Latest News

Thursday, March 16, 2017

မြိတ်ကျွန်းစု ရေပြင်အတွင်း ငါးခိုးဖမ်းသည့် ဝါလတ်ရေယာဉ် ၂ စီး ဖမ်းဆီးမိ

မြိတ်ကျွန်းစု ရေပြင်အတွင်း ငါးခိုးဖမ်းသည့် ဝါလတ်ရေယာဉ် ၂ စီး ဖမ်းဆီးမိ


မြိတ်ကျွန်းစုရေပြင်မှာ တရားမ၀င်ငါးခိုးဖမ်းတဲ့ စည်းကမ်းပျက် ဝါလတ် ၂ စီးကို မတ် ၁၅ ရက်က တပ်မတော်ရေတပ်က ဖမ်းဆီးလိုက်ပါတယ်။


ကျွန်းစုမြို့နယ်၊ ဒုန်းကျွန်းအနောက် ကမ်းနီးရေပြင်မှာ ကမ်းဝေးဝါလတ် ၂ စီး ဝင်ရောက်ဖမ်းဆီး နေတယ်လို့ ဒေသခံများ သတင်းပေးပို့ချက်အရ ကမ်းဝေးငါးဖမ်း ဝါးလတ်လှေတွေ ဖြစ်တဲ့ အောင်မိုးသိန်း (၇၂) လှေပိုင်ရှင် ကွက်သစ်နေသူ ဦးဝင်းမြင့်နဲ့ သီတာရေလုပ်ငန်းကုမ္ပဏီပိုင် အောင်ချမ်းသာ (၁) လှေ ၂ စီးတို့ဟာ ကမ်းနီးရေပြင်မှာ ဝင်ရောက်ငါးခိုးဖမ်းနေတာကို တွေ့ရှိခဲ့တာပါ။


အဆိုပါ ကမ်းဝေးငါးဖမ်းဝါးလတ်လှေ ၂ စီးဟာ မြိတ်မြို့မှာ အဖွဲ့စုံနဲ့ စစ်ဆေးမှုခံယူပြီး ခွင့်ပြုငါးဖမ်းကွက်အတွင်း ငါးဖမ်းဆီးဖို့ ပင်လယ်ပြင်ကို ထွက်ခွာလာတဲ့လှေတွေ ဖြစ်တယ်လို့ သိရပါတယ်။

ကမ်းနီး ငါးခိုးဖမ်းတဲ့ လှေ ၂ စီးကို အရေးယူနိုင်ရန်အတွက် တပ်မတော်ရေမှ မြိတ် ငါးဦးစီးဌာနကို မတ် ၁၆ ရက် ညနေပိုင်းမှာ လွှဲပြောင်းထားပြီး ရုံးချုပ်ကို တင်ပြထားတယ်လို့ မြိတ်ငါးဦးစီးဌာနက သိရပါတယ်။

DVB

No comments:

Post a Comment