Latest News

Monday, March 6, 2017

တောင်သမန်ကျေးရွာတွင် အိမ်အကူမိန်းကလေး ညှဉ်းပန်းနှိပ်စက်ခံရ မှု လူ့အခွင့်အရေးကော်မရှင်စစ်ဆေးမည်

တောင်သမန်ကျေးရွာတွင် အိမ်အကူမိန်းကလေး ညှဉ်းပန်းနှိပ်စက်ခံရ

မှု လူ့အခွင့်အရေးကော်မရှင်စစ်ဆေးမည်



မန္တလေးခရိုင် အမရပူရ မြို့နယ် တောင်သမန်ကျေးရွာရှိ စက်ချုပ်ဆိုင်ပိုင်ရှင် သွားဆရာဝန် နှင့် ဇနီးဖြစ်သူက အိမ်အကူမိန်း ကလေးကို ညှဉ်းပန်းနှိပ်စက်မှု နှင့်ပတ်သက်၍ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က သွား ရောက်စစ်ဆေးမည်ဟု ကော်မ ရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

 ‘‘သူတို့ဆီက တိုင်စာမ ရောက်ဘူး။ ဒါပေမဲ့ တိုင်တိုင်၊ မ တိုင်တိုင် သွားစစ်တော့မယ်’’ဟု ဦးယုလွင်အောင်ကပြောသည်။

ယင်းကော်မရှင်မှ ခေတ္တညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ အဖွဲ့ဝင်သုံးဦးဖြင့် မတ်လ ၈ရက်တွင် စတင်စစ်ဆေးမည်ဖြစ် သည်။

 ‘‘နေရာအစုံစစ်ဆေးမယ်။ ရှုထောင့်ပေါင်းစုံကနေ စစ်ဆေး မယ်။ နေရာအတိအကျတော့ ပြောမရဘူး။ စစ်ဆေးရင်းပေါ်လာ တဲ့ နေရာစစ်ဆေးမှာပါ။ ကာယ ကံရှင်ကို စစ်မယ်။ ပြီးရင် ညှဉ်း ပန်းနှိပ်စက်တဲ့သူစစ်မယ်။ မျက် မြင်သက်သေအကုန်ပေါ့။ အစဆွဲ ထုတ် ထွက်တဲ့အစ အကုန်လိုက် ရမှာပေါ့’’ဟု ဦးယုလွင်အောင်က ပြောသည်။

သွားရောက်စစ်ဆေးပြီး ရရှိသည့်အချက်အလက်များအပေါ် မူတည်၍ ‘‘တွေ့ရှိချက်ကတော့ အခြေအနေကြည့်မယ်လေ။ အတိုင်းအတာ သိပ်မြင့်တယ်ဆိုရင်တော့ သမ္မတရုံးတင်မှာပေါ့။  သာမန်အားဖြင့်ဆိုရင်တော့ ပြည်ထဲရေးပို့မှာပေါ့’’ဟု ၎င်းကပြောသည်။

အဆိုပါ လင်မယားနှစ်ဦး သည် အိမ်အကူမိန်းကလေးကို လက်သီးဖြင့်ထိုးခြင်း၊ ၀ိုင်ယာကြိုးဖြင့်ရိုက်ခြင်း၊ ဆံပင်ဆွဲကာ နံရံဖြင့်ပစ်တိုက်ခြင်းများ ပြုလုပ်ခဲ့သည့်ဟူသော စွပ်စွဲချက်များဖြင့် အမရပူရမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၂၅၊ ၃၂၆ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးကပြောသည်။



7Day News Journal

No comments:

Post a Comment