ကိစ္စတွေ အသာ ဘေးချိတ်ပြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးမှာ အလုပ်ဖြစ်အောင် ချည်းကပ်လိမ့်မယ် ဒါမှမဟုတ်လည်း သူတို့ကို လုံးဝ လျစ်လျု ရှုထားကြလိမ့်မယ်လို့  မျှော်လင့်လာနေကြပါတယ်။ ဒီအတွက် ဟွန်ဆန် နဲ့ ဒူတာတေးက ရွေးကောက်ပွဲ မတိုင်မီကတည်းက ဒေါ်နယ် ထရန့် သမ္မတ ဖြစ်လာဖို့အရေး အတော်ကို စိတ်အားထက်သန်ခဲ့ကြပါတယ်။

မကြာမီက ကမ္ဘောဒီးယား ခေါင်းဆောင် ဟွန်ဆန် မှ ဒေါ်နယ်ထရန့်က အမေရိကန် သတင်းစာများအပေါ် တင်းတင်းမာမာ ဆက်ဆံနေခြင်းသည် ၎င်းမှ ပြည်တွင်းရှိ သတင်းထောက်များနဲ့ မီဒီယာ များအပေါ် ပြုမူနေမှုများနဲ့ အဘယ်သို့များ ကွာခြားနေပါသနည်း၊ အမေရိကန် အစိုးရ က သတင်းထောက်များအပေါ် ယခုလို ဆက်ဆံနေခြင်းကျတော့ အိုကေ ပြီး မိမိတို့မှ အလားတူ ဆက်ဆံပါက အာဏာရှင်ဟု စွပ်စွဲခဲ့ကြရသနည်းဟု  မေးခွန်းထုတ်လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာအစိုးရပင် ဒေါ်နယ် ထရန့်လို "Fake news" များဟု သတင်းထောက်များအပေါ် ခေါ်ဝေါ် ဆက်ဆံခဲ့မှုကို အတုယူ ပြုလုပ်လာနေကြောင်း မိမိတို့ သတိထားမိသည်ဟု သြစတေးသျှ သတင်းဌာန ဖြစ်တဲ့ ABC က ဆိုလာပါတယ်။ ရခိုင်ပြည်နယ် အတွင်း စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုပ်မှုများအပေါ် အလားတူ ကင်ပွန်းတပ်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီလိုအနေအထားတွေမှာ ကွန်ဂရက် ခေါင်းဆောင်များ အနေနဲ့ အရှေ့တောင်အာရှ မူဝါဒနဲ့ ပါတ်သက်ပြီး ဆက်လက်ပြီး အဓိက အခန်းမှ ပါဝင်ကြအုန်းမည်လော ဆိုတဲ့ မေးခွန်း ဖြစ်ပေါ်လာခဲ့ပါတယ်။ ကွန်ဂရက် ခေါင်းဆောင်များက သမ္မတ က သူတို့ပါတီ မှ ဖြစ်နေရင်တောင် လက်ရှောင်နေလေ့ မရှိခဲ့ပါတာ တွေ့ရပါတယ်။ သို့သော်လည်း အိမ်ဖြူတော်က လူ့အခွင့်အရေး ကိစ္စများအပေါ် အဆင့်နိမ့်ချ လာခဲ့မှုများ ရှိနေတာကြောင့် ယခင်ကထက် ပိုပြီး ရှုတ်ထွေးလာနိုင်စရာတော့ ရှိနေပါတယ်။  အမေရိကန် ရဲ့ နှစ်စဉ် ထုတ်ပြန်နေကျ နိုင်ငံများရဲ့ လူ့အခွင့်အရေး မှတ်တမ်း အစီရင်ခံစာကိုပင် ယခင်ကကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး ရဲ့ နိဒါန်း ပါမလာတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ ထရန့်အစိုးရ က တောင်တရုတ် ပင်လယ်က လွဲပြီး အခြားဒေသ များကို အိုဘာမားလောက် စိတ်ဝင်စားမှု မပြသခဲ့တာ တွေ့နေရပါတယ်။ ဒီလို ကြားထဲမှ လစ်ဟာနေတဲ့ နေရာကို ကွန်ဂရက် ခေါင်းဆောင်များကို နိုင်ငံခြားရေး မူဝါဒမှာ  ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာဖို့ ဖွင့်ပေးထားသလို ဖြစ်လာပါတယ်။ ရီပါတ်ဘလီကင်ကော ဒီမိုကရက် အမတ်များကပါ အရှေ့တောင်အာရှတွင် လူ့အခွင့်အရေး ကိစ္စကို ဦးစားပေးပြီး အမေရိကန်သြဇာ ဆက်လက် သက်ရောက်နေနိုင်ရေး ကို အခိုင်အမာ ထောက်ခံလျက် ရှိနေပါတယ်။

ဒီနေရာမှာ အဓိက စမ်းသပ်ခံ ဖြစ်လာနေတာကတော့ ဖိလစ်ပိုင် နဲ့ ကမ္ဘောဒီယားအရေးများပဲ ဖြစ်ပါတယ်။ ဒူတာတေးက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုပြီး ဆက်လက် တလွဲတွေ ပြုလုပ်နေရင် ကာဒင် နဲ့ သူရဲ့ ရီပါတ်ဘလီကင် လုပ်ဖေါ်ကိုင်ဖက် အမတ်များက လုံခြုံရေးဆိုင်ရာ အကူအညီများပေးနေမှုကို ကန့်သတ်မှုတွေ ပြုလုပ်လာလေမလား၊ သို့သော်လည်း လက်ရှိ မူးယစ်ဆေးဝါး စစ်ပွဲကြီးမှာ ရဲအဖွဲ့ကို သုံးနေသော်လည်း ဒူတာတေးက နောက်ပိုင်းမှာ စစ်တပ်ကို ဆွဲသွင်းလာရင် ဒီကိစ္စက အကြီးအကျယ် ရိုက်ခတ်လာမှာ မလွဲ ဖြစ်ပါတယ်။

ကမ္ဘောဒီယား ခေါင်းဆောင်က သူရဲ့ လုပ်ရပ် နဲ့ ထရန် ရဲ့ ပြုလုပ်နေမှုများကို အတူတူ ဟု နှိုင်းယှဉ် ပြောဆိုလာနေချိန်မှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပိုမိုဆိုဝါးလာခဲ့တဲ့ ၎င်းရဲ့ လူ့အခွင့်အရေး ချိုးဖေါက်နေမှုများကို ကွန်ဂရက် ခေါင်းဆောင်တွေ ဆက်လက်ပြီး မီးမောင်းထိုပြ မလားဆိုတာတွေ ဖြစ်ပါတော့တယ်။

(ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန် အထက်လွှတ်တော် လူများစု ခေါင်းဆောင် မစ်ခ်ျ မက်ကွန်နယ် ၏ လယ်တောခြံ တွင် တွေ့ရစဉ်)

ကိုးကား ။  ။ What Happens to Congressional Southeast Asia Policy Under a New U.S. Administration? written by Joshua Kurtantzick for Council on Foreign Relations (CFR)

HSW

No comments:

Post a Comment