Latest News

Saturday, March 4, 2017

ရန်ကုန်မြို့ယာဉ်ကြောကျပ်တည်းမှုနှင့် လျှပ်စစ်မီးကိစ္စအဓိကထားပြီး ပြန်လည်ဖွံ့ဖြိုးလာအောင် ရန်ကုန်တိုင်းအစိုးရက လုပ်ဆောင်မည်

ရန်ကုန်မြို့ယာဉ်ကြောကျပ်တည်းမှုနှင့် လျှပ်စစ်မီးကိစ္စအဓိကထားပြီး ပြန်လည်ဖွံ့ဖြိုးလာအောင် ရန်ကုန်တိုင်းအစိုးရက လုပ်ဆောင်မည်

မြန်မာပြည်၏ အဓိကမြို့တော်ရန်ကုန်သည် စစ်အစိုးရလက်ထက်တလျှော
က်လုံး အပစ်ပယ်ခံရန်ကုန် ဖြစ်နေခဲ့သည်။ လူမှုတော်လှန်ရေးများစွာ ဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်ကို အသေအကျေနှိပ်စက်ပြီး ပစ်ထားခဲ့ကာ အဓိကရုံးများ၊ အလုပ်များကို နေရာရွှေ့ပြောင်းသွားခဲ့သည်။ ဒီမိုကရေစီတော်လှန်ရေး၏ အမြုတေနေရာလည်းဖြစ်သော ရန်ကုန်မြို့တော်ကို ယခုအခါ ဒီမိုကရေစီအစိုးရလက်ထက်တွင် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အစိုးရအဖွဲ့ တနှစ်ပြည့် မိန့်ခွန်းတွင် ပြောကြားသွားပါသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သစ် သက်တမ်းတနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများအား ပြည်သူများသို့တင်ပြရာတွင် ရန်ကုန်မြို့သူ မြို့သားများ၏ အဓိက အခက်အခဲဖြစ်သည့် ယာဉ် ကြောကျပ်တည်းမှုနှင့် လျှပ်စစ်မီးအခက်အခဲများကို ဖြေရှင်းသွားမည့် အစီအစဉ်များကို ပြောကြားသွားသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တင်ပြရာတွင် ပြည်သူလူထုအတွက် အဓိက အခက်အခဲ များဖြစ်သည့် ယာဉ်ကြောကျပ်တည်းမှု၊ လျှပ်စစ်မီးရှုပ်ထွေးနေသည့် Service ၀ါယာကြိုးများကိစ္စ၊ ရေကြီးရေလျှံမှုမဖြစ်ပေါ်ရေး၊ ကွန်တိန်နာ (ကုန်သေတ္တာ)ယာဉ်များ၊ ညဘက်ထွက်နိုင်ရေး၊ လမ်းဘေးဈေးသည်များ စနစ်တကျဖြစ်ရေး၊ မထသဖျက်သိမ်းပြီး YBS  စနစ်နှင့် ဘတ်စ်ကားများ ပြေးဆွဲရေး၊ လယ်ယာကဏ္ဍ၊ ခရီးသွားလုပ်ငန်း၊ အိမ်ရာစီမံကိန်းသစ်၊ အထူးစီးပွားရေးဇုန်၊ ရှေးဟောင်း အဆောက် အဦထိန်းသိမ်းစောင့်ရှောက်ရေးစသည်တို့ကို မည်သို့မည် ပုံဆောင်ရွက်နေကြောင်းများကို ပြောကြား သွားသည်။

ရန်ကုန်မြို့လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာရန်နှင့် နောက်ဖေးလမ်းကြားမှာ ရေကြီးရေလျှံ မှုမဖြစ်စေရန် ရန်ကုန်တိုင်းဒေသကြီး၏ အထူးစီမံကိန်းအဖြစ် ကျပ် ၃၂ ဘီလီယံသုံးစွဲခဲ့ကြောင်း သိရသည်။ ရန်ကုန် လှိုင်မြစ်နှင့် ဧရာဝတီမြစ်အတွင်း ရေကြီးရေလျှံမဖြစ်စေရန် ဘဏ္ဍာ ငွေ ၈ ဘီလီယံလောက် လျာထားကြောင်းလည်း သိရသည်။

ယာဉ်ကြောကျပ်တည်းမှုမှာ လမ်းမပေါ်တက်ပြီး ဈေးရောင်းနေကြသည့်ကိစ္စလည်း အခက်အခဲတခုဖြစ်၍ ယခုအခါ လမ်းမပေါ် ဈေးမရောင်းရရန် ဈေးရောင်းသူများအား Smart ကတ်နှင့် နေရာတကျ ဆောင်ရွက် ပေးခဲ့ပြီးဖြစ်သည်။ ဤသို့ဆောင်ရွက်ရာတွင် ရေ၊ မီး၊ အိမ်သာက အစ သန့်ရှင်းသပ်ယပ်စွာ တည်ဆောက် ပေးခဲ့ကြောင်းလည်း သိရသည်။ ကုန်သေတ္တာယာဉ် (ကွန်တိန်နာ)များကြောင့်လည်း ယာဉ်ကြောကျပ်တည်းမှုဖြစ်လာ၍ ကွန်တိန်နာယာဉ်များ ညဘက်မှာသာ ထွက်ရှိရေးဆောင်ရွက်ပေးခဲ့သည်။ ရန်ကုန်မြို့သည် ရေထွက်ပေါက်ဝင်ပေါက်ရှိသည့် မြို့ဖြစ်၍ ရေလမ်းကို အဓိကထား အသုံးပြုကြလျှင် စရိတ်စကလည်း သက်သာယာဉ်ကြောကျပ်တည်းမှုလည်း လျော့ပါးသွားမည်ဖြစ်သည်ဟု တင်ပြထားသည်။

မြန်မာပြည်သို့ ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရာတွင် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကဖြစ်သည်။ လျှပ်စစ်တွင် ကဏ္ဍ ၃ ရပ်ရှိသည်။ ထုတ်လုပ်မှု၊ သွယ်တန်းမှု၊ ဖြန့်ဖြူးမှုအပိုင်းများ ဖြစ်သည်။ ယခုအခါ ရှုပ်ထွေး နေသည့်အခါ ၀ါယာကြိုးဟောင်းများကို စနစ်တကျဖြစ်အောင် အသစ်လဲလှယ်ဆောင်ရွက်ခဲ့သည်။ လျှပ်စစ်အတွက် အထောက်အကူပြုရန် LPG စွမ်းအင်ကဏ္ဍအတွက် LPG မီးဖိုများ အသုံးချနိုင်ရေး၊ အိမ်တိုင်းဓာတ်ငွေ့ဂက်စ်မီးဖိုသုံးနိုင်ရေးလည်း ဆောင်ရွက်သွားမည်ဟု သိရသည်။

ရန်ကုန်မြို့မှာ ရှေးဟောင်း အဆောက်အဦပေါင်း ၂၀၀ ကျော်လောက်ရှိရာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရသည့် အတွင်းဝန်ရုံးကိုလည်း ရှေးဟောင်းအမွေအနှစ်အတိုင်း ပြန်လည်ထိန်းသိမ်းရန် တိုင်းဒေသကြီးအစိုးရဘက်က ကြီးကြပ်ကွပ်ကဲဆောင်ရွက်နေကြောင်း သိရသည်။

NW
News Watch

No comments:

Post a Comment