Latest News

Thursday, March 30, 2017

တစ်နှစ်ပြည့်တော့မယ့်အချိန်ရဲ့တိုးတက်မှုများ (၃)

တစ်နှစ်ပြည့်တော့မယ့်အချိန်ရဲ့တိုးတက်မှုများ (၃)

ကျွန်တော်တို့အရင်ပိုစ်တခုမှာတိုင်းပြည်ဆင်းရဲမွဲတေမှုနဲ့ ပက်သက်ပြီး ကိုယ့်နိုင်ငံကံမကောင်းကြောင်းတမျိုးရေးခဲ့ဖူးတယ်။ အခုခေတ်ကာလမှာ ဆင်းရဲတဲ့နိုင်ငံဖွံဖြိုးတိုးတက်ဖို့ ပြည်ပနိုင်ငံများရဲ့အကူညီလိုအပ်ပါတယ်။ ဒီအကူညီက ကျွန်တော်တို့နားလည်ထားတဲ့မေတ္တာစေတနာကိစ္စလည်းမဟုတ် ၊ ပုံမှန်နားလည်ထားတဲ့ကူညီမှုလည်းမဟုတ်ဘူး ၊ ဂလိုဘယ်လ်လိုက်ဇေးရှင်းခေတ်မှာအရင်းနှီးပေးတယ် ၊ နည်းပညာ ပေးတယ်၊ ထုတ်နိုင်တဲ့ပစ္စည်းအားလုံးပြန်ဝယ်တဲ့ကူညီမှုကို ဆိုလိုတာ။ သူ့အကျိုးစီးပွားရောကိုယ့်အကျိုးစီးပွားပါ ၂ ဘက်လုံး ရစေတယ်။ လွန်ခဲ့တဲ့နှစ် လေးငါးဆယ်မှာ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံအုပ်စုကနေ ပေးနိုင်တဲ့အတွက် သူတို့ရဲ့ဒီကူညီမှု ရခဲ့တဲ့နိုင်ငံတော်တော်များမျာဖွံဖြိုးခဲ့တယ်။ ကျွန်တော်တို့ဆီမှာ နိုင်ငံရေးကြောင့်ဒီလိုကူညီမှုမျိုးမရခဲ့ဘူး။ ၂၀၀၀ ခုနှစ်နောက်ပိုင်း အထူးသဖြင့် တရုတ်လက်ရှိသမ္မတအာဏာရတဲ့နောက်ပိုင်း ဒီလိုအလားတူကူညီမှု(သို့) စီးပွားဆွဲတင်အားကြီးမားလာတယ်။ သမ္မတဟောင်းဦးသိန်းစိန်တက်လာတာနဲ့ တရုတ်ကိုဝေးဝေး နေပြချင်တယ်၊ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို မမြင်ချင်ယောင် ဆောင်ထားတယ် ။ ဒီတခေါက်အခွင့်အရေးကတော့ ကိုယ့်ရှေ့မှာ နီးနီးနားနားဖြစ်နေတာတောင် မယူချင်ကြဘူး။ ဒါကျွန်တော်တို့နိုင်ငံ ကံဆိုးတာလို့ ယူဆခဲ့တယ်။ အခု အင်န်လ်ဒီအစိုးရအာဏာရ တနှစ်ပြည့်ပြန်ကြည့်ရရင် ဖွံဖြိုးပြီးသားအနောက်နိုင်ငံအုပ်စုလဲ ဆက်ဆံရေးကောင်ေးအာင်လုပ်ဆောင်ခဲ့တယ် ၊ ဆန်ရှင် မရှိတော့တဲ့အပြင် လူသားချင်းစာနာစိတ်နဲ့ ဈေးကွက်အားသာချက် ပေးခံရတယ် ။ တဖက်ကအင်အားကြီးအသစ်ဖြစ်တဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကိုလည်းဦးသိန်းစိန်အစိုးရမက အရင်စစ်အစိုးရ ထက်တောင် ဆက်ဆံရေးပိုမိုကောင်းမွန်ခဲ့တယ်။ အရင်မဖြစ်ခဲ့ဘူးတဲ့ တရုတ်ဘဏ်ရဲ့အားပေးမှု (အရင်တုန်းက နိုင်ငံရေးပေါ်လစီ ကြောင့်မဟုတ်ပဲ ကျွန်တော်တို့ဆီ လာတဲ့ တရုတ်ကုမ္ဗဏီများကို ငွေကြေးချေးပေးဖို့ဘဏ်ကနေပိတ်ထားတယ် ၊ သူတို့ဘဏ်ရဲ့ အားမပေးတဲ့နိုင်ငံစာရင်းထဲမှာ မြန်မာက ထိပ်ဆုံးဖြစ်ခဲ့တယ် ) တရုတ်ဗဟိုအစိုးရအဓိကလုပ်ဆောင်နေတဲ့ One road one belt စီမံကိန်းမှာ မြန်မာကိုအဓိကထား ဆောင်ရွက်စေခဲ့တယ်။ အရင်လိုစွန့်စားရင်းနှီးမြုပ်နှံမှု ဆောင်ရွက်သလို မဟုတ်ပဲ သာမန်ရင်းနှီးမြုပ်နှံမှုပြောင်းစေခဲ့တယ်။ အထူးသဖြင့်ဒီငြိမ်းချမ်းရေးကိစ္စမှာ တရုတ်အစိုးရကလေးလေး နက်နက်ပါဝင်ညှိနှိုင်းပေးတာမျိုးလည်းအရင်အစိုးရတွေ လက်ထက်မှာ မတွေ့ခဲ့ဘူး။ ဒီလိုအင်အားစုကြီး ၂ ဘက်စလုံးကို အဆင်ပြေအောင်ဆက်ဆံနိုင်တာက နိုင်ငံရဲ့ကံကြမ္မာပြောင်းလဲလိမ့် မယ်လို့ယုံကြည်ပါတယ်။

ဒီနေ့လူထုခေါင်းဆောင်ရဲ့ရှင်းလင်းချက်ထဲမှာ အားလုံးနီးပါး ထောက်ခံပါတယ်။ ဘယ်လောက်ပဲအခက်ခဲရှိရှိ ၊ ဘယ်လောက်ပဲ အထင်လွဲခံခဲ့ရပါစေ ၊ ကိုယ်တစိုက်မက်မက်စေတနာကောင်းနဲ့ ဆောင်ရွက်နေတဲ့ကိစ္စကို ပြတ်ပြတ်သားသားပဲဆက်လက် ဆောင်၇ွက်ရမှာပဲ။ ဒါပေမယ့်နိုင်ငံဘဏ္ဍာကို ပြည်သူအကျိုးရှိအောင် ဆောင်ရွက်နေတဲ့ရည်ရွယ်ချက်ဆိုတာကို အကြီးအကဲပိုင်းက ကြိုးစားပေမယ့် အောက်ခြေလုပ်ဆောင်နိုင်တာက ပညာအရည်ချင်းနဲ့ ပညာရှင်အသိုင်းဝိုင်းပတ်ဝန်းကျင်နဲ့ သက်ဆိုင်ပါတယ်။ အစိုးရကြောင့်မဟုတ်ပဲ ဒီပတ်ဝန်းကျင် အသိုင်းဝိုင်းကြောင့်ပိုအရေးကြီးတယ်လို့ ယူဆတဲ့အတွက် ဒီကိစ္စ အမှားလုပ်ခဲ့ပေမယ့် အစိုးရပေါ်အပြစ်မတင်စေချင်ဘူး ။ ဥပမာ- အမှိုက်ကနေလျှပ်စစ်ထုတ်တဲ့စက်ရုံ ၊ မီဒီယာအားလုံးနီးပါးက အကောင်းလို့သတ်မှတ်တယ် ၊ လူထုဘက်ကလည်း အားလုံးနီးပါးက သဘောကျတယ် ၊ ဆက်လက်တည်ဆောက် သွားမယ့်ရည်ရွယ်ချက်လည်း ရှိသေးတယ်။ ဒါပေမယ့် စီးပွားရေးမျက်စိနဲ့ပြန်ကြည့်လိုက်တဲ့အချိန် finicial cost နဲ့တွက်လိုက်တဲ့အချိန် အံ့သြမိတယ်။ ဒေါ်လာ ၈ သန်းကျော် မြို့တော်စည်ပင်က အကုန်ကျခံပြီး ဂျပန်ရဲ့နည်းပညာနဲ့ တည်ဆောက်ထားတဲ့ ဒီ ၃၀၀ ကီလိုဝပ် ထုတ်ပေးနိုင်တဲ့စက်ရုံက လျှပ်စစ်ဖြန့်ချီရေးအပိုင်းအဆင်ပြေပြီး တနှစ်လျှင် နာ၇ီ ၆၀၀၀ လည်ပတ်ပြီးလျှပ်စစ်ထုတ်ရောင်းနိုင်ခဲ့ရင်တောင် ကုန်ကျစရိတ်အားလုံးရဲ့တစိတ်တပိုင်းဖြစ်တဲ့ ဘဏ်တိုးနှုန်းတခုတည်းတွက်မယ်ဆိုရင်တောင် (ကိုယ့်နို်င်ငံဘက်ကထည့်တဲ့ငွေကြေးကြောင့် ကိုယ့်နိုင်ငံရဲ့ ဘဏ်တိုးနှုန်းနဲ့ထည့်တွက်ရင်) တယူနစ်မှာ ကျပ်၇၂၀ ကျော်နေပြီ ။ အဆိပ်မထွက်နိုင်အောင် အပူချိန် ၈၀၀ ဒီဂရီ ထိန်းနိုင်ဖို့ ကုန်ရမယ့် လောင်စာဆီနဲ့ အခြားကုန်ကျစရိတ်ပေါင်းရင် တယူနစ် ၈၀၀ ကျော်ဖို့ကအသေချာပြောရဲတယ် ။ လျှပ်စစ်ထုတ်တဲ့အပိုင်းကတော့ မကိုက်တာသေချာပြီ ၊ အမှိုက်သိမ်းတဲ့အပိုင်းလည်း မကိုက်နိုင်ဘူးလို့ထင်ပါတယ်။ တချိန်တုန်းကအမှိုက်ကောက်သမား အုပ်စုက ဒီအမှိုက်ရဖို့ လေလံတောင်လိုက်ပြိုင်သေးတယ် ၊ ဒီအမှိုက်ကလွယ်လွယ်လေးအလကားရတာမဟုတ်ပါ ။ ဂျပန်မို့လို့ အဆိပ်ထုတ်နေတယ် ၊ ပတ်ဝန်းကျင်ညစ်ညမ်းနိုင်တယ်လို့ ဝေဖန်သူမရှိပေမယ့် သူတို့ပညာရှင်ပြန်သွားပြီး ကိုယ့်ဆီကသူတွေ ကိုင်တွယ်တဲ့အချိန်ကျတော့ ဘယ်လိုလာမလဲမသိပါဘူး ။ (စက်ပစ္စည်းဈေးနှုန်းက ကနေဒါထုတ်တဲ့စက်ကိုဝယ်သုံးမယ်ဆိုရင် ၄ သန်းတောင်ကုန်စရာမလိုဘူး) ။ အမှန်အမှားမကြည့်ပဲ စဉ်ဆက်မပြတ်ဖွံဖြိုးရေး ၊ ဇီဝလောင်စာနည်းပညာ ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသဖြင့် လွှမ်းမိုးနေတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြောင့် အစိုးရက ဘဏ္ဍာငွေကို သက်ရောက်မှုမရှိတဲ့အမှားလုပ်ခဲ့တာတောင် အားလုံးချီးမွမ်း နေတာမျိုးက တကယ်ပြုပြင်ရမယ့်ကိစ္စပါ ။ လူထုရော အစိုးရရော အားလုံးဝိုင်းပြီးပြင်မှတိုးတက်နိုင်ပါမယ်။ အစိုးရကိုအကြံပေးတဲ့ ဝေဖန်မှုကိုထောက်ခံပါတယ်။ အခြားအကြောင်းအရာနဲ့ဝေဖန်ပြီး နိုင်ငံရေးအမြတ်ထုတ်တာမျိုးကတော့ မလုပ်သင့်ဘူးလို့ယူဆတယ်။
နည်းစနစ်ကျကျအတွေးအခေါ်

No comments:

Post a Comment