Latest News

Sunday, March 26, 2017

အင်ဂျင်နီယာ ဘွဲ့ ရကျောင်းသားများအလုပ်အကိုင်ရရိုရေးအစိုးရအဖွဲ့ ပံ့ ပိုးမည်

အင်ဂျင်နီယာ ဘွဲ့ ရကျောင်းသားများအလုပ်အကိုင်ရရိုရေးအစိုးရအဖွဲ့ ပံ ပိုးမည်

Photo  လက်တွေစမ်းသပ်မှုတစ်ခုကို ပြိုင်ပွဲဝင်နေသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းက
နည်းပညာကောလိပ်ကျောင်းသား/သူများကိုတွေ့ ရစဉ်

အလုပ်အကိုင် အခက်အခဲဖြစ်နေသည့် အင်ဂျင်နီယာ ဘွဲ့ ရကျောင်းသားများကိုအစိုးရအဖွဲ့ က တတ်နိုင်သည့်  ပံ ပို့းကူညီမှုများ ဆောင်၇ွက်ပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ် စွမ်းအင် စက်မှု လက်မှုလမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကပြောသည်။

အင်ဂျင်နီယာ ဘွဲ့ ရပြီးအလုပ်မရတဲ့ ကလေးတွေအတွက် စဉ်စားထားတယ်အသေးစိတ်ကတော့ ပြောလို့ မရသေးဘူး ကျွန်တော်တို့  ညှိနှိုင်းတိုင်းပင်ပြီးတော့ ဆက်ပြီးတော့ စနစ်တကျ ဆောင်ရွက်မယ် လို့  ၄င်းကပြောသည်။

ယင်းကဲ့ သို့ ဆောင်ရွက်နိုင်ရေးအတွက် ပုသိမ်နည်းပညာ ကောလိပ်ကျောင်းသားများနှင့်တွေ့ ဆုံကာအင်ဂျှင်နီယာကျောင်းသား၏ အလုပ်အကိုင်အခွင့်လမ်းများ အခက်အခဲများကို မေးမြန်းဆွေးနွေးမှုများလည်းလုပ်နေကြောင်း လည်း ဦးဝင်းဌေးကပြောသည်။

လတ်တလောတွင် အလုပ်အကိုင်ရှားပါးမှုများစွာရှိနေပြီး အင်ဂျင်နီယာဘွဲရကျောင်းရကျောင်းသားများသည် ဘွဲရသော်လည်း အလုပ်အကိုင်ရရှိမှုမှာ ခက်ခဲနေဆဲ ဖြစ်သည်ဟု အင်ဂျင်နီယာကျောင်းသားများကပြောသည်။

"ကျွန်တော်တို့ ကတော့ ကျွန်တော်တို့ နဲ့ သက်ဆိုင်တဲ့  အလုပ်အကိုင်လေးတွေ ရရှိချင်တယ် ဒါပေမဲ့ဒီနေ့ အချိန်အထိတော့ အင်ဂှင်နီယာ ဘွဲ့ ရပီး ဆီဆိုင်မှာ လုပ်နေရတာတဲ့ ပုံစံမျိုးပဲလုပ်နေရတယ်အလုပ်အကိုင် အခက်အခဲဖြစ်နေတာကများပါတယ်.." လို့ ဟင်္သတာ နည်းပညာကောလိမ်က ကျောင်းသားတစ်ဦးကပြောသည်။

လတ်တစ်လော အစိုးရအဖွဲ့ ကတော့ အင်ဂျင်နီယာ ကျောင်းသားများအနေနှင့် အလုပ်အကိုင် အခွင့်လမ်းများအတွက် အင်ဂျင်နီယာကောင်စီ နှင့်လည်းချိတ်ဆက်ထားဖို့ လို ပြီး အစိုးရကဘယ်ကာလ ဘယ်လိုအခြေနေမှာမည်သည့်ပုံစံနှင့်အင်ဂျင်နီယာကျောင်းသားများအလုပ်အကိုင်အခွင့်လမ်းအတွက်ဆောင်ရွက်မည့်အခြေနေကိုတော့ ထုတ်ပြန်ပေးခြင်းမရှိသေးပေ.။

မျိုးမင်းပိုင်

No comments:

Post a Comment