Latest News

Saturday, March 4, 2017

တော်ဝင်မိသားစုကို အသရေဖျက်မှုဖြင့် ထိုင်းဘုရင်၏ လက်ထောက်တစ်ဦးအား ထောင်ဒဏ်ချမှတ်

တော်ဝင်မိသားစုကို အသရေဖျက်မှုဖြင့် ထိုင်းဘုရင်၏ လက်ထောက်တစ်ဦးအား ထောင်ဒဏ်ချမှတ်


ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း၏ အကြီးတန်းလက်ထောက်တစ်ဦးကို ယခုအခါ တော်ဝင်မိသားစုအပေါ် အသရေပျက်စေမှုအပါအ၀င် အခြားစွဲချက်များဖြင့် ထောင်ဒဏ် ငါးနှစ်ခွဲ ချမှတ်လိုက်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းအမှုကို ပြီးခဲ့သည့် မတ်လ ၂ ရက်က ထိုင်းစစ်ခုံရုံးက ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။ ယင်းမတိုင်ခင်က ယခု ထောင်ဒဏ်ချမှတ်ခံခဲ့ရသော ချစ်တ်ပေါင် သောင်ကွမ်းမှာ ထိုင်းဘုရင့်နန်းတော်တွင် နန်းတွင်းအမှုထမ်းအဖွဲ့ ဒုတိယအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေခဲ့ပြီးမှ တော်ဝင်မိသားစုကို ဂုဏ်သိက္ခာပျက်ပြားထိခိုက်စေမှုဖြင့် ထုတ်ပယ်ခံလိုက်ရခြင်း ဖြစ်သည်။

ယင်းနိုင်ငံတွင် ဘုရင်မိသားစုအပေါ် ဝေဖန်ပြစ်တင်စော်ကားမှုများကို တင်းကျပ်စွာ ကိုင်တွယ်အရေးယူနေလျက်ရှိပြီး တော်ဝင်မိသားစုအပေါ် ထိခိုက်စေမှုများရှိလာပါက အရေးယူနိုင်သည့် ဥပဒေများ ရှိနေလျက်ရှိသည်။

ယခု ဖြစ်စဉ်တွင် သောက်ကွမ်းမှာ တော်ဝင်မိသားစု စော်ကားမှု ဥပဒေကို ချိုးဖောက်မှုအပြင် ဆေးဘက်ဆိုင်ရာနှင့် ကော်စမတ်တစ်ဆိုင်ရာ ဥပဒေများကိုပါ ချိုးဖောက်ခဲသည်ဟု စွဲဆိုခံခဲ့ရသည်ဟုလည်း သိရသည်။

" ထောင်ဒဏ်ကျခံရမယ့် ကာလကတော့ လေးနှစ်နဲ့ ၁၈ လဖြစ်ပါတယ်" ဟု အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိပေ။


Mizzima - News in Burmese

No comments:

Post a Comment