Latest News

Saturday, March 18, 2017

မြန်မာနိုင်ငံသို့ ဒူတာတေး မနက်ဖြန်ရောက်မည်

မြန်မာနိုင်ငံသို့ ဒူတာတေး မနက်ဖြန်ရောက်မည်


ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေး အနေဖြင့် မနက်ဖြန်(တနင်္ဂနွေနေ့) တွင် ၎င်း၏ ပထမဆုံး မြန်မာပြည်ခရီးစဉ် အနေဖြင့် လာရောက်ရန်ရှိကြောင်း  ဖိလစ်ပိုင်သတင်းဌာန Philstar တွင် ဖော်ပြချက်အရ သိရသည်။

ဒူတာတေး၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်နှင့်တွေ့ဆုံပြီး ဖိလစ်ပိုင်-မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုခိုင်မာစေရေး ကိစ္စရပ်ကိုများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

“သမ္မတဒူတာတေး မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်မှာထူးခြား မယ့်ကိစ္စရပ်တွေ ရှိတယ်။ အထူးသဖြင့် ဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြင့်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု တည်ဆောက်ရေး လုပ်ဆောင်ရေးကိစ္စများ ဆွေးနွေးဖို့ရှိတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ် အဲလက်စ်ချွိုင်း (Alex Chua)က ပြောသည်။

အဆိုပါ တရားဝင်ခရီးစဉ်သည် မတ်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိဖြစ်ပြီး ၎င်းခရီးစဉ်သည် ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံ တို့အကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်သည့် နှစ် ၆၀ ပြည့် အခမ်းအနားနှင့် တိုက်ဆိုင်နေကြောင်း သံအမတ်ကြီးကဆိုသည်။
စိုင်းဟန်/The Ladies News

No comments:

Post a Comment