Latest News

Saturday, March 18, 2017

ခွဲစိတ်ပြုပြင်ဖို့ ပြင်ဆင်နေတဲ့ နန်းသီရီမောင်

ခွဲစိတ်ပြုပြင်ဖို့ ပြင်ဆင်နေတဲ့ နန်းသီရီမောင်

ဆရာဝန်နဲ့ သေချာ တိုင်ပင်နေတယ်လို့ သိရပါတယ်။

အလန်းစားဓာတ်ပုံများကြောင့် ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် နန်းသီရိမောင်ကတော့ အလှအပနဲ့ ပတ်သက်ပြီး ခွဲစိတ်ပြုပြင်မှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။  အဲ့ဒီအတွက်ကိုလည်း ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်နေတယ်လို့ သိရပါတယ်။ ရှမ်းတိုင်းရင်းသူလေး နန်းသီရိမောင်ကတော့ ခွဲစိတ်ပြုပြင်မှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ဘာမှ ကွယ်ဝှက်စရာမရှိတဲ့အတွက် ထုတ်ပြောပြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

''နန်းနန်း လှဖို့အတွက် လုပ်တာပဲ ရုပ်ဆိုး အောင်ခွဲစိပ်ပြုပြင်တာမှ မဟုတ်တာ နောက်ပြီးနန်းနန်းတို့က အနုပညာသမားဖြစ်တဲ့ အတွက် လှပနေဖို့ လိုအပ်တယ် ။ တချို့ကပြောတယ် မလုပ်နဲ့ ဆိုးကျိုးရှိတယ်။ အသက်ကြီးရင်မကောင်းဘူး တဲ့ ဒါပေမဲ့နန်းအတွက် လိုအပ်ရင်ခွဲစိပ်မယ် ဆရာဝန်နဲ့သေချာတိုင်ပင်ပါတယ် ။ ဆိုးကျိုးကိုတော့ သေချာဂရုစိုက်ရမှာပေါ့။လိုအပ်တဲ့ အပိုင်းပဲ ပြင်မှာပါ ပင်ကိုယ်ရုပ်ထက် အလွန် အကျွံဖြစ် သွားတာမျိုး လည်းမပြင်ပါဘူး။"လို့ သူမက ဆိုပါတယ်။

သူမရိုက်ကူးတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး လက်ခံတဲ့ ပရိသတ်တွေရှိသလို ဝေဖန်တဲ့ ပရိသတ်တွေရှိပေမယ့် သူမကတော့ အနုပညာတစ်ခုကို ဖော်ကြူးတာဖြစ်တဲ့အတွက် အနုပညာအမြင်နဲ့ပဲ ကြည့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ နန်းသီရီမောင်ဟာ "အချစ်ကဘာလည်း" တစ်ကိုယ်တော်အခွေထွက်ရှိထားသူ တစ်ယောက်ဖြစ်ပြီး နောက်ပိုင်းမှာ ခန္ဓာကိုယ်အလှကို ဖော်ကြူးတဲ့ ဓာတ်ပုံများနဲ့  ပရိသတ်အားပေးမှု ရရှိလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။Duwun

No comments:

Post a Comment